8

472 24 0
                                    

Unicode

စေ့စပ်ကြောင်းဆွေးနွေးပြီး အိမ်ပြန်ရာလမ်းတွင် ကားစောင့်နေသည့် မိုးကိုမြင်လိုက်ရတာကြောင့် ချက်ချင်းဘဲမိုးဆီသို့ ဦးတည်မောင်းသွားမိခဲ့သည်။

အစကတော့ နူတ်ဆက်ရုံသာလို့တွေးထားပေမဲ့ မျက်နှာမှာ အညိုမဲစွဲနေသည့်မိုးကိုမြင်လိုက်ရတော့ ခန့်ထား ဟန်မဆောင်နိုင်လောက်အောင် စိတ်ပူသွားရ၏။

ပေါ့ဆနိုင်လွန်းသည့်မိုးက ရေချိုးခန်းမှာလျှော်လဲတာတဲ့လေ။အရင်လိုဘဲ စိတ်ချလို့မရဖြစ်နေရသေးတုန်း။

မကြာခင်မှောင်တော့မဲ့ အချိန်မှာကားစောင့်နေသေးတဲ့ မိုးကိုတစ်ယောက်တည်းမချန်ခဲ့လိုတာနဲ့ ခန့်ထား လိုက်ပို့ပေးရန်ပြောခဲ့သည်။ဒီလိုနဲ့ နှစ်ယောက်သားခရီးဆက်မိတော့ စကားစမြည်ပြောဖြစ်ခဲ့ရာ မိုးဆီကနေ ဒိတ်ဖို့သွားနေတာဖြစ်ကြောင်းသိလိုက်ရသည်။

ခန့်ထားနဲ့လမ်းခွဲထားတာမှမကြာသေး နောက်အသစ်တစ်ယောက်ထပ်တွေ့နေပြီဖြစ်တဲ့ မိုးကြောင့် ခန့်ထား စိတ်ထဲအလိုမကျဖြစ်မိသည်။ဘယ်သူက သူ့ထက်ဘာတွေသာနေလို့များ မိုး အခုလိုခန့်ထားကိုမေ့ပစ်လိုက်ရတဲ့အထိ တွဲခဲ့တာလဲသိချင်တာမို့ စကားနည်းနည်းနိူက်ကြည့်ခဲ့မိသည်။

ပြီးမှ ခန့်ထား စကားလွန်သွားမှန်းသိကာ ချက်ချင်းဘဲ မေးခွန်းရပ်လိုက်ပေမဲ့ သူ့အမေးကို လိုလိုလားလားဖြေပေးသည့်မိုးထံ့မှ မိုးကောင်လေးအသစ်၏ချီးမွန်းခန်းများကို နားမထောင်ချင်ဘဲ ကြားလာခဲ့ရသည်။

စိတ်ထဲ ဒေါသနည်းနည်းလေးထွက်မိသလို၊ဝမ်းလည်းနည်းရသည်။

သူကိုယ်တိုင်ဖျက်ခဲ့တဲ့ကြိုးကို ပြန်ပြီးဆွဲလို့မရတော့သလို၊သူလမ်းခွဲခဲ့လည်း အဆင်ပြေနေတဲ့မိုးကိုမြင်ရတော့ ပိုပြီးစိတ်ထဲနေရခက်၏။

မိုး အရင်က သူ့အပေါ်တကယ်မချစ်ခဲ့ဘူးလား ဆိုတဲ့သံသယစိတ်များကိုလည်း မဆီမဆိုင်ပြန်တွေးမိသည်။တကယ်လို့ မိုးသာသူ့ကို တကယ်ချစ်ခဲ့တယ်ဆိုလျှင် သူ့နေရာမှာအစားထိုးဖို့လူဘယ်တော့မှရှာခဲ့မှာမဟုတ်ဘူးမလား။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now