29

229 20 0
                                    

Unicode

မိခင်သေဆုံးမူ့ကိုမျက်မြင်ကြုံတွေ့ရပြီးနောက် ရှော့ခ်ရပြီး ဆေးရုံပေါ်မှသတိရလာသည့်နှိုင်းလေးသည် ထိုနေ့မှစ လူတွေ၏မျက်နှာကိုမမှတ်မိနိုင်တော့ပါ။

လူတစ်ယောက်ကိုကြည့်လိုက်လျှင် မိခင်ဖြစ်သူ၏ကြောက်စရာကောင်းသောမျက်နှာပုံစံကိုသာ မြင်ယောင်နေတာကြောင့် နှိုင်းသည် လူတွေကို သူတို့၏ခန္ဓာကိုယ်နှင့်သာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သတ်မှတ်ပြီး ဝေခွဲနိုင်တော့သည်။

ဆေးရုံမှ ဆင်းဆင်းပြီးချင်း အမေ့အခန်းထဲက ကင်မရာကို နှိုင်းပြေးယူမိ၏။

အမေနဲ့အတူရှိချိန်ခိုက်တွင် အမေသည်နှိုင်းကိုဒီကင်မရာနှင့်မှတ်တမ်းများယူထားခဲ့သည်ကို မှတ်မိတာကြောင့် ထိုနေ့အဖြစ်အပျက်ကို သေချာသိရအောင် နှိုင်းယူထားခဲ့ခြင်းဖြစ်သည်။

မေမေ့ကိစ္စကြောင့်နဲ့ ဒီကင်မရာကိုဘယ်သူမှသတိမထားမိခဲ့ကြပုံပင်။မေမေသေဆုံးတဲ့နေ့ကအတိုင်း ပုံမပျက်ရှိနေသေးသည်။

မေမေရိုက်ကူးထားတဲ့ ဗီဒီယိုကိုကြည့်လျှင် ငယ်စဥ်က ​ကြောက်စရာကောင်းသည်ဟုထင်မှတ်ပြီး ကြောက်စိတ်​​​ကြောင့်ငိုကြွေးမိခဲ့ရာ အရွယ်တဖြည်းဖြည်းရောက်လာပြီး အသိဥာဏ်ဖြည်းဖြည်းခြင်းဖွံ့ဖြိုးလာသည်နှင့်အမျှ ဒါဟာ ကြေကွဲဖွယ် အဖြစ်အပျက်မှန်း နှိုင်းဝေခွဲတတ်လာသည်။

ထို့နေမှစ နှိုင်းသည် မိခင်ဆုံးရူံးသွားသည့်အပေါ် ပူဆွေးမနေတော့သလို၊ငိုလည်းမငိုကြွေးနေတော့ပါ။မေမေဖြစ်ချင်သည်ကလည်း နှိုင်းကိုအခုလိုပူဆွေးနေခြင်းမဟုတ်ဘဲ ပိုပြီးသန်မာစေချင်ခဲ့သည်ဟု သုံးသပ်မိသည်။

နှိုင်းသည် လူတွေကိုမုန်းလာ၏။အမြဲတမ်းလိုလို အိမ်စေတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တတ်လာပြီး အထူးသဖြင့် ဖခင်အပေါ်ကိုလည်း ရိုင်းစိုင်းဆဲဆိုတတ်လာသည်။

ထိုဆိုးရွားနေသော အခြေအနေများသည် ဒေါ်ဝင့်နေချီတို့သားအမိ နှိုင်းတို့အိမ်ပေါ်သို့ရောက်လာချိန်တွင် ပို၍ဆိုးရွားလာပါသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Tahanan ng mga kuwento. Tumuklas ngayon