2

710 28 0
                                    

Unicode

တက္ကသိုလ် စတက်သည့်ဆယ်ကျော်သက်အရွယ်ဟုပြောရမည်။

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ကျွန်တော်နှင့်ရွယ်တူဖြစ်ကြသည့် ပထမနှစ်ကျောင်းသားများသည် တက္ကသိုလ်တက်ရမည့် ပထမဆုံးနေ့အတွေ့အကြုံအပေါ် ရင်ခုန်စိတ်လူပ်ရှားနေကြလေ၏။ထိုထဲတွင် ကျွန်တော်လည်း အပါအ၀င်ပင်ဖြစ်ပါသည်။

"တကယ်ဒီမှာဘဲတက်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့ မေမေပြောပြတဲ့ International Schoolကအဆင်ပြေတာကို "

ကားမှန်မှတစ်ဆင့် မေမေ့မျက်နှာ မကောင်းနေမှန်း ကျွန်တော်မြင်လိုက်ရသည်။

ပိုက်ဆံရှိမျိုးရိုးမြင့်ဖြစ်သည့်ကျွန်တော့်ကို နိုင်ငံခြားဘွဲ့ရစေလိုသည့် မေမေ့ရဲ့စေတနာကို နားလည်ပါသည်။ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က နိုင်ငံခြားသွားဖို့ဆန္နမရှိတာကတစ်‌ကြောင်း ယခုတက္ကသိုလ်ကလည်း ကျွန်တော် ရည်မှန်းထားသည့်တက္ကသိုလ်ဖြစ်တာ‌ကြောင့် ဒီမှာနေပြီး နည်းပညာဘွဲ့ကိုဘဲ ရအောင်ယူရန်သာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"မေမေကလည်း ကျွန်တော်ကဖြစ်ဒီနေ့ဘဲကျောင်းတက်တော့မှာကို "

"အင်းပါ အကယ်၍ ကျောင်းတက်လို့တစ်ခုခုအဆင်မပြေဘူး မပျော်တာရှိခဲ့ရင်မေ့မေ့ကိုပြောနော် "

"ဟုတ် နားလည်ပါပြီ "

တက္ကသိုလ်ကျောင်းသားဘ၀ကို ခံစားကြည့်ချင်နေပြီဖြစ်တာ‌ကြောင့် မေမေ့ကို မြန်မြန်နူတ်ဆက်ပြီး ကားပေါ်မှဆင်းကာ ကျောင်းသို့ အလျင်အမြန်ဘဲပြေး၀င်သွားခဲ့သည်။ကားထဲမှာ ကျန်ခဲ့သည့်မေမေကတော့ ကောင်းကောင်းနူတ်မဆက်ခဲ့ရကောင်းလားဟု ဆူဆဲ‌နေမှာသေချာပေမဲ့ အခုချိန်မှာ အဲ့တာတွေကို ဂရုမစိုက်အားတော့ပါ။

ကျောင်း၀င်းထဲရောက်ချိန် စိတ်လူပ်ရှားလွန်းတာကြောင့် အသက်ရူဖို့ကိုပင်မေ့လျောမိသည်အထိဖြစ်မိသည်။စွန့်စားမူ့အသစ်တွေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေသည့် ခြေလှမ်းများက ခပ်သွက်သွက်ဘဲ တက်ရမည့်အခန်းဆီသို့ ဦးတည်သွားခဲ့လေသည်။

စာသင်နှစ်ရဲ့ပထမဆုံးရက်မို့လားမသိ တက္ကသိုလ်အကြောင်းမိတ်ဆက်တာနဲ့ဘဲပြီးဆုံးသွားခဲ့သည်။ပထမဆုံးရက်မှာဘဲ သူငယ်ချင်းအသစ်တွေအများကြီးရခဲ့ပေမဲ့ စိတ်လူပ်ရှားမူ့ကထင်သလောက်မရခဲ့ပါ။ဒါပေမဲ့ သူနဲ့စမတွေ့မှီအချိန်ထိ....

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Tahanan ng mga kuwento. Tumuklas ngayon