3

504 32 3
                                    

Unicode

မင်းခန့် ခေါ်လာသည့်နေရာကို မိုး ပါးစပ်အဟောင်းသားဖြင့်မျှော်ကြည့်နေမိ၏။

"ဒီနေရာကြီးမှာလား "

မယုံနိုင်တာကြောင့် မိုးသေချာအောင်ထပ်မေးခဲ့ရသည်။မင်းခန့်ကတော့ ခေါင်းတညိတ်ညိတ်ဖြင့်-

"ဟုတ်‌တယ်လေ ၉၀ရာခိုင်နူန်းသော singleတွေက ဒီနေရာမှာအချိန်လာဖြုန်းကြတာနော် "

"သေရောသေချာရဲ့လား...ဘယ်သူကများဒီလိုနေရာကြီး-"

"တော်..တော်...စကားမများနဲ့ ရည်းစားဆိုလို့တစ်ယောက်တည်းထားဖူးတဲ့သူကများ၊ငါပြောတာသာ ယုံလိုက်စမ်းပါ "

"အင်းပါကွာ "

မင်းခန့်ခေါ်လို့သာလိုက်ရသည်။မိုးအခုလိုနေရာမျိုးခြေတစ်လှမ်းတောင်မချချင်။

အဆောက်အဦးထဲသို့၀င်လိုက်ပြီဆိုသည်နှင့် သီချင်းသံများကနားထဲအုံ့ခနဲပင်။ထို့အပြင် သေချာမမြင်ရသည့် မီးရောင်စုံအောက်တွင် လူငယ်များ မြင်မကောင်းလောက်အောင် ရူးမူးပျော်ပါးနေကြပုံများ မိုး ကိုဒီနေရာကနေချက်ချင်းထွက်ပြေးချင်စိတ်ပေါက်အောင် နိူးဆွနေသလိုပင်။

လူငယ်များပါးစပ်တွင်ရေပန်းစားလေ့ရှိသည့် night clubဆိုသည့်နေရာကို မိုးကြားဖူးခဲ့ပေမဲ့ ဘယ်တော့မှမသွားချင်ခဲ့သောနေရာဖြစ်သည်။အခုတော့ မင်းခန့်စကားကိုမလွန်ဆန်နိုင်လို့သာ မသွားချင်သည့်နေရာသို့ ရောက်နေရပြီဖြစ်သည်။

ဒီနေရာမှာထပ်ပြီးအချိန်ဖြုန်းမနေဘဲ သင့်တော်တဲ့သူမြန်မြန်ရှာပြီး ထွက်ရမယ် ဟု မိုးစိတ်ထဲကြုံးဝါးထားလိုက်သည်။

မိုးနှင့်မင်းခန့်နှစ်ယောက်လုံး ကလပ်ထဲရှိ လူနည်းနည်းရှင်းသည့်နေရာတွင်နေရာယူပြီး သူတို့အစီအစဉ်အားစတင်အကောင်အထည်ဖော်တော့သည်။

ကလပ်ထဲမှာရှိသည့်လူတွေအကုန်လုံးကို မိုးနှင့်မင်းခန့်နှစ်ယောက်ခမျာ လုံခြုံရေးပမာ တစ်ယောက်ချင်းစီကိုမျက်စိတောက်ထောက်လိုက်ကြည့်ရင်းရှိနေလေသည်။

"မိုး ဟိုတစ်ယောက်ဆိုဘယ်လိုနေလဲ၊၀တ်စုံပြည့်‌နဲ့လေ ရုပ်ကလည်းတည်တည်ကြည်ကြည်လေး တခြားလူတွေနဲ့လည်း သိပ်မရောဘူး "

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Wo Geschichten leben. Entdecke jetzt