(11) နောက်ယောင်ခံတဲ့ကား

1.2K 168 9
                                    

(11) နောက်ယောင်ခံတဲ့ကား

"ကျွန်တော်တို့က ထရိန်နင် အတူတက်လာတာလေ၊ နှစ်ဝက်လောက် ရှိမလားပဲ" ခန်းကျန့်က ချက်ချင်းကို ရှင်းပြတယ် "အဲဒါကြောင့် ကျွန်တော်တို့ ရင်းနှီးပါတယ်"

အမှန်အတိုင်းပြောရရင်တော့ ထရိန်နင်တက်တဲ့နေ့ရက်တွေမှာ ခန်းကျန့်နဲ့ပိုင်လန်က တစ်ခါတစ်ရံ မျက်မှန်တန်းမိတဲ့ သာမန်အသိတွေလောက်ပဲ ရှိတယ်။

"ဒီလိုကိုး" ဖန်ရှန်းက ခေါင်းကိုညိမ့်လိုက်တယ် "ထရိန်နင်တွေက တကယ့်ကိုကောင်းတဲ့ အခြေခံအုတ်မြစ်ပဲ၊ အလုပ်လုပ်တဲ့အချိန်မှာတောင် သင်တန်းသားတွေအချင်းချင်းကူညီပေးကြတယ်၊ အခက်အခဲတွေဆိုလည်း အတူတူဆွေးနွေးလို့ရတယ်၊ အရမ်းကောင်းတာပဲ" သူမက ပြောလည်းပြောရင်း ပိုင်လန့်ကိုကြည့်လိုက်တယ်။

ပိုင်လန်က ပဲစိမ်းစွပ်ပြုတ်ကို ချန်သုန်လိဆီပေးလိုက်မှန်း အကုန်လုံးက မြင်ကြတယ်။ ဒါကြောင့် သူဘယ်လိုပြန်ပြောမလဲ အကုန်လုံးက နားစွင့်နေကြတာပေါ့။

မမျှော်လင့်စွာပဲ ပိုင်လန်က ခန်းကျန့်ကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ် "ဒုက္ခရှာလို့၊ ပင်ပန်းသွားပြီ၊ နောက်ဆို အဲ့လိုလုပ်ဖို့ မလိုပါဘူး" သူက ပြောပြီးတဲ့နောက်မှာ မတ်တပ်ရပ်လိုက်ပြီး ဒါရိုက်တာကျုံးကို ပြောလိုက်တယ် "နည်းနည်းနောက်ကျနေပြီ၊ နောက်တစ်ခန်းအတွက် အဝတ်လဲမလို့ ကျွန်တော့်ကို ခွင့်ပြုပါဦး "

ခန်းကျန့်က ကြက်သေသေသွားပြီး ပိုင်လန်ရဲ့အေးစက်စက်တုန့်ပြန်အမူအရာကို မယုံကြည်တဲ့မျက်ဝန်းနဲ့ စိုက်ကြည့်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က ဖုန်းထဲမှာ နွေးထွေးပြီးကြင်နာတတ်တဲ့လူက ရုတ်တရက်လုံးဝပြောင်းလဲသွားလိမ့်မယ်လို့ သူ မထင်ထားမိလိုက်ဘူး။

ဒါရိုက်တာကျုံးက ခန်းကျန့်ရဲ့ကသိကအောက်အခြေအနေကို လျစ်လျူရှုလိုက်ရင်း ပြုံးပြီးနာရီကို ငုံ့ကြည့်လိုက်တယ်။ ပြီးတော့ ပိုင်လန့်ကို ပြန်ပြောလိုက်တယ် "သွားသွား၊ နောက်တစ်ခန်းက အိမ်ပိုင်ရှင်အခန်း၊ မင်းအေးဆေးလုပ်လို့ရတယ်"

ပိုင်လန်က ခေါင်းညိမ့်ပြလိုက်တယ်။ သူက စားပွဲဝိုင်းက လူတွေကိုပါခေါင်းညိမ့်ပြလိုက်တာပေါ့.. ဒါပေါ့.. ခန်းကျန့်တော့ မပါဘူး။ ပြီးတော့ ထွက်သွားလေတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now