(19) နှစ်ဟောင်းကုန်ဧည့်ခံပွဲ

1.3K 207 8
                                    

(19) နှစ်ဟောင်းကုန်ဧည့်ခံပွဲ

လာမယ့်နေ့ရက်တွေမှတော့ ပိုင်လန်က သူ့အချိန်တစ်ဝက်လောက်ကို တော်ဝင်ဝတ်စုံမှာ အပ်ချုပ်ပညာသင်ယူနေရတယ်။ သင်ယူရတဲ့အချိန်အများစုကလည်း လီဖူနဲ့အတူ ဖောက်သည်တွေလက်ခံတဲ့နေရာမှာ ကူညီပေးနေရတာပါ။ ဒါပေါ့ ... သူ့ရုပ်ရည်သွင်ပြင်ကို မမှတ်မိနိုင်အောင်လည်း နည်းနည်းလေးတော့ ဖုံးကွယ်ထားရတာပေါ့။ ကံကောင်းတာက ဖောက်သည်အများစုက တယ်လီဗေးရှင်းပေါ်ကစတားတစ်ယောက် ဒီနေရာမှာ ရောက်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူးလေ။ ဒါကြောင့် သူတို့က ပိုင်လန့်ကိုမြင်တာတောင် ပိုင်လန်နဲ့တူလိုက်တာဆိုပြီးပဲ မှတ်ချက်ပြုကြပြီး နောက်ထပ်ဘာမှဆက်မတွေးကြတော့ဘူး။

ဒီအချိန်မှာ 'ရွှေနှင့်ကျောက်စိမ်းတို့အလွန်' ရဲ့ အဓိကအမျိုးသမီးဇာတ်ကောင်နဲ့ အခြားသရုပ်ဆောင်တွေကိုလည်း ရွေးချယ်ပြီးသွားပြီ။

ဖန်းဟွာပြောသလိုပါပဲ.. ရုပ်ရှင်က ဘတ်ဂျတ်သိပ်မသုံးတော့ ဇာတ်ကောင်တွေကလည်း သာမန်ရုပ်ရှင်မင်းသား မင်းသမီးတွေပဲ။

အမျိုးသမီးဇာတ်လိုက်နေရာမှာသရုပ်ဆောင်မယ့် မင်းသမီးက ရှန်းအိုက်ရူ လို့ခေါ်တယ်။ ဇာတ်ပို့မင်းသားနေရာကတော့ လော်ဖန်းပါ။ ဒီနာမည်တွေက ပိုင်လန်ရင်းနှီးနေတဲ့နာမည်တွေ မဟုတ်ဘူး။ သူက ဗီလိန်နေရာမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင်ဟောင်းကြီးတစ်ဦးကိုပဲ သိပြီး ထိုသူကလည်း နောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာမှ ရွှေအဆင့်အကောင်းဆုံးဇာတ်ပို့ဆု ရရှိမှာ။ ဒီလို လူသိနည်းတဲ့သရုပ်ဆောင်တွေအပြင် ပိုင်လန့်လို ရုပ်ရှင်အတွေ့အကြုံမရှိတဲ့ ဇာတ်လမ်းတွဲမင်းသားနဲ့ပါပေါင်းလိုက်တော့ ရုပ်ရှင်က ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေရဲ့ အရဲစွန့်အိပ်မက်လို့ ရုပ်ရှင်လောကထဲကလူတွေက ပြောကြလေတယ်။ ရင်းနှီးမြှပ်နှံသူကလည်း ဒါရိုက်တာနဲ့ သူ့သူငယ်ချင်း အထည်အလိပ်ကုမ်ပဏီသူဌေး ဖြစ်နေတာကိုး။

ဒီလိုပြောကြပေမယ့်လည်း ပိုင်လန်ကတော့ ကျူခွန်းတစ်ယောက် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ သူငယ်ချင်းဖြစ်သူရဲ့ပိုက်ဆံတွေကို အလဟဿဖြုန်းတီးပစ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါတွေက နောက်တစ်လအကြာ ရိုက်ကွင်းစရိုက်မယ့်အချိန်မှာ ပိုပြီးမြင်သာလာတယ်။ အခုချိန်မှာ သူလုပ်ထားရမှာက ကိုယ့်ကိုကိုယ်အကောင်းဆုံးပြင်ဆင်ထားဖို့ပါပဲ။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now