(24) ဘလက်ခ် ချယ်ရီ

1.2K 207 7
                                    

Unicode

(24) ဘလက်ခ် ချယ်ရီ

ပိုင်လန့်ဘေးနားရပ်နေတဲ့ချိုးချန်လည်း သူ့အကြည့်ရဲ့လားရာကို သတိပြုမိပုံပေါ်တယ်။

ဒါကြောင့် ချိုးချန်လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ တစ်ဘက်က စုချွမ်ကလည်း သူတိုနှစ်ယောက်ကို လှမ်းကြည့်လာတယ်။

စုချွမ်က ချက်ချင်းပဲ ရင်းနှီးလှတဲ့အပြုံးလေးတစ်ခုကိုပေးပါတယ်။ ချိုးချန်ကိုပြုံးပြပြီးနောက်မှာတော့ သူ့အကြည့်တွေက ပိုင်လန့်ဆီဆက်လက်ရောက်ရှိလာတာပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာလား မသိပေမယ့် ပိုင်လန့်ကိုလှမ်းကြည့်လိုက်တဲ့အခါ နှုတ်ဆက်မှုပြီးဆုံးသွားသလို သဘာဝကျကျပဲ သူ့အပြုံးတွေက မှေးမှိန်သွားလေတယ်။ ဒီအပြုအမူက ဘာမှထူးဆန်းတာမဟုတ်ဘူး၊ ဖြစ်တတ်တာပဲလေ။ ပိုင်လန်က စုချွမ်နဲ့မှမရင်းနှီးတာ။ ဒါပေမယ့် ပိုင်လန်ကတော့ သူ့ကိုယ်ပေါ်လေအေးအေးတွေဖြတ်တိုက်သွားသလို ခံစားလိုက်ရတယ်။

ဒါကြောင့် သူလည်း အကြည့်လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ ဆက်လက်လေ့လာနေလိုက်တယ်။ နောက်တစ်ခုသိသွားတာကလည်း ချိုးချန်ပြောသလို ရုန်စစ်ချီလည်း ဒီမှာရှိပုံမရဘူး။

ချိုးချန်က သူ့အနားကိုတိုးကပ်လာပြီး စနောက်ချင်တဲ့အပြုံးလေးနဲ့ ပြောလိုက်တယ် "ဘယ်တွေလျှောက်ကြည့်နေတာလဲ? စုချွမ်က အခုလေးတင် ကိုယ်တို့ကို ပြုံးပြသွားတယ်လေ"

ဒီနေ့မှာ ချိုးချန်က ရှားရှားပါးပါးအဖြစ် သားနားစွာဝတ်ဆင်လာခဲ့တယ်။ သူက မီးခိုးရောင်ရင့်ရင့်သန်းတဲ့ သုံးမျိုးတွဲဆင်တူ(ဘောင်းဘီ၊ ဝေ့စကုတ်၊ အပေါ်ကုတ်)ဝတ်စုံကို အပြည့်ဝတ်ဆင်ထားပြီး အနက်ရောင်ရှပ်အင်္ကျီ၊ ခရမ်းရင့်ရင့်လည်စီးတို့နဲ့ ပနံရနေတယ်။ ဒါပေမယ့် အလေ့အကျင့်မရှိလို့လည်း ဖြစ်နိုင်ပါတယ် ချိုးချန်ရဲ့လည်စီးက အခုချိန်မှာ ကိုယ်တိုင်ကြောင့်ရွ့ဲစောင်းနေတယ်။

"ကျွန်တော်တို့ကို မဟုတ်ပါဘူး...၊ ခင်ဗျားတစ်ယောက်တည်းပါ" ပိုင်လန်က ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ သူတို့နှစ်ယောက် တိတ်ဆိတ်တဲ့ထောင့်တစ်နေရာမှာ ရောက်နေကြောင်း အတည်ပြုပြီးတဲ့အခါမှာတော့ ချိုးချန်လည်စီးကို ကူပြီးပြင်ပေးလိုက်ရင်း အင်္ကျီကော်လံကိုပါ တည့်ပေးလိုက်တယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now