39

150 20 0
                                    

Unicode

အဘိဓာန်မိုးနှင့်သာ တစ်အိမ်တည်းအတူနေထိုင်တော့မည်ဖြစ်တာကြောင့် နှိုင်း အိမ်သို့ပစ္စည်းများပြန်ယူရန် ပြန်လာခဲ့သည်။

"သားငယ်....မနက်စာပါတစ်ခါတည်းဝင်စားသွားကွာ"

ပုံမှန်ဆိုလျှင် နှိုင်းကို အခုလိုနွေးထွေးပြူညာစွာကြိုဆိုခြင်းမရှိခဲ့ဖူးသည့် အဖေက ဒီနေ့မှာတော့ နှိုင်းကို သူ့သားတစ်ယောက်လိုဆက်ဆံလာလေပြီ။ကျင့်သားမရသေးတာကြောင့် နှိုင်းတောင် ချက်ချင်းလက်မခံမိဘဲ ကြောင်ကြည့်နေမိခဲ့၏။

"လာလေ သားလေး "

အဖေက တကယ်ကြီးနှိုင်းကိုထမင်းအတူလာစားဖို့ခေါ်နေခဲ့တာပင်။အဖေဘေးက ဒေါ်ဝင့်နေချီကို သူက ဒီအခြေအနေကိုသဘောမကျသည့်မျက်နှာထားနှင့်ရှိသည်။

"တော်ပါပြီအဖေ...ကျွန်တော် ပစ္စည်းတွေလာယူတာပါ "

"ပစ္စည်း...ဘာပစ္စည်းတွေလဲ "

"ကျွန်တော့်ရဲ့ပစ္စည်းတွေ ကျွန်တော် ဒီအိမ်ကနေခဏပြောင်းနေမလို့ "

"ဟေ...ဒီမှာဘဲဆက်နေပါလား အဖေတို့မိသားစုစုံစုံလင်လင်ပေါ့ ပြီးတော့ ဒီအိမ်ကတစ်နေ့သားငယ်ရဲ့အိမ်ဖြစ်လာမှာဘဲဟာ "

ဒီစကားက ဒေါ်ဝင့်နေချီကိုတုန်လှုပ်စေ၏။ဒါကို နှိုင်းတစ်ယောက်တည်းသာ သတိထားမိလိုက်မည်။

"အဲ့ချိန်တော့လည်း အဲ့ချိန်မှပေါ့်အဖေ၊အခုကတော့ တစ်ယောက်သောသူတွေစိတ်အေးအေးနဲ့နေပါစေအုံးဗျာ "

ဒေါ်ဝင့်နေချီကို ရွှဲ့ကာပြောမှန်း ဦးသုတလည်းရိပ်မိပါ၏။ဒါပေမဲ့ ဘာမှတော့ပြန်ကာမပြောခဲ့ဘဲ ချောင်းတစ်ချက်ဟန့်ရင်းသာ မကြားလိုက်သလိုလျစ်လျူရူထားခဲ့သည်။

ဒါက ဒေါ်ဝင့်နေချီကို ဒေါသထွက်စေသည်။အခုလိုအခြေအနေမျိုးဖြစ်အောင်ဖန်တီးပေးသည့် နှိုင်းအပေါ်ကို မကျေမချမ်းဖြစ်နေခဲ့ပါ၏။

အပေါ်ထပ်သို့တက်လာသည့် နှိုင်း အခန်းထဲသို့မဝင်မှီတွင် ဘေးအခန်းရှိ ခန့်ထား၏ဇနီးလောင်းဖြစ်သူအခန်းဆီကနေ ထူးဆန်းတာတစ်ခုကိုမြင်မိလိုက်တာကြောင့် သေချာပြန်ကြည့်မိသည်။နှိုင်းက တိတ်တိတ်လေးချောင်းကြည့်တတ်သူမဟုတ်တာမို့ အနည်းငယ်ဟနေသည့် တံခါးကိုဖွင့်ခဲ့ပြီး အခန်းထဲသို့ဝင်လိုက်ပါ၏။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now