26🔞

485 17 0
                                    

Unicode

ဆေးသောက်ပြီးပြီဖြစ်ပေမဲ့လည်း အပူမကျသွားသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးကပိုပြီး ပူလာသလိုဖြစ်နေတာကြောင့် မိုးနေရခက်နေသည်။

အထူးသဖြင့် ခန္ဓာ၏အောက်ပိုင်းတစ်နေရာသည် ပူလွန်းအားကြီးလို့ပေါက်ကွဲတော့မလိုဖြစ်နေသည်အထိ။

"ရေ...ရေဆာလိုက်တာ "

မတရားခြောက်ကပ်နေပြီဖြစ်သည့်လည်ချောင်းကလည်း ရေကိုသာတောင့်တနေ၏။ထဖို့ပြင်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလေးလံနေသလိုဖြစ်တာကြောင့် ခက်ခဲနေသည်။

အိမ်မက်လိုလိုလက်တွေ့လိုလိုနဲ့ အသိစိတ်တွေကလည်း ကင်းမဲ့ချင်နေပြီဖြစ်၏။

ဒီလိုအခြေအနေမျိုးကို မိုးမကြိုက်ပါ။မိုး ဒီပူလောင်လွန်းတဲ့အခြေအနေကနေ ရုန်းထွက်ချင်သည်။

"ခင်ဗျား...ဘာဖြစ်လို့လဲ ဘယ်နားနေမကောင်းဖြစ်လို့လဲ "

စိုးရိမ်သံနှင့်မိုးနဖူးပြင်ပေါ်သို့ထိတွေ့လာသည့် အထိအတွေ့တစ်ခုကြောင့် ခန္ဓာကိုယ်ကပိုပြီး ပူလာသလိုခံစားရသည်။

"ပူတယ်...ပူတယ် "

ပူတယ်လို့သာ ညည်းတွားနိုင်တော့သည်အထိ။

နဖူးမှ ပါးပြင်ပေါ်သို့ ကျရောက်လာသည့် ထိုလက်တစ်စုံ။

ထိုလက်လူပ််ရှားတိုင်း ခန္ဓာကိုယ်ကထိန်းချုပ်လို့မရဖြစ်သည်အထိ ထိုအထိအတွေ့အပေါ် သာယာနေခဲ့သည်။

"ထိပေး...ထိပေး "

ပိုပြီးလိုချင်လာသလို ရှိသည့်စိတ်ကြောင့် စကားတောင်စည်းမစောင့်နိုင်တော့။

ဒါတကယ်မဟုတ်ဘူး ပုံရိပ်ယောင်တွေ၊အိမ်မက်...အိမ်မက်တစ်ခု။

တပ်မက်မူ့တွေကလွှဲ စိတ်ထဲမှာ ဗလာနတ္တိနဲ့မို့ ဒါဟာအမှန်တကယ်မဟုတ်မှန်း ကိုယ့်ကိုယ်ကို ပြောခဲ့သည်။

မိုးအနားမှာရှိနေသည့်သူက ဘယ်သူဘယ်ဝါမှန်းမိုးမသိ ၊မိုးထိုသူ့ဆီက ထိတွေ့မူ့တစ်ခုကိုလိုချင်တာသာ သိ၏။ဒါကြောင့် ထွက်သွားဖို့လုပ်နေသည့် ထိုသူလက်ကိုဆွဲလိုက်ပြီး ရမ္မက်များနှင့်ပြည့်နက်နေသည့် ဒီနှုတ်ခမ်းနှင့် အသားကုန်ဖိကပ်နမ်းထားမိပါတော့သည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now