4

465 27 2
                                    

Unicode

ဆူညံနေသော အသံသည် လူတစ်ယောက်ခြေလှမ်းချလိုက်သည်နှင့်တစ်ခဏရုတ်ခည်းတိတ်ဆိတ်သွားလေသည်။

အနက်ရောင်ဂျင်းအကျီအပွနှင့်အနက်ရောက်ဘောင်းဘီအကျပ်ကို၀တ်ထားသော သူ၏ခြေတံများသည်ရှည်လျားပြီး ကြည့်ကောင်းလွန်းလှပါ၏။လည်ပင်းမှာ သူအမြဲလွယ်နေကြဖြစ်သည့် ကင်မရာတစ်လုံးကလည်းမပါမဖြစ်ပင်ဖြစ်သည်။

ပုံမှန်night clubတွေဆို အဆောက်အဦးအတွင်း ကင်မရာယူခွင့်ပိတ်ပင်ထားကြ‌မည်မှန်ပေမဲ့ သူ မလို့ ဘယ်သူမှဘာမှမပြောကြဘဲ ကျေကျေနပ်နပ်ကြီးခွင့်ပြုပေးထားကြခြင်းဖြစ်ပေသည်။

"ရို့ ဖောက်သည်ကြီး ရောက်လာပြီဘဲ "

လက်လှမ်းပြရာ ဝိုင်းသို့ ထိုလူ ခြေလှမ်းကျယ်ကြီးများဖြင့်လျှောက်လှမ်းသွားခဲ့သည်။ထိုလူဖြတ်လျှောက်သွားတိုင်း ဘေးနားရှိအမျိုးသမီးထုကြီးများအပါအ၀င်အမျိုးသားအားလုံးပါ အကြည့်မလွဲနိုင်အောင်ပင်ရှိလေသည်။

"ဒီနေ့ကော ထပ်ရိုက်အုံးမှာလား "

ဘော်ဒါတွေရဲ့အမေးကို ခေါင်းညိမ့်ပြရင်းသာထောက်ခံခဲ့သည်။

ထိုလူထိုင်လိုက်ပြီဆိုသည်နှင့် သူ့အနားသို့ ရှိသမျှမိန်းကလေးများရောက်လာကြပြီး-

"ကိုကို ဒီနေ့နောက်ကျတယ်နော် ဘေဘီက မျှော်နေတာကို "

သူ့အားလာပွားချင်နေသည့် မိန်းကလေးကိုမျက်စောင်းဖြင့်တစ်ချက်သာ ကြည့်ပေးလိုက်သည်။မိန်းကလေးများကလည်း အလိုက်သိချက် သူမျက်စောင်းတစ်ချက်ထိုးပြလိုက်ရုံဖြင့်အကုန်ငြိမ်ကျသွားခဲ့သည်။

"ကိုကို "

ရုတ်တရက်ရောက်ချလာပြီး သူ့အား လာနမ်းသည့်မိန်းကလေး။

အဲ့လိုရုတ်တရက်အတင်းအကြပ်ဆန်မူ့တွေလောက်မုန်းတာမရှိတာကြောင့် သူ့အားလာနမ်းနေသည့် ကောင်မလေး၏ဆံပင်များကိုဆွဲဆောင့်လိုက်ပြီး အဝေးသို့နေစေလိုက်သည်။

"အာ့....ကိုကို ဆံ...ဆံပင် "

"ငါဘာပြောထားလဲ "

"ဘေဘီမှားသွားပါတယ် "

သနားစရာကောင်းသည့်မျက်၀န်းများဖြင့်စိုက်ကြည့်နေသည့် ထိုကောင်မလေးဘယ်သူဘယ်ဝါဆိုတာ သူကိုယ်တိုင်တောင်သေချာမသိပါ။စိတ်လည်းမ၀င်စားခဲ့။ဒါပေမဲ့ ကောင်မလေးက အပြစ်ပြောစရာမရှိအောင် sexy ကျလွန်းလှသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now