(17) တော်ဝင်ဝတ်စုံ

1.4K 206 13
                                    

(17) တော်ဝင်ဝတ်စုံ

ခရီးစဉ်ရဲ့ (၁၀)နာရီကြာပျံသန်းမှုအပြီးမှာတော့ ပိုင်လန်ရဲ့တိုက်ခန်းကို ချိုးချန်တစ်ယောက် ပြန်ရောက်လာတဲ့အချိန်က မနက်(၃)နာရီတောင်ကျော်နေပြီ။

သူက ခရီးစဉ်တစ်လျှောက်လုံးမှာ ဒေါသတွေကို ထိန်းချုပ်နေခဲ့ရတာကြောင့် အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ချိုးရှောင်ဟိုင်အခန်းထဲကို တိတ်တဆိတ်ဝင်လာခဲ့တယ်။ သူ့သားမျက်နှာလေးကိုတော့ အရင်ဆုံးမြင်ရမှဖြစ်မှာလေ။ ဒါပေမယ့် ကုတင်ပေါ်မှာ ဘယ်သူမှရှိမနေဘူးလို့ မထင်ထားလိုက်မိဘူး။ ချိုးချန်က ကြောင်သွားပြီးမှ ပင်မအိပ်ခန်းရှိရာကို ချက်ချင်းပြန်လှည့်လာတယ်။

သူထင်တာ မမှားပါဘူး။ ချိုးချန်က ချက်ချင်းပဲ ပင်မအိပ်ခန်းရဲ့ ကြီးမားတဲ့အပြာရင့်ရောင်အိပ်ရာကြီးပေါ်မှာ လူအကြီးတစ်ယောက်နဲ့ လူအသေးတစ်ယောက်ကို ရှာတွေ့သွားတယ်။

အိပ်ရာရဲ့တစ်ဖက်ခြမ်းမှာ ပိုင်လန်က မျက်မှောင်အနည်းငယ်ကျုံ့ပြီး အိပ်ပျော်နေတယ်။ သူ့ကျောဘက်မှာတော့ ချိုးရှောင်ဟိုင်က ကပ်နေပြီး ခြေလက်တွေနဲ့ ရေဘဝဲတစ်ကောင်လို ကုတ်တွယ်ထားလေတယ်။ သူ့မျက်နှာသေးသေးလေးက ပိုင်လန့်ကျောကုန်းမှာ တင်းတင်းကျပ်ကျပ်ဖိကပ်ထားပြီး နှစ်ယောက်စလုံးက ပူးကပ်နေတာမှ ချိုးရှောင်ဟိုင်ရဲ့ သွားရည်တွေတောင် ပိုင်လန့်ကျောပေါ်အကွက်လိုက်လေ။ မြင်ကွင်းက ချိုးရှောင်ဟိုင်တစ်ယောက် ဖက်လုံးအကြီးကြီးကို ဖက်ထားတဲ့အတိုင်းပါပဲ၊ ဖက်လုံးက ကြီးလွန်းတော့ သူ့ခြေထောက်တွေတောင် ပြည့်ပြည့်ဝဝ မခွနိုင်တော့ပါဘူး။ ဒါပေမယ့် နှစ်ယောက်သားက စိတ်ချလက်ချ အိပ်ပျော်နေလိုက်တာ ငြိမ်းချမ်းနေတာပါပဲ။

လရဲ့အေးမြတဲ့အလင်းရောင်အောက်မှာ ချိုးချန်က အေးချမ်းလှတဲ့ သည်မြင်ကွင်းကို ကြည့်ရှုနေတယ်။ သူ့နှလုံးသားထဲက ဒေါသတွေနဲ့ ခြောက်ခြားမှုတွေတောင် အနည်းငယ်လျော့ပါးသွားသလိုပါပဲ။ ကိစ္စတွေကို ရေဆုံးမြေဆုံးထိလိုက်ပြီး အောက်ခြေထိဖော်ထုတ်ဖို့လား.... သူ့အတွက်တော့ သူ့ရှေ့ကနှစ်ယောက် ကောင်းကောင်းအိပ်ပျော်နေတာကလွဲလို့ ကျန်တာဘာမှအရေးမကြီးတော့ပါဘူး။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now