40

174 17 0
                                    

Unicode

နှိုင်းအား မိုးအိမ်မှာဘဲအတူလာနေတော့ဖို့တောင်းဆိုတော့ နှိုင်းကသူ့အထုတ်အပိုးများကိုပြန်ယူသည်။

နှိုင်းခဏလေးထွက်သွားရုံရှိသေးတာကို လွှမ်းစိတ်တွေကဝင်ရောက်စိုးမိုးနေချင်နေတာကြောင့် မိုးကိုယ့်စိတ်ကိုအာရုံလွှဲရန် တုံတုံလေးနှင့်အတူ ခြံထဲမှာဆော့နေခဲ့ပြီး နှိုင်းအပေါ် အကဲပိုချင်နေသည့်ကိုယ့်စိတ်ကိုအာရုံလွှဲဖို့ပြင်ရ၏။

ခြံတံခါးဘက်မော့ကြည့်ချိန်တွင် တစ်ဖက်ခြမ်းမှာ မိုးဘက်ကိုတိတ်တိတ်လေးရပ်ကြည့်နေခဲ့သည့် ကိုခန့်ထားက ဘယ်ချိန်ကတည်းကပြန်ရောက်နေခဲ့လဲမသိ။

ကိုခန့်ထားရဲနာမည်ကိုခေါ်တော့ ကိုခန့်ထားကမိုးကိုအရေးကြီးပြောစရာရှိသည်ဟုပြောခဲ့ပြီး တစ်နေရာသို့လိုက်ခဲ့ပေးဖို့တောင်းဆိုသည်။မိုးငြင်းဖို့စဥ်းစားကြည့်ပါသေးသည်။ဒါပေမဲ့ ဒါဟာကိုခန့်ထားအပေါ်ထားတဲ့မိုးရဲ့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောပြလို့ရမည့် အခွင့်အရေးဖြစ်တာကြောင့် လိုက်ခဲ့ဖို့သဘောတူခဲ့သည်။

ဆိုင်တွေအများကြီးရှိတဲ့ထဲကမှ ဘာလို့ အရင်ကလမ်းခွဲခဲ့ကြတဲ့ဆိုင်ကိုရွေးခဲ့လဲ မသိ။ဒီနေရာကိုမြင်တိုင်း ရှစ်နှစ်တာတည်ဆောက်ခဲ့ကြတဲ့ဆက်ဆံရေးကအချိန်ခဏလေးနှင့်ပျက်စီးသွားနိုင်ခဲ့တာ ဆိုသည့်အတွေးဆိုးကြီးက မိုးကိုခြောက်လှန့်လျက်ရှိနေပါသေးသည်။ဒါတွေဟာပြီးခဲ့ပါပြီဆိုသည့်စိတ်နှင့် မိုးကိုယ့်ကိုပြန်ဖြေသိမ့်ခဲ့ရသည်။

စတော်ဘယ်ရီကြိုက်တဲ့မိုးက ကိုခန့်ထားအတွက်ပါ စတော်ဘယ်ရီကိတ်ကိုမှာပေးဖြစ်ခဲ့သည်။အရင်က ကိုခန့်ထားသည်လည်း စတော်ဘယ်ရီကိတ်ကြိုက်သူတစ်ယောက်ဖြစ်ပေမဲ့ အခုမှာတော့ ထိတောင်မထိခဲ့ဘဲ ကိတ်ပန်းကန်ကိုလည်း အဝေးသို့တွန်းပို့ခဲ့ကာ_

"ရှားက စတော်ဘယ်ရီမကြိုက်တော့ ကိုယ်လည်းမစားဖြစ်တော့တာနဲ့ မကြိုက်တတ်တော့ဘူး မိုး "

မိုးအလှည့်တုန်းကဆို မိုးကအနံ့စူးစူးတွေမကြိုက်တတ်ဘူးပြောခဲ့တာတောင် ဂရုမစိုက်ခဲ့ဘဲ ရေမွှေးအနံ့စူးစူးတွေကိုသာ အမြဲစွတ်တတ်သည့်ကိုခန့်ထားက ပြောင်းလဲတတ်သေးသည်ဘဲ။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now