41

166 12 1
                                    

Unicode

အဘိဓာန်မိုးက နှိုင်းရဲ့ဘဝထဲမှာ မရှိတော့မှတော့ နှိုင်းရဲ့စွန့်လွှတ်မှု့တွေက ဘာအသုံးဝင်တော့မှာလဲ။

ဒါကြောင့် နှိုင်း ကိုယ်ပိုင်ဆိုင်သင့်တဲ့အရာအားလုံးကို ပြန်ပြီးအရယူဖို့ကြိုးစားပါတော့မည်။ပြီးတော့ နှိုင်းကိုလာထိမိတဲ့အတွက် ဒေါ်ဝင့်နေချီတို့သားအမိ မှားသွားပြီဖြစ်ကြောင်းကိုလည်း ပညာပြပေရအုံးမည်။

မိုးနှင့်လမ်းခွဲခဲ့ပြီးနောက် နှိုင်း ရှားဆိုသည့် ခန့်ထား၏ဇနီးလောင်းအား စကားပြောချင်ကြောင်း စားသောက်ဆိုင်တစ်နေရာသို့ချိန်းဆိုခဲ့ပါသည်။ခန့်ထားကိုလည်း ဦးစွာ စားသောက်ဆိုင်သို့ချိန်းဆိုခဲ့ပါ၏။

တွက်ချက်ထားခဲ့သလိုဘဲ ခန့်ထားကအရင်ရောက်လာလျှင် နှိုင်း ရှားမရောက်လာသေးခင်အချိန်ထိ ဆွဲထားပြီး စကားပြောဖို့​ပြင်ရသည်။

"ကျွန်တော် အဘိဓာန်မိုးနဲ့လမ်းခွဲခဲ့ပြီ "

အဘိဓာန်မိုးနှင့်လမ်းခွဲလိုက်သည့်အကြောင်းပြောပြတော့ ခန့်ထားရဲ့မျက်နှာထက်မှာ ကျေနပ်မှု့အပြည့်ပင်။

"ကောင်းတာပေါ့၊မိုးက အစကတည်းက မင်းပိုင်ကိုမပိုင်ဆိုင်ထိုက်တဲ့အရာကွ သိလား "

တိုက်တိုက်ဆိုင်ဆိုင်ပင် ရှားကအချိန်ကွက်တိရောက်ချလာပါ၏။ခန့်ထားက ကျောပေးထားတာကြောင့်ရှားဝင်လာတာကို မမြင်ခဲ့ပါ။နှိုင်းတစ်ယောက်ကတော့ ရှားဝင်လာသည်ကိုမြင်လျှင်_

"ခင်ဗျားမှာ ချစ်သူရှိနေတာဘဲ ဘာလို့အဘိဓာန်မိုးကို ကျွန်တော့်ဆီကနေ ပြန်ပြီးပိုင်ဆိုင်ချင်နေရတာလဲ "

နှိုင်းရဲ့ကျယ်လှောင်သော စကားသံကြောင့် ရှား၏ခြေလှမ်းများကလည်း ရပ်တန့်သွားပြီး ထိုနေရာမှာဘဲရပ်နေကာ နှိုင်းတို့၏စကားဝိုင်းဘက်သို့နားစွင့်ထားလေ၏။

ခန့်ထားကရယ်လျက်_

"မိုးက အစကတည်းက ငါ့ရဲ့အပိုင်ဘဲ၊ငါ့တစ်ယောက်တည်းကိုဘဲ သူရွေးချယ်သွားရမယ်၊ငါ့မှာချစ်သူရှိရှိမရှိရှိ မိုးသာ ငါ့ဆီပြန်လာမယ်ဆိုရင် ငါအရာအားလုံးကိုစွန့်လွှတ်ပစ်ပြီး မိုးကိုပြန်လက်ခံပေးမှာဘဲ "

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now