38

142 14 4
                                    

Unicode

"သားငယ်လေးရဲ့အရည်အချင်းကမဆိုးဘူးသိလား"

နှိုင်းအက္ခကြောင့် မြေကွက်စျေးတွေတက်လာသည့်အပေါ် ဦးသုတချီးကျူးနေခဲ့သည်မှာ ယခုထိပင်။

ခင်ပွန်းဖြစ်သူ၏နှိုင်းအက္ခအပေါ်ချီးကျူးမူ့ကိုနားထောင်ပြီး ဒေါ်ဝင့်နေချီမှာ ပြုံးရခက်ဖြစ်နေရ၏။

"သားကြီးကောသားငယ်လေးကပါ အားကိုးရတဲ့သူတွေဖြစ်လာတော့..ကိုယ်တို့ဘယ်လောက်ကံကောင်းလိုက်သလဲမိန်းမ "

"ဟု...ဟုတ်တယ်နော် "

ထိုကံကောင်းမူ့က ဒေါ်ဝင့်နေချီအတွက်တော့ဆန့်ကျင်ဘက်ဖြစ်လေ၏။

ခင်ပွန်းဖြစ်သူနှင့်အတူရှိနေခိုက် မက်ဆေ့ချ်တစ်စောင်ဝင်လာတာကြောင့် ဒေါ်ဝင့်နေချီသည် မက်ဆေ့ချ်ဖက်ပြီး ပီပီရီရီနှင့်ပင် ဦးသုတအနားမှရှောင်ထွက်လာဖို့ပြင်သည်။

"အကို ညီမဆိုင်ဘက်ခဏသွားရအုံးမှာမို့..."

"ရတယ်လေ မိန်းမ၊သွားစရာရှိတာ သွားဟုတ်ပြီလား"

ဦးသုတမရိပ်မိလေအောင် သရုပ်ဆောင်ပြီးရှောင်ထွက်လာနိုင်ခဲ့သည့်ဒေါ်ဝင့်နေချီသည် အ​ပြင်သို့ရောက်လျှင် ချိန်းဆိုထားသည့် ကော်ဖီဆိုင်တစ်ခုသို့ အလျင်အ​​မြန်ဘဲဦးတည်လာခဲ့၏။

"မင်္ဂလာပါ ဒေါ်ဝင့်နေချီ "

"ကျွန်မစုံစမ်းခိုင်းထားတဲ့ကိစ္စကိုဘဲ မြန်မြန်ပြောပြပေးလို့ရလား "

တစ်ဖက်ကဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်လာပေမဲ့ လူမသိအောင်ခိုးထွက်လာရသည့်ဒေါ်ဝင့်နေချီဘက်ကတော့ စကားသာအမြန်ဖြတ်ပစ်ချင်နေခဲ့သည်။

"ဒါက နှိုင်းအက္ခယှဥ်ဆိုသူရဲ့ချစ်သူပုံပါ "

"အမယ်လေး!"

တစ်ဖက်ကကမ်းပေးလာသည့်ဓာတ်ပုံကို ချက်ချင်းထုတ်ကြည့်ခဲ့ပေမဲ့လည်း မြင်လိုက်ရသည့်ပုံတွေကြောင့် ချက်ချင်းဘဲပြန်ပစ်ချခဲ့မိသည်အထိ လန့်သွားရ၏။

လူမြင်ကွင်းရှေ့မှာ အရွယ်ရောက်ယောကျာ်းလေးနှစ်ယောက် နှုတ်ခမ်းချင်းထိကပ်နေသည့်ဓာတ်ပုံကိုထုတ်ကြည့်ရတာက ဒေါ်ဝင့်နေချီအတွက် တော်တော်အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုဟုထင်သည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now