33

198 12 0
                                    

Unicode

မိုးရေစိုစိုနှင့်ပြန်လာကြသည့် နှိုင်းတို့ကိုမြင်လျှင် ဒေါ်မိုး စျေးသွားခိုင်းခဲ့မိသည်ကိုတောင် နောင်တရမိသည်။

"တစ်ကိုယ်လုံးလည်းစိုရွှဲနေကြတာဘဲ...ရေမြန်မြန်ချိုးပြီး ဆံပင်ခြောက်အောင်သုတ်လိုက်ကြ တော်ကြာနေဖျားနေကြမယ် "

"ဟုတ်ကဲ့ မေမေ "

ရေစိုနေတဲ့အဝတ်ကိုချွတ်ဖို့အမေသတိလှမ်းပေးခါမှ နှိုင်းမှာ အဝတ်အစားတွေမရှိမှန်း မိုးသတိထားမိတော့၏။

"နှိုင်း မင်းအဝတ်အစားတွေဘယ်လိုလုပ်မလဲ "

"ဒီအစိုအတိုင်းဘဲနေရတော့မယ်ထင်တယ် "

မိုးရဲ့အဝတ်အစားတွေက နှိုင်းနဲ့မတော်တာခက်သည်။မိုးလည်း ဘာလုပ်ပေးရမလဲမသိ စိတ်ရူပ်နေခိုက် ဒေါ်မိုးက_

"အစိုအတိုင်းနေလို့ဘယ်ဖြစ်မလဲ၊အဝတ်တွေအကုန်လုံးကိုချွတ်ပြီး အခြောက်ခံစက်ထဲထည့်ထားလိုက် အမေ မီးပူလည်းပြန်တိုက်ပေးမယ် "

"အမေ နှိုင်းအဝတ်တွေချွတ်လိုက်တော့ ဘာဝတ်ရတော့မှာလဲ၊မိုးရဲ့ အင်္ကျီတွေကလည်း နှိုင်းနဲ့မတော်နေဘူး "

"အခန်းထဲမှာ စောင်နဲ့ခဏပတ်ပြီးနေလို့ရတယ်လေ...မကြာဘူး ခဏဘဲ၊အစိုအတိုင်းတော့ မနေပါနဲ့"

အမေက အအေးမိမည်စိုး၍ စိတ်ပူသောစိတ်နှင့်ပြောနေခြင်းဖြစ်ပေမဲ့ မိုးကတော့မျက်နှာပူမိပါသည်။

နှိုင်းကလည်း ဒေါ်မိုးကိုစိတ်ချမ်းသာစေချင်တာကြောင့် မငြင်းခဲ့။

"ဒါဆို...အဘိဓာန်မိုး ကျွန်တော့်ကိုကူပါလား၊အဝတ်မရှိဘဲ အမေနဲ့မျက်နှာချင်းဆိုင်လို့မဖြစ်လို့လေ "

မိုး ကိုယ့်ကိုယ်ကိုလက်ညှိုးပြန်ထိုးနေပြီး တကယ်ငါကူညီရမှာလား ဆိုသည့်မျက်နှာထားနှင့်သေချာအောင်မေးနေခဲ့သည်။နှိုင်းကတော့ ခေါင်းညိတ်ပြလျက် ဟုတ်ကြောင်း အတည်ပြုပေး၏။

"မြန်မြန်သွားပြီး အဝတ်သွားလဲကြ...အအေးမိတော့မှာဘဲ "

အပြင်မှာအကြာကြီးရပ်နေကြသည့် မိုးတို့ကို ဒေါ်မိုးက အိပ်ခန်းထဲခေါ်သွင်းပြီး အပြင်မှတံခါးပိတ်ပေးလိုက်၏။အထဲရောက်နေပြီဆိုမှတော့ နောက်လှည့်ဖို့ မတတ်သာတော့တာကြောင့် မိုး နှိုင်းဘက်သို့လှည့်ကြည့်ရင်း ရေအရင်ချိုးဖို့ ပြောမို့ရှိသေး နှိုင်းက အင်္ကျီတွေအကုန် ချွတ်နေပြီဖြစ်သည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now