🔥 1 🔥

3.1K 259 41
                                    

ဒရွက်တိုက် ဆွဲခေါ်ခံရမူနဲ့အတူ ကပ်ပါလာတာက ခြေသံများစွာဖြစ်လေသည်။ ဒရွက်တိုက် အဆွဲခံလိုက်ရသူကလွဲရင် ကျန်တဲ့လူတွေကတော့ အသံမထွက်ကြချေ။ ထိုနေရာသည် ဟယ်‌ေဆာင်တက္ကသိုလ်။ ဟယ်ဆောင် လုပ်ငန်းစုကပိုင်တဲ့ တက္ကသိုလ် ။ ဟယ်ဆောင်လုပ်ငန်းစုရဲ့ ရှယ်ယာ၀င် သားသမီးတွေ ၊ တရားသူကြီး ၊ ရှေ့နေချုပ်‌တွေ ၊ ရဲချုပ် သားသမီးတွေ အများဆုံး တက်ရောက်တဲ့ကျောင်း ။ ပညာရေး အဆင့်သတ်မှတ်ချက်တွေ သိပ်မကောင်းရင်တောင် မိဘက ရာထူးကြီးရင် တက်နိင်ခွင့်ရှိသလို ၊ ဟယ်ဆောင်က ထွက်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေကလဲ ဟယ်ဆောင်လုပ်ငန်းစုရဲ့ မြင့်မားတဲ့နေရာတွေမှာ ရာထူးအသီးသီး ပြန်ရကြတာမို့ ဟယ်ဆောင်တက္ကသိုလ်ကိုတော့ ၀င်ချင်တဲ့လူတွေကတော့ ဒုနဲ့ဒေပါပဲ။ 

" မင်းတို့ ငါ့ကို ဘယ်ခေါ်သွားနေတာလဲ လွှတ် "

" ဒီခွေးမသားက ပါးစပ်ပိတ်ပြီး မလိုက်နိင်ဘူး "

" အား ..."

ဒရွက်တိုက်ဆွဲခံရတဲ့လူကို ဆွဲထားတဲ့ လူတစ်ယောက်က ဗိုက်ကို ကန်ထည့်လိုက်သည်။ ' အား ' ဆိုတဲ့အသံကလွဲရင် ဘာအသံမှ ထပ်ထွက်မလာတော့ချေ။ ဟယ်ဆောင်တက္ကသိုလ်ရဲ့ လျို့ဝှက်နေရာတစ်ခု ။  ဒီနေရာကို ဟယ်ဆောင်လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကင်မ်ဆောင်ဟွန်ရဲ့သား ကင်မ်ထယ်ယောင်းရဲ့ သီးသန့်နေရာဖြစ်သည်။

" တွေ့ရတာ ၀မ်းသာပါတယ် သူငယ်ချင်းလေး "

ဒရွက်တိုက်ဆွဲခံရတာ ရပ်သွားတဲ့အချိန်မှာတော့ တစ်ယောက်သောသူရဲ့ ခြေရင်းအောက်သို့ ခေါင်းကငိုက်စိုက်နေလေသည်။ ထိုလူက အခြားသူမဟုတ် ။ ဟယ်ဆောင်လုပ်ငန်းစု ဥဏ္ဍဌရဲ့ တစ်ဦးတည်းသော သား  ကင်မ်ထယ်ယောင်း ...။

" ကင်မ်ထယ်ယောင်း "

အထိုးခံထားရတော့ ပါးစပ်ထဲမှာ သွေးများထွက်နေတာတောင်မသုတ်နိင်ပဲ အံ့ဩတုန်လူပ်စွာနဲ့ ခုံမှာထိုင်နေတဲ့လူရဲ့ နာမည်ကို ခေါ်လိုက်မိ‌လေသည်။ ထိုအခါ ကင်မ်ထယ်ယောင်းလို့ ခေါ်တဲ့လူက လက်ညိုးနဲ့ လက်ခလယ်ကြားမှာ ဆေးလိပ်ကို နူတ်ခမ်း၌ တေ့ပြီး

" Bad Husband" ( Complete)Kde žijí příběhy. Začni objevovat