23

211 14 0
                                    

Unicode

မေမေ့ရဲ့နှစ်ပတ်လည်ပြီး စိတ်တင်းကြပ်စရာတွေများလွန်းတာကြောင့်မို့ နှိုင်းကလပ်တွေပေါ်မှာဘဲ အချိန်နှစ်ပတ်နီးပါးလောက်ပတ်ဖြုန်းနေခဲ့မိ၏။

မနက်ကနေညအထိ စီးကရက်သောက်ပါများလွန်းတာကြောင့် နှုတ်ခမ်းတောင် အနည်းငယ်မည်းချင်နေပြီဖြစ်သည်။

အခုလည်း အဖြူရောင်ကုတင်ပေါ်မှာ အဝတ်ဗလာနဲ့လဲလျောင်းနေတဲ့ မိန်းမလှလေး၏ခန္ဓာအလှကို ဆေးလိပ်လေးဖွာရင်း ရူစားနေသည်မှာ အချိန်တစ်ခုလောက်ထိပင်ကြာမြင့်နေပြီဖြစ်သည်။နှိုင်းရဲ့ကိုယ်ကအပေါ်ပိုင်းဗလာနဲ့ဆိုပေမဲ့ ကင်မရာကိုတော့ လည်ပင်းမှာမပါမဖြစ်ချိတ်ဆွဲထားသည်။

"ကိုကို "

အိပ်ရာမှနိုးလာသည့် မိန်းမလှလေးက သူမကောက်ကြောင်းပိုပေါ်အောင် အကြောကိုလှလှပပလေးဆွဲ့ဆန့်လျက်ရှိကာ ဗလာနတ္တိဖြစ်နေသည့်သူမကိုယ်ကို အသင့်ရှိနေသည့် သပတ်ပါးပါးလေးဖြင့်ပတ်ပြီး နှိုင်း ပေါင်ပေါ်သို့လာထိုင်သည်။ထို့နောက် နှိုင်းနှုတ်ခမ်းမှကိုက်ထားသော စီးကရက်ကိုယူပြီး အဆင်သင့်ရူရိူက်ကာ_

"မနေ့ညက ကိုကို လဲ့ကိုဓာတ်ပုံရိုက်နေတာနဲ့ဘာမှမဖြစ်ခဲ့ရဘူး အဲ့တာ....လဲ့တို့ အခု...."

နှိုင်း၏ရင်ဘတ်ကို လက်နှင့်ပွတ်သီးပွတ်သတ်လုပ်ကာရှိနေသည့် ထိုကောင်မလေးက နှိုင်းထက်တောင်ပိုပြီးစိတ်ပါနေသလို။

ခဏတော့ငြိမ်ခံနေပေမဲ့ စိတ်မပါသည့် နှိုင်းတစ်ယောက် ထိုကောင်မလေးပေါင်ပေါ်မှာရှိနေလျက်အသားဖြင့် ထရပ်လိုက်တာကြောင့် ကောင်မလေးမှာ ကြမ်းနှင့်ကိုယ်ချင်းမိတ်ဆက်လိုက်ရသည်။

"အားလားလား...ကိုကို လဲ့ထိုင်နေတာလေ "

ဘာမှပြန်မပြောသည့် နှိုင်းက အကျီကိုသာ ကောက်ဝတ်နေခဲ့သည်။ထို့နောက် ကင်မရာကိုသယ်ပြီး အခန်းထဲမှ ထွက်လာခဲ့တော့၏။

ဘာမှမပြောဘဲထွက်သွားပြီဖြစ်သည့် နှိုင်းကြောင့် ကောင်မလေးမှာ ဝမ်းနည်းပြီးကျန်ခဲ့ရမလားဒေါသထွက်ပြီးကျန်ခဲ့ရမလားမသိ ဖြစ်ခဲ့ရသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now