(8) မကိုင်လိုက်ရတဲ့ ဖုန်းခေါ်သံ

1.4K 208 11
                                    

Unicode

(8) မကိုင်လိုက်ရတဲ့ ဖုန်းခေါ်သံ

ရိုက်ကွင်းကနေ သူတို့အိမ်ပြန်လာတဲ့အချိန်က ည(၁၀)နာရီရှိနေပြီ။

ရိုက်ကူးချိန်က နဂိုစီစဉ်ထားတဲ့အချိန်နဲ့စာရင် အများကြီးပိုနောက်ကျသွားပေမယ့် ရလဒ်က ကျေနပ်စရာဆိုတော့ အကုန်လုံးက ပင်ပန်းတယ်မထင်တော့ဘူး။

ဟုန်ဟုန်က သူ့အနားအရောက် ကားနဲ့လာကြိုတယ် "ပစ္စည်းတွေအကုန်လုံးရွှေ့ပြီးပါပြီ၊ မနက်ဖြန် အိမ်ဟောင်းက ကျန်ခဲ့တဲ့အရာတွေအကုန်လုံး ရှင်းလိုက်ပါ့မယ်"

ဒီနေ့နေ့လည်ခင်း ပိုင်လန်အလုပ်လုပ်နေတဲ့အချိန်တုန်းက ဟုန်ဟုန်တစ်ယောက် သူ့အိမ်သော့လာတောင်းပြီး အိမ်အသစ်ဆီရွှေ့ပြောင်းရေး မဆိုင်းမတွကူညီပေးနေတယ်။

"အကုန်လုံး? ရေခဲသေတ္တာထဲက ဟာတွေတောင်လား?" ပိုင်လန်က ကားနောက်ခုံမှာ ဝင်ထိုင်လိုက်လေတယ်။

ဟုန်ဟုန်က ကားစတီယာရင်ကိုလှည့်ရင်း ဖြေပါတယ် "ဟုတ်၊ တခြားလိုအပ်တာများ ရှိသေးလား?"

"မရှိပါဘူး" ပိုင်လန်က ခဏစဉ်းစားပြီးမှ ထပ်ပြောတယ် "ဗိုက်ဆာနေပြီလား၊ ညလယ်စာ စားချင်လား"

ဒီနေ့က လက်ထောက်အသစ်ရတဲ့နေ့ဖြစ်တာကြောင့် ပိုင်လန်ဆိုတဲ့ဒီသူဌေးအသစ်လေးက တစ်ခုခုကျွေးဖို့ခေါ်သွားသင့်တယ်မလား။

ဟုန်ဟုန်တစ်ယောက် အဖြေပြန်မပေးခင် အကြာကြီးနှုတ်ဆိတ်သွားပါသေးတယ် "အင်း"

ဒါက အမှန်တကယ်လက်မခံချင်ပေးမယ့် နောက်ပိုင်းအလုပ်အတူလုပ်ရမှာကိုတွေးပြီး အောင့်သီးအောင့်သက် လက်သင့်ခံလိုက်ရပုံနဲ့တူတယ်လေ။

ပိုင်လန်က အနည်းငယ်ပြုံးလိုက်မိတယ်။ ဒါပေမယ့် သူက ဟုန်ဟုန်ကို ချိုးချန်ပေးထားတဲ့အိမ်အသစ်ဆီ ခေါ်သွားပေးဖို့ပြောလိုက်ပါတယ်။

သူတို့အိမ်ပြန်ရောက်လာတော့ နဂိုရှင်းလင်းတဲ့ ခေတ်မီဧည့်ခန်းက အခုတော့ သေတ္တာပုံးကြီးငယ်တွေနဲ့ပြည့်နေတယ်။ ကံကောင်းတာက ပိုင်လန့်တိုက်ခန်းဟောင်းက ပရိဘောတွေအစုံလိုက်နဲ့မို့သာပဲ၊ နို့မဟုတ်ရင်တော့ အဲဒိဟာတွေပါရွှေ့နေရရင် ခေါင်းအကြီးကြီးကိုက်နေတော့မှာ။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now