43(Final part)

276 21 5
                                    

Unicode

"အဘိဓာန်မိုး....ကျွန်တော်တနေရာကိုခေါ်သွားချင်လို့ လိုက်မလား "

ပြင်သစ်ဘက်မသွားခင်အချိန်လေး အဘိဓာန်မိုးအားအရင်ကတူတူသွားခဲ့ဖူးသည့်ရွာလေးသို့ခေါ်သွားချင်ခဲ့သည်။

"အင်း လိုက်မယ် "

ဘယ်နေရာလည်းလို့တောင်မမေးသည့်အဘိဓာန်မိုးက နှိုင်းကိုအကြွင်းမဲ့ယုံကြည်နေ၏။

"ဘယ်နေရာလဲမမေးတော့ဘူးလား "

"နှိုင်းခေါ်သွားတဲ့နေရာတိုင်းက မိုးအတွက်ပျော်စရာတွေချည်းဖြစ်မယ်မှန်းသေချာလို့မမေးတော့ဘူး "

အဘိဓာန်မိုးအားအသည်းယားမိတာကြောင့် အဘိဓာန်မိုး၏ဆံပင်ထူထူလေးတွေကိုဖွာလိုက်မိတော့ အဘိဓာန်မိုးရယ်သည်။

အတူလိုက်ပို့ပေးသည့်ဦးဧကကိုအိမ်မှာပြန်နားစေခဲ့ပြီး နှိုင်းကကားမောင်းခဲ့ကာ မိုးနှင့်ကြောင်ဝါလေးကိုခေါ်တင်ပြီး နှိုင်းနှင့်မိုးစရင်းနှီးခဲ့သည့်မထိပင်ရွာသို့ဦးတည်မောင်းလာခဲ့ပါ၏။

လမ်းတွေကိုကြည့်ပြီး ဘယ်ကိုခေါ်သွားနေတာလဲဆိုတာ မိုးနည်းနည်းရိပ်မိလာသလို။ညပိုင်းမှစထွက်ခွာဖြစ်ခဲ့တာကြောင့် အချိန်တွေအများကြီးပေးပြီးမောင်းလာခဲ့ရတာ မနက်ပိုင်းမှရောက်သည်။တညလုံးမအိပ်ဘဲကားမောင်းပေးခဲ့သည့် နှိုင်းကမပင်ပန်းဘဲရှိကာ ရွာကိုထင်ထားတာထက်စောရောက်လာသည့်အတွက် ဝမ်းသာနေ၏။

"အဘိဓာန်မိုး...ကျွန်တော်တို့လမ်းလျှောက်ရတော့မယ် "

အိပ်ပျော်နေသည့်မိုးကိုလှုပ်နိုးခဲ့ပြီး နှိုင်းကဒူးထောက်ထိုင်ချလိုက်သည်။

"ဘာလုပ်တာလဲ နှိုင်း "

"ကျွန်တော် အဘိဓာန်မိုးကိုသယ်သွားပေးမယ်လေ၊အဘိဓာန်မိုးလည်းသိတဲ့အတိုင်း ဒီတောင်တက်လမ်းကကြမ်းတယ် တော်ကြာနေအဘိဓာန်မိုးတစ်ခုခုဖြစ်နေခါမှ "

"ရတယ်...နှိုင်း မိုးကိုသယ်နေရမှပိုပြီးလမ်းလျှောက်ရခက်နေမယ် "

"မခက်ပါဘူး...တက်ပါဗျာ "

နှိုင်းဘက်ကအတင်းတောင်းဆိုနေတော့ မိုးလည်းနှိုင်းကျောပေါ်သို့တက်ခဲ့ရသည်။မိုးခန္ဓာကိုယ်ကိုချီမလိုက်တဲ့နှိုင်းက မိုးကိုသယ်ထားတယ်လို့တောင်မခံစားရသည့်အလားပေါ့ပါးနေ၏။တောင်တက်လမ်းတစ်လျှောက်လုံး သဘာဝပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်ရှိနေသည့်မိုးက အတိတ်ကအကြောင်းကိုပြန်စဥ်းစားမိပြီး ပြုံးမိပါသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now