(23) လေဆိပ်ထဲကဓါတ်ပုံတွေ

1.4K 200 7
                                    

Unicode

(23) လေဆိပ်ထဲကဓါတ်ပုံတွေ

ချိုးချန်က ရုတ်တရက်ကြီး ပိုင်လန်ရဲ့တင်ပါးဖောင်းဖောင်းကို ရိုက်ချလိုက်တယ် "ဟိုဘက်လှည့်၊ နောက်ကျောကို လိမ်းရဦးမယ်"

ပိုင်လန်က ကြောင်တောင်တောင်ဖြစ်နေဆဲပါပဲ။ ပြီးတော့မှ တဖြည်းဖြည်းချင်း လှိမ့်လိုက်တယ်။ စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီး ခဏနေမှ ပိုင်လန့်နှုတ်ခမ်းတွေက ပွင့်လာတယ် "ဖုန်းပိတ်ထားတာက အမှန်က တကယ်တော့....."

ဒါပေမယ့် ပြီးအောင်မပြောရသေးဘူး၊ ချိုးချန်က သူ့ခါးကို ခပ်ကြမ်းကြမ်းဆွဲညှစ်ပစ်လိုက်တယ်။

"မှားပြန်ပြီ!" ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းပြီးပြောတယ် "အခုချိန်မှာ မင်းဖြေရမှာ နှစ်မျိုးပဲရှိတယ် ... နံပါတ်(၁) 'အိုကေ. တွဲကြစို့' ၊ နံပါတ်(၂) 'စိတ်ပျက်လိုက်တာ.. ပိုက်ဆံတွေထားခဲ့ပြီးထွက်သွား' ၊ ကဲပြော.. နှစ်မျိုးတည်းက ဘာကိုရွေးမှာလဲ?"

ပိုင်လန်က တိတ်ဆိတ်နေတယ်။

ဒီမေးခွန်းက ရုတ်တရက်ကြီး ချောင်ပိတ်မေးသလို တဲ့တိုးဆန်လွန်းတယ်။ ပြီးတော့ မဖြေမနေရမေးခွန်းတွေလို ယောင်ဝါးဝါးလုပ်တာကိုလည်း လက်မခံဘူး။

ချိုးချန်က အနားကိုကပ်လာပြီး ခြိမ်းခြောက်တဲ့အငွေ့အသက်တွေနဲ့ ပိုင်လန့်နားရွက်တွေကို လျက်လိုက်တယ်။

"တစ်ခါပဲ ဖြေခွင့်ရှိမယ်လို့ သတိပေးရဦးမလား၊ ရွေးတာမှားရင် နောက်တစ်ခါအခွင့်အရေးမရဘူး"

ပိုင်လန်က ချိုးချန်မျက်ဝန်းတွေကိုကြည့်နေရင်း သတိပေးခေါင်းလောင်းသံတွေပါ ကြားလိုက်ရသလိုပဲ။ သူ အားကိုးရာမဲ့သာ ရယ်လိုက်ချင်တော့တယ်။

ခင်ဗျားက ကျွန်တော့်ကို ဒီလိုရွေးစေချင်မှတော့ ကျွန်တော်က တစ်ခြားတစ်မျိုးဖြေလို့ရပါတော့မလား?

အတွေးထဲနစ်နေတဲ့ပိုင်လန်က သူ့ကိုယ်သူ တိတ်တိတ်လေးဝန်ခံမိတယ်၊ သူတို့အတူနေတဲ့အတောတွင်း သူ့နှလုံးသားလေး လှုပ်ရှားခဲ့မိတာကိုလေ။

ဖြစ်နိုင်တာက ပြန်လည်မွေးဖွားလာပြီးနောက်သူ့နေ့ရက်တွေက တအားအထီးကျန်လွန်းလို့ ဖြစ်ပါလိမ့်မယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now