42

207 17 0
                                    

Unicode

အဘိဓာန်မိုးရဲ့အိမ်ကိုရောက်လာပေမဲ့ တံခါးတွေအလုံပိတ်ထားတာကိုမြင်ရတော့ နှိုင်းခြံတံခါးကိုကျော်ပြီး အဘိဓာန်မိုး၏တံခါးကို ထုကာ တံခါးလာဖွင့်ပေးလှည့်ဖို့ကျယ်လှောင်စွာအော်ဟစ်နေခဲ့သည်။

နှိုင်းရဲ့လုပ်ရပ်ကြောင့် အိမ်နီးချင်းကလူတွေတောင်ထွက်ကြည့်လာကြ၏။

"ဘာလဲ ခင်ဗျားတို့မမြင်ဖူးလို့လား "

စပ်စုနေကြသည့်လူတွေကို နည်းနည်းလေးဟောက်ပေးလိုက်တော့ သူတို့ကထပ်ပြီးမစပ်စုရဲကြတော့ဘဲ ကြောက်ကာ အိမ်ထဲသို့ပြန်ပြေးဝင်ကြသည်။ဒါပေမဲ့ ဘေးအိမ်ကလူကတော့ ချက်ချင်းပြန်မဝင်သေးခဲ့ဘဲ_

"ဆရာမိုးက အိမ်မှာမရှိဘူးသားလေး၊မနေ့ကမှ အထုတ်အပိုးတွေနဲ့ တစ်နေရာကိုသွားတယ်ထင်တယ် "

အိမ်မှာ မိုးမရှိကြောင်း နှိုင်းသိရတော့ နည်းနည်းလေးတောင်အချိန်ထပ်မဖြုန်းခဲ့ဘဲ ဆိုင်ကယ်နှင့် မင်းခန့်ရှိရာသို့ဦးတည်လှည့်လာခဲ့ပါသည်။ပြောပြပေးသည့် ဦးလေးကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြောဖို့မမေ့ခဲ့။

မင်းခန့်အိမ်ကို တစ်ခါရောက်ခဲ့ဖူးတာကြောင့် နှိုင်းရှာဖို့မခက်ခဲခဲ့ပါ။

မင်းခန့်အိမ်သို့ရောက်လျှင် ခြံတံခါးလာဖွင့်ပေးမှာကိုတောင်မစောင့်တော့ဘဲ ရင်ဘတ်လောက်သာရှိသည့်အုတ်နံရံကို အသာလေးကျော်ခွခဲ့ပြီး အိမ်ရှေ့တံခါးပေါက်ဆီသို့တန်းပြေးသွားခဲ့ကာ တံခါးအား အကြမ်းပတမ်းပြန်ထုခဲ့ပါသည်။

"ဘယ်ကောင်လဲဟ "

အိမ်ထဲမှ ထွက်လာသည့်မင်းခန့်က လက်ထဲမှာလေးဂွကိုကိုင်ထား၏။ကြည့်ရတာ နှောင့်ယှက်သူကို ပစ်မည့်ပုံပင်။ဒါပေမဲ့ မင်းခန့်အိမ်ကို လာနှောင့်ယှက်နေသူက နှိုင်းအက္ခမှန်းသိရတော့ လက်ထဲမှာကိုင်ထားသည့် ပစ္စည်းကိုအဝေးသို့ချက်ချင်းဘဲ ပြန်လွှင့်ပစ်ခဲ့ပါသည်။

"နှိုင်း...နှိုင်းအက္ခပါလား၊မတွေ့တာကြာပြီနော် "

"အဘိဓာန်မိုး ဘယ်မှာလဲ "

မင်းခန့်စကားကိုအလေးမထားခဲ့ဘဲ နှိုင်း အဘိဓာန်မိုးကိုသာ လိုက်ရှာနေမိပါသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now