17

248 14 3
                                    

Unicode

ဒီနေ့မှာတော့ မိုးရဲ့ပထမဆုံးအကြိမ်ရွာကျောင်းမှာတာဝန်ဆင်းရမည့်အချိန်မို့ စိတ်လူပ်ရှားနေခဲ့သည်။

ကျောင်းနဲ့မိုးတို့ရှိရာအဆောင်က အနည်းငယ်ကွာဝေးတာမို့ ကျောင်းချိန်မှီရန် မိုးတို့အစောကြီးထပြီးကြိုတင်ပြင်ဆင်ထားရသည်။

"ဆရာမိုး သွားကြတော့မလား "

"ဟုတ် သွားကြမယ်လေ ဆရာမတို့ "

ကိုးနာရီမှ ကျောင်းတက်ချိန်ဆိုပေမဲ့ မိုးတို့ဆရာအဖွဲ့သည် မနက်ခုနှစ်နာရီခွဲလောက်ကတည်းကကျောင်းသို့ထွက်ခွာလာပြီဖြစ်သည်။

ကျောင်းက မိုးတို့အဆောင်နှင့်မထိပင်ရွာကြားမှာရှိတာကြောင့် လမ်းတစ်ဝက်သို့ရောက်လျှင် မိုးတို့လိုကျောင်းသို့စောစောလာသည့် ကျောင်းသားကျောင်းသူများနှင့်တွေ့​ကြုံရသည်။

ကျောင်းသားများက မိုးတို့ကိုမြင်သည်နှင့် ခါးကိုင်းကာနူတ်ဆက်ပြီး ပြေးထွက်သွားကြကုန်၏။ရွာကလေးများ၏ရိုးသားပုံကိုမြင်ရတော့ မိုးပြုံးမိပါသည်။

"ဆရာမိုး မောနေပြီလား "

"မမောပါဘူးဗျာ "

"ကျောင်းက ဝေးနေတော့ ခက်သားနော်၊ဒီရွာမှာဆိုင်ကယ်တွေဘာတွေကလည်း မရှိတော့ ပိုခက်ခဲရတယ် "

"အင်း ဒါပေမဲ့ ကျွန်တော်ကတော့ကြိုက်တယ် မနက်ခင်းစောစောလေ့ကျင့်ခန်းလုပ်ပြီးသလိုဖြစ်သွားတယ်လေ "

"ဆရာမိုးက အကောင်းမြင်စိတ်ထားတတ်လိုက်တာ ကျွန်မတို့ဆို ဆရာမိုးလိုတောင်မတွေးမိဘူး "

ဆရာမတို့၏ချီးကျူးစကားအပေါ် မိုးပြုံးရင်းသာတုံ့ပြန်ခဲ့ပါတော့သည်။

ကျောင်းရောက်တော့ ကျောင်းရှေ့မှာကြိုစောင့်နေသည့် ဆရာမုန်းမာန်အားတွေ့ခဲ့ရ၏။ဆရာမုန်းမာန်က ကျောင်းမှာလုပ်စရာရှိသည်ဆိုလို့ မိုးတို့ထပ်စော၍ထွက်လာခဲ့ခြင်းဖြစ်တာကြောင့် ကြိုတင်ရောက်နှင့်နေခြင်းဖြစ်လေသည်။

"မင်္ဂလာပါ ဆရာမုန်းမာန် "

"မင်္ဂလာပါ ဆရာမိုး "

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now