" ဒူနာ .."
" ဟင့် .."
ဒူနာရဲ့အလုပ်နေရာကိုအကြောင်းမရှိပဲသွားရင် ကင်မ်ထယ်ယောင်းပြောမှာဆိုး၍ စာရင်းဖိုင်တွဲကိုယူကာ သွားရလေသည်။
" ဟိုလေ ..သရဲက တကယ်ရှိလား ?"
" ဘုရားသခင် ..ဂျီမင်ဘာတွေမေးနေတာလဲ ..ဘာလဲ သရဲခြောက်ခံရလို့လား ?"
သရဲကြောက်ခံရလို့လားဆိုတော့လည်း မဟုတ် ၊ ခံစားရလားဆိုတော့လည်းမဟုတ် ကင်မ်ထယ်ယောင်းရဲ့ စကားတစ်ခွန်းထဲကြောင့်နဲ့ သူ့အတွက်က ထူးဆန်းသလို ခံစားရလေသည်။ ကြောက်တဲ့ ခံစားချက်တော့မဟုတ်ပေ ။
" မဟုတ်ပါဘူး ...မေးကြည့်တာပါ "
" အထူးအဆန်းအေး .."
ဟန်ဆိုဟီးက ဂျီမင်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ " ဒီကောင်လေး ဘာလာဖြစ်တာလဲ" ဆိုတဲ့သဘောကြည့်တာမျိုး ။
" ကင်မ်ထယ်ယောင်းရဲ့အမေနဲ့ ပတ်သက်ပြီးတော့ရော ဒူနာသိလား ?"
" ဟင့်အင်း ...ဒူနာသိလည်း ပြောလို့ရမှာ မဟုတ်ဘူး ၊ ဒါကို ကင်မ်ထယ်ယောင်းပြောပြမှာပဲ နားထောင်ပါ "
" ......"
ဘာလို့လဲ ? ။ ပြောပြလို့မရလောက်အောင် ၊ မပြောပြရဲလောက်အောင် ဘာတွေဖုံးကွယ်ထားတာလဲ ? ။ သူပို၍ သိချင်လာလေသည် ။ တစ်ခါတစ်ခါ ကင်မ်ထယ်ယောင်း က ခြံထဲကနေ သူ့တို့အခန်းကို မော့ကြည့်တက်သလို ၊ စိုက်ထားတဲ့ ဒီဇင်ဘာပန်းပဲ သူသိပြီး နာမည်အမှန်ကိုမသိတဲ့ ပန်းရှေ့မှာ အကြာကြီးရပ်နေတက်သည် ။
" ဂျီမင်ကတော့ သိဖို့လိုအပ်ပါတယ် ၊ Bossနဲ့ လက်ထပ်ထားတဲ့ လူတစ်ယောက်အနေနဲ့က သိကိုသိရမယ် "
" ....."
Lift ကနေ မင်ဟိုနဲ့အတူထွက်လာတဲ့ ကင်မ်ထယ်ယောင်းကို သူချက်ချင်းပင် သူ့ရုံးခန်းထဲကို သွားဖို့ ခြေလှမ်းပြင်လိုက်လေသည် ။ မဟုတ်ရင် အပြောဆိုးတဲ့လူက သူ့ကို အခန်းထဲပြောပြီး ပွနေအုန်းမှာ ။
အများအားဖြင့် အလုပ်အတွက်သာ ပါတီကို တက်ရတာများလေသည်။ စီးပွားရေးသမားနဲ့ နိင်ငံရေးသမားက အမြဲဒွန့်တွဲနေတက်တာကြောင့် နိင်ငံရေးသမားတွေရဲ့ ပါတီပွဲကိုလည်း တက်ရသေးသည်။ သူအမြဲစိတ်မပါပါ။ ဒီလိုနေရာမျိုးက အရက်ခွက်က တစ်ခွက်သောက်သာ အလှကိုင်ပြီး စကားပြောနေကြတက်တာ ။ ပြီးတော့ အရက်ကို အပြင်လူနဲ့ သောက်ခွင့်ကို ကင်မ်ထယ်ယောင်းက တင်းကျပ်စွာ တားမြစ်လိုက်သည်။ သူကတော့ မကျေနပ်ပေမဲ့ မနိင်တာမို့ ပြန်မ ပြောတော့ပေ ။