(32) နာမည်ကဒ်နှစ်ခု

1.3K 226 11
                                    

(32) နာမည်ကဒ်နှစ်ခု

ဒီလိုသိမ်မွေ့နက်နဲလှတဲ့စကားရဲ့အဓိပ္ဗါယ်ကို ပိုင်လန်တောင်မှ သိလိုက်မိတယ်ဆိုရင် ချိုးချန်မကြားမိဘူးဆိုတာ ဖြစ်နိုင်ချေမရှိဘူး။

ချိုးချန်က ချက်ချင်းပဲ ပိုင်လန့်လက်ကိုကောက်ကိုင်လိုက်ပြီး တစ်ဆိတ်ကိုတစ်အိတ်လုပ်ကာ အိုဗာအိုက်တင်နဲ့ ဆုပ်ကိုင်ထားလေတယ် "ဟေ့ ငါတို့ကြားထဲ ဝင်မနှောင့်ချင်စမ်းနဲ့၊ မဟုတ်လို့ကတော့ ဒီညငါ အိပ်ခန်းထဲဝင်လို့ရမှာမဟုတ်တော့ဘူး၊ မင်းတို့သူငယ်ချင်းကို သနားစမ်းပါ"

နှစ်ယောက်သားက ပြိုင်တူရယ်လိုက်ကြတယ်။ ဒါပေမယ့်လည်း စုချွမ်ရဲ့လှောင်ပြောင်လိုဟန်ရည်ရွယ်ချက်က ဟာသမဟုတ်ဘဲ အမှန်ဖြစ်ပြီး ချိုးချန်ရဲ့ချေပချက်ကလည်း သာမန်ကာလျှံကာစနောက်လိုက်တာမဟုတ်မှန်း ပိုင်လန်ကတော့ အပ်တတ်ပြောနိုင်တယ်။

ဝမ်ယွင်နဲ့လင်ကုန်းချန်တို့လည်း ဒီအခြေအနေကိုမြင်တယ်။ သူတို့က စုချွမ်ရဲ့အပြုအမူတွေကို သိပ်မအံ့သြကြဘူး၊ အဲဒိအစား ပိုင်လန့်ကိုပဲ စပ်စုချင်စိတ်တွေနဲ့ကြည့်နေကြတယ်။

ချိုးချန်ရဲ့ဆုံးမစကားကိုကြားလိုက်ရပေမယ့်လည်း စုချွမ်ကတော့ မသိလိုက်သလိုမျိုး အရေးမစိုက်ဘဲနေတယ် "ဟေ့ အမှန်တရားက အမှန်တရားပဲ၊ ငါတို့တွေအကုန်လုံးက အားကျနေကြတာ၊ မင်းက ငါတို့ကိုပြောခွင့်တောင်မပေးဘူး" သူ့စကားတွေက စည်းဘောင်ကျော်နေပေမယ့် ငယ်သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ အလွယ်တကူခွင့်လွှတ်ပေးလို့ရပါတယ်။

ချိုးချန်က စုချွမ်ကို ခပ်ပြုံးပြုံးကြည့်တယ်။ ပြီးတော့မှ လက်ချောင်းတွေနဲ့ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ပိုင်လန့်လက်ကို အပေါ်ဆွဲယူရင်း လက်ဖမိုးကို အနမ်းအကြီးကြီးပေးပါတယ်။

"အိုကေလေ၊ နောက်ပိုင်းလည်း မင်းတို့ကောင်တွေကို ဆက်ပြီးအားကျနေရစေ့မယ်"

စုချွမ်က နောက်ထပ်မကြည့်ရဲတော့သလိုမျိုး ဟန်ဆောင်ပန်ဆောင်လုပ်ရင်း အကျယ်ကြီးသက်ပြင်းချပါတယ် "ကြည့်စမ်းပါဦးကွာ အဟက် အဟက်"

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now