(28) ကင်မရာ ရှေ့နှင့်နောက်ကွယ်တွင်

1.3K 179 5
                                    

(28) ကင်မရာ ရှေ့နှင့်နောက်ကွယ်တွင်

လပေါင်းများစွာကြာပြီးမှ နောက်တစ်ကြိမ်ခန်းကျန့်နဲ့ပြန်တွေ့ရတဲ့အချိန်မှာ ပိုင်လန်က အရင်ကလို ရွံရှာစက်ဆုပ်မှုတွေကို မခံစားရတော့ဘူး။ ရှင်းရှင်းပြောရရင် အခုချိန်မှာ သူဘာမှမခံစားရတော့ဘူး။ ပျော်ရွှင်မှုတွေရော ဝမ်းနည်းမှုတွေရော ဘာဆိုဘာမှမရှိတော့ဘူး။ သူ့မျက်စိရှေ့လူက လုံးဝသူစိမ်းတစ်ယောက်လိုဖြစ်သွားခဲ့တယ်။

အခုချိန်မှာအခြေအနေတွေက စီစဉ်ထားတဲ့အတိုင်းတိုးတက်လာတာကို ပိုင်လန်ကကျေနပ်နေသင့်တာ။ အရင် ခန်းကျန့်ရိုက်ဖို့ ပိုင်လန်နောက်ကွယ်က'ထောက်ခံ'ပေးလိုက်တဲ့ဇာတ်ကားကလည်း နှစ်သစ်ကူးမှာ ကောလဟလတွေနဲ့တောမီးလောင်နေခဲ့တယ်။

ထုတ်လုပ်ရေးတစ်ခုလုံးကလည်းရပ်ဆိုင်းသွားပြီး လူတစ်ဝက်လောက်က ရဲစခန်းမှာစစ်ဆေးမေးမြန်းခံလိုက်ရတယ်။ ဇာတ်ဆောင်မင်းသားဝူရှန်အန်းတောင်မှ ဆေးသုံးစွဲတယ်လို့ထင်ရတာကြောင့် သုံးရက်လောက်အချုပ်ခံလိုက်ရလေတယ်။ ဒါကြောင့်ပဲ သက်ဆိုင်သူတွေက သေချာပေါက်ထုတ်လွှင့်ခွင့်မပေးနိုင်ဘူးလို့ အရေးဆိုကြပြီး ဇာတ်ကားတစ်ကားလုံး ဖျက်သိမ်းလိုက်ရတယ်။

ဒါက ဝူရှန်အန်းနဲ့ခန်းကျန့်အပေါ်မှာ ပိုင်လန်ဆင်ထားတဲ့ထောင်ချောက်ပဲ။ အစပျိုးနေတဲ့နှစ်ယောက်သားရဲ့ကျော်ကြားမှုတွေကလည်း တမဟုတ်ချင်း ပြန်ပြုတ်ကျသွားတယ်။ သူတို့က မူးယစ်ဆေးနဲ့ပတ်သက်တာကြောင့်လည်း အလုပ်မရှိဘဲ လပေါင်းများစွာနေခဲ့ရလေတယ်။ ဒါက သိပ်ကိုပြင်းထန်လွန်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် ပိုင်လန်ကတော့ ဒီသတင်းတွေကိုကြားတဲ့အချိန်မှာ ပျော်ရွှင်ဖို့အချိန် များများစားစားတောင်မရှိပါဘူး။ သူက အလုပ်တွေလည်းအချိန်ပြည့်လုပ်နေရသေးတယ် ပြီးတော့ ချိုးမိသားစုသားအဖကိုလည်း ဂရုစိုက်နေရသေးတယ်လေ။

အခုချိန်မှာတော့ ခန်းကျန့်တစ်ယောက် ဒီနေရာမှာရပ်နေနိုင်တာကိုကြည့်ခြင်းအားဖြင့် စစ်ဆေးမှုကလွတ်မြောက်လာပြီလို့ ပြောလို့ရတယ်။ ဒါတင်မကသေးဘူး မူးယစ်ဆေးဝါးအဖြစ်အပျက်ကို ပရိသတ်တွေမေ့မသွားခင်မှာတောင် တီဗွီအစီအစဉ်မှာ ခန်းကျန့်ပါဝင်နိုင်တယ်ဆိုတာက နောက်ကွယ်မှာထောက်ပံ့သူရှိနေတယ်လို့ သဘောသက်ရောက်နေတယ်မဟုတ်လား။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now