🔥 10 🔥

1.5K 193 36
                                    

" ထယ်ယောင်း မင်းဘယ်မှာလဲ ?"

" ဒီအချိန် ဆိုင်ကယ်မောင်းတဲ့အချိန်ပဲ ဆိုင်ကယ်မောင်းမလို့ပေါ့ ၊ မင်းက ဘာကိစ္စနဲ့ ဖုန်းဆက်နေတာလဲ ?"

မြို့ပြင်ဘက်ကို ထယ်ယောင်းရောက်နေတာဖြစ်သည်။ Company မှာ ဒယ်ဒီရဲ့နေရာကို ဆက်ခံတဲ့အခါကျရင် ဆိုင်ကယ်မောင်းတာကို စွန့်လွှတ်တော့မယ်လို့လည်း ထယ်ယောင်းဆုံးဖြတ်ထားသည်။ အခုတော့ အသစ်စက်စက် ဆိုင်ကယ်ကို မောင်းဖို့အတွက်သာ ထယ်ယောင်းစဉ်းစားထားလေသည်။

" ပတ်ဂျီမင်ကို ဆောဂျွန်အွန်းနဲ့အတူ တွေ့လိုက်တယ် "

" အဲ့ဒါဘာဖြစ်လဲ သူ့ကိစ္စနဲ့သူပေါ့ "

" မဟုတ်ဘူး ထယ်‌ယောင်း ဆောဂျွန်အွန်းက ဂျီမင်ကို ကြံနေတာ ၊ ဂျီမင်ဘာဖြစ်နေလဲတော့ မသိပေမဲ့ ဟိုတစ်ခါ မူးပြီးဖြစ်နေတာထက် ဆိုးတယ် "

" သူတို့ဘယ်မှာလဲ ?"

" ကားနဲ့ထွက်သွားတယ် ၊ အိမ်ပြန်လမ်းတော့ မဟုတ်ဘူး "

" ဒါပဲမလား ?"

" ထယ်ယောင်း ..ထယ်ယောင်း .."

အေးဆေးနေနေတာကို ပတ်ဂျီမင် ခင်ဗျားကတော့ လာမွှေတာပဲ ။ ကင်မ်ထယ်ယောင်းသည် မြို့ထဲကို ပြန်၀င်ပြီး မောင်းနေတုန်း  ပတ်ဂျီမင်တို့ ကားကို တွေ့သည်။  ဆိုင်ကယ်ကို ပြန်ကွေ့ပြီး  ကားရှေ့ကိုရောက်အောင် အရှိန်တင်လိုက်လေသည်။ ဆိုင်ကယ်ကို ကားရှေ့ပိတ်ရပ်လိုက်သည်။ ( ကျန်တာက အရှေ့ခန်းမှာ ပါပြီးသားပါနော် ) ထပ်ဆက်ရန် .......


" ကဲ အိမ်ရောက်ပြီး ဆင်းတော့ "

ထယ်ယောင်း Helmet ကို ချွတ်ပြီးသည့်အချိန်ထိ ပတ်ဂျီမင်တစ်ယောက် ဆိုင်ကယ်ပေါ်က မဆင်းရသေး ။

" မဆင်းပဲ ဘာလုပ်နေတာလဲ ?"

သူ့ခါးမှာရှိတဲ့ လက်နှစ်ဖက်ကို မဖယ်သေးပဲ တင်းကျပ်အောင် ဆုပ်ကိုင်ထားသူကြောင့် ထယ်ယောင်း နောက်သို့လှည့်ကြည့်ရသည်။ သူ့ကျောပေါ်ကိုမေးတင်ပြီး ဒီအတိုင်းသူ့ကိုကြည့်နေလေသည်။ ပြီးတော့ သူ့ခါးပေါ်မှာရှိတဲ့လက်က သူ့ဘောင်းဘီဇစ်ထိကို ဆင်းသွားသည်။ ထယ်ယောင်းငုံ့ကြည့်လိုက်သည်။ ပြီးတော့ ဂျီမင်ရဲ့လက်က ထပ်ဆင်းတော့

" Bad Husband" ( Complete)Where stories live. Discover now