11

259 15 0
                                    

Unicode

"မိုး...မိုး....အဘိဓာန်မိုး တံခါးဖွင့် "

အိမ်ရှေ့တံခါးမှ ဆူညံနေသည့် အော်သံကြောင့် မိုးမှာ ကောင်းကောင်းတောင် မငိုရ။

လေးတိလေးတွယ်ဖြင့်နေသောခြေလှမ်းများဖြင့် တံခါးရှိရာဆီသို့စိတ်မပါစွာလျှောက်သွားရင်း တံခါးအားဖွင့်ပေးလိုက်သည်။တွေးထားသည့်အတိုင်း မင်းခန့်ကလွဲ မည်သူမှမဟုတ်တာကြောင့် မိုးမှာ စိတ်ပျက်စွာ_

"ဘာလဲ...အော်ကြီးဟစ်ကျယ်နဲ့ "

"ငါ့ကိုပြော...မင်းဒိတ်တာ ဟို ကိုအောင်ဆိုတဲ့လူကို ဘောကွဲအောင်လုပ်လိုက်တာဆို"

"ဟုတ်တယ်လေ "

"ဘယ်လိုဖြစ်တာလဲ အဆင်မပြေရင်လည်း အဲ့လောက်ထိလုပ်စရာလိုလို့လား "

"မင်းကဘာသိလို့လည်း...မင်းအသုံးမကျလို့လေ ငါ့မှာ ရှိသမျှသိက္ခာတွေရေစုန်မြောရတာ"

"ဘာဖြစ်ခဲ့တာလဲ ငါ့ကိုအကုန်ပြောပြ "

မင်းခန့်မှာ သိချင်လွန်းတာကြောင့် ထိုင်တောင်မထိုင်နိုင်ပေ။မိုးသည် ပြောပြချင်ပေမဲ့ ထိုစကားကိုပြန်တွေးမိတိုင်း မျက်ရည်ကအလိုလိုကျလာနေမိတာကြောင့် စကားရှေ့ဆက်မရဖြစ်နေခဲ့သည်။

"မိုး...ငိုမနေနဲ့ ငါ့ကိုပြောလို့ ဘာဖြစ်ခဲ့တာလဲ "

"မင်းအဲ့ကောင်ကို ကလပ်ကတွေ့လာတာမလား "

လိုရင်းမပြောဘဲ မေးချင်တာသာမေးနေသည့်မိုးကြောင့်မင်းခန့်မှာ မနည်းစိတ်ကိုရှည်အောင်ဆွဲထားနေရသည်။

"အေ...ဟုတ်တယ် ကလပ်ကတွေ့လာတာ"

"အဲ့တာကြောင့်ပေါ့ အဲ့လိုအောက်တန်းကျတဲ့ကောင်ပါးစပ်က အောက်တန်းကျတဲ့စကားထွက်လာတာမဆန်းဘူး..."

"ဘာစကားလဲ "

"သူကလေ ငါ့ကို ဟိုဒင်းလုပ်ဖို့..."

ထိုစကားမှာ လွန်စွာတိုးလှသော်လည်း မင်းခန့်ကတော့ သေချာစူးစိုက်နားထောင်နေခဲ့တာကြောင့် ကွဲကွဲပြားပြားကိုကြားလိုက်ရသည်။

ချက်ချင်းပင် မင်းခန့်သည် ရပ်နေရာမှ အပြင်သို့ဝုန်းဆိုင်းပြေးထွက်သွားပါတော့သည်။မိုးမှာ တားချိန်ပင် မရလိုက်ပေ။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now