14

254 18 0
                                    

Unicode

ဖုန်းမြည်သံကြောင့် ကောင်းနေသည့်အိမ်မက်ပျက်သွားခဲ့ရသည်။

"ဟယ်လို~ "

ဘယ်အချိန်ရှိပြီမှန်းမသိပေမဲ့ မင်းခန့်အိပ်ရေးမဝသေးပါ။

"မင်းခန့် ငါအခုမင်းအိမ်ရှေ့မှာ "

တုန်ရီနေသည့်မိုး၏အသံကြောင့် မင်းခန့် ဖုန်းမှတစ်ဆင့်နာရီကိုလှမ်းကြည့်မိသည်။

မနက်လေးနာရီတဲ့။ဒီအချိန်ကြီး မိုးတစ်ယောက် မင်းခန့်အိမ်ရှေ့ဘာလုပ်ဖို့ရောက်နေမှန်းမသိ။အသံနားထောင်ကြည့်ခြင်းအားဖြင့်ကောင်းသောအခြေအနေမဟုတ်နိုင်တာကြောင့် မင်းခန့် အိပ်ချင်မူးတူးဖြင့် အိမ်ရှေ့တံခါးထဖွင့်ပေးရသည်။

"မိုး...အစောကြီး "

"မင်းခန့်...မင်းခန့်....ငါ့ကိုကူညီအုံး "

တံခါးဖွင့်လိုက်သည်နှင့်မင်းခန့်၏အကျီကော်လံကိုလှမ်းဆွဲရင်း ကမူးကရှူးဖြစ်နေသည့် မိုးကြောင့်အိပ်ချင်စိတ်တောင်ဘယ်ရောက်မှန်းမသိဖြစ်သွားခဲ့ရသည်။

"ဘာ...ဘာဖြစ်လာလို့လဲ...စိတ်အေးအေးထားပါအုံး "

"ငါ့..ငါ့ရဲ့ကြောင်လေး အခုထိအိမ်ပြန်မလာသေးဘူး မင်းခန့် "

"ကျစ်...ငါကဘာများဖြစ်တာလဲလို့....ပြန်လာမှာပေါ့ ဟိုဟိုဒီဒီလျှောက်လည်နေတာနေမှာ ကြောင်ဘဲဟာ လွှတ်လွှတ်လပ်လပ်နေရတာကြိုက်ကြတာဘဲ "

"မဟုတ်ဘူး မဟုတ်ဘူး...အရင်ကဆိုရင်ကွာ ပျောက်သွားလည်း ငါခေါ်တာနဲ့တန်းပြန်လာတတ်တယ် အခုက ငါခေါ်လည်းမပေါ်လာဘူး ရပ်ကွက်ထဲလည်းလိုက်ရှာပြီးပြီ မတွေ့ဘူး၊ငါ့အထင်...တခြားလူဖမ်းသွားတာနေမယ် "

"အရမ်းမတွေးပါနဲ့ မင်း သူ့ကိုမသင်းကွပ်ရသေးဘူးမလား "

မိုးခေါင်းညိတ်ပြီး မင်းခန့်အမေးအားနားမလည်သလိုကြည့်မိသည်။

"အေ...အဲ့တာကြောင့်ပေါ့ စိတ်ချ မင်းကြောင်မပျောက်ဘူး မိန်းမသွားရှာတာ၊ကြောင်တွေကအဲ့လိုဘဲ မိန်းမလိုချင်ရင်သခင်တောင်မေ့တယ် "

"ငါ့ရဲ့တုံတုံလေးကအဲ့လိုမဟုတ်ပါဘူး သူကငါ့ကိုအရမ်းချစ်တာ "

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now