The End

2.1K 210 29
                                    

 ‌" နောက်ဆုံးတော့ အိမ်ကိုပြန်ရောက်လာတာအန်ကယ်၀မ်းသာပါတယ် " 

ဂျီမင်ရဲ့ပုခုံးကို အန်ကယ်က ပုတ်ကာပြောလိုက်လေသည် ။ ဘေးနားက ကင်မ်ထယ်ယောင်းကတော့ သူနဲ့အန်ကယ်ကိုထားခဲ့ကာ အခန်းထဲ၀င်သွားလေသည်။အန်ကယ်က ကင်မ်ထယ်ယောင်းကို လိုက်ကြည့်ရင်း

" ဒီကောင်အချိုးက နည်းနည်းလေးမှ မပြောင်းဘူး " 

" အန်ကယ်ရော အဆင်ပြေလား ?" 

" အိမ်ထိန်းက ဂျီမင်လောက်လက်ရာမကောင်းတော့ မနက်စာစားတိုင်း၊ နေ့လယ်စာစားတိုင်း ၊ ညစာစားတိုင်းတော့ သတိရမိပါတယ် " 

" ကျွန်တော်ဒီနေ့ ချက်ကျွေးပါ့မယ် " 

" ရပါတယ် ၊ အရင်နား ...အန်ကယ်က ဒီအတိုင်းပြောလိုက်တာ စိတ်ထဲမထားနဲ့ ကဲ ..၀င်ပြီးနားတော့ " 

" ဟုတ်ကဲ့ " 

ဂျီမင်သည် ကင်မ်ဟိုယောင်းကို နှုတ်ဆက်ကာ အခန်းထဲကို ၀င်ခဲ့လေသည်။  အခန်းထဲမှာ ပြောင်းလဲသွားတာဆိုလို့ ဘာမှရှိမနေပေ ။ ကင်မ်ထယ်ယောင်းကတော့ အခန်းထဲရောက်ပြီးတာနဲ့ MacBook တစ်ခုနဲ့ အလုပ်ရှုပ်နေလေသည် ။ 

" ညကျအရင်သွားစရာရှိတယ် " 

" ဘာလဲ ?" 

" ရောက်ရင်ပြောပြမယ် " 

"...."

လျို့လျို့ဝှက်ဝှက်နဲ့ မပြောပြရလောက်အောင် ဘယ်ကိုသွားမှာမို့လို့လဲ ? ။ ဒီအိမ်ကို ပြန်လိုက်လာတဲ့အကြောင်းအရင်းများစွာလည်း ရှိသည်။ ဆောဂျွန်အွန်းနဲ့ ကင်မ်ထယ်ယောင်းကို ထိပ်တိုက်မတွေ့စေချင်တာလည်းဖြစ်ပြီး ပြီးတော့ ကင်မ်ထယ်ယောင်း ဟိုဘက်၊ ဒီဘက် ကူးသန်းသွားလာနေတာကိုလည်း သူသဘောမကျပေ ။ 

....

" စေ့စပ်ပွဲ..!! " 

မင်ဟိုနဲ့ ဟန်ဆိုဟီးတို့ရဲ့ စေ့စပ်ပွဲ ။ မြန်လိုက်တာ ။ ဟိုနေ့ကပဲ ဒီနှစ်အတွင်း လက်ထပ်မယ်ပြောခဲ့ပေမဲ့ စေ့စပ်ပွဲကိုကျတော့ ဒီလောက်မြန်မြန်ဆန်ဆန်လုပ်လိမ့်မယ်လို့မထင်မိပေ။  ဒါကြောင့် သူ့ Suit ၀တ်ခိုင်းတာကို။  

You've reached the end of published parts.

⏰ Last updated: Feb 11 ⏰

Add this story to your Library to get notified about new parts!

" Bad Husband" ( Complete)Where stories live. Discover now