မနက် အိပ်ယာထလို့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မ်ထယ်ယောင်းရဲ့ ပါးစပ်ဖျားက သူ့အဖေသေသွားပြီးဆိုတာကို ကြားလိုက်ရလေသည်။ ပြီးတော့ မင်ဟိုပါ အိမ်ထိလိုက်လာပြီးပြောတာ ။
" ခဏလောက် နားထောင် ကျုပ်ပြောတာ"
သူ့အနားကိုတိုးလာတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခြေလှမ်းတွေကြောင့် သူအနောက်ဆုတ်လိုက်သည်။ ဒီလူကို သူသိပ်ကြောက်တယ် ။ ဒီလူအရှေ့မှာ နေရမှာကိုတောင် အလိုလိုကြောက်လာတာ။
" ဘာတွေ ထပ်ပြောမှာလဲ ငါမင်းဆီက ဘာမှမကြားချင်ဘူး "
ဘီဒိုထဲက အင်္ကျီတစ်စုံကို ဆွဲယူလိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်တော့
" ခဏလောက် နားထောင် ..ပြီးတော့ စိတ်ကိုငြိမ်ငြိမ်ထား "
ကင်မ်ထယ်ယောင်းသည် ဂျီမင်ရဲ့လက်မောင်းနစ်ဖက်ကို ဆုပ်ကိုင်လိုက်သည် ။ စိုစွတ်နေတဲ့ မျက်၀န်းတွေနဲ့ သူ့ကို မော့ကြည့်လာသူကြောင့်
" ဘယ်လို ပြောရမယ်မှန်းမသိပေမဲ့ ကျုပ်တောင်းပန်တယ် "
" အဲလောက်လွယ်လား ?"
" ကျုပ်ရဲ့ဒေါသအလျောက်ထွက်လာတဲ့ စကားက .."
" မဟုတ်ဘူး မင်းကြောင့်ပဲ "
သူ့ကိုတကယ်မုန်းသွားတဲ့မျက်လုံးတွေနဲ့ မော့ကြည့်နေသူကြောင့် သူသွေးတွေ ဆူပွတ်သွားလေသည် ။
" မင်းကြောင့် မင်းကြောင့်နဲ့ .."
ခေါင်းကိုဆွဲလိုက်ပြီး သူ့ရင်ဘတ်နဲ့ ကပ်စေလိုက်သည် ။ သူဘယ်လိုရှင်းပြရပါ့မလဲ ? ။ ဒါက ဒီအတိုင်းပြောလိုက်တဲ့စကားဆိုပေမဲ့ သူ့အိမ်ကလူကတော့ သူသတ်လိုက်တယ်လို့ ထင်နေမှာလား ? ။ မဟုတ်ဘူးထင်နေခဲ့ပြီး
" မောင် တောင်းပန်ပါတယ် "
သူ့နားထဲမှာ ကင်မ်ထယ်ယောင်းရဲ့စကားသံတွေကို မကြားရတော့ပါ။ ပြီးတော့ အိပ်ရေးပျတ်တာများလို့ထင်သည်။ သူ့တစ်ကိုယ်လုံး အင်အားချိနဲကာ ကင်မ်ထယ်ယောင်းဖက်ထားတဲ့အတိုင်း ရုန်းဖို့လည်း မေ့နေသလို မျက်လုံးတွေလည်း စင်းကျသွားလေသည်။