သူနိုးတဲ့အချိန် သူ့ဘေးနားမှာ ခါးမှာ ပုဝါပတ်ထားယုံကလွဲရင် ဘာမှမရှိတဲ့ ကင်မ်ထယ်ယောင်းသည် ကုတင်ရင်းကို မှီထားလေသည်။ ။ ဖုန်းယူကာ နာရီကိုကြည့်လိုက်မိတော့ နေ့လယ်အချိန်ကိုတောင်ရောက်နေပြီးဖြစ်လေသည်။
" နိုးနေရင်လည်း မထနဲ့အုံး ၊ ခင်ဗျားကို ဆရာ၀န်လာကြည့်သွားတယ် "
" ဟမ် .."
" နေပါအုံး ..ကျုပ် .."
အလိုမကျတဲ့အသံနဲ့ ပြောကာ သူ့ကိုကြည့်ရင် ဘေးမှ MacBook ကို ချလိုက်သည်။ ။
" ညကအခြေအနေက ဘယ်နခါပြီးသွားတဲ့အခြေအနေမျိုး မေ့လဲရတာလဲ ?"
မေ့လဲတယ် ။ သူအိပ်ပျော်သွားတာမလား ? ။ညက ကိစ္စကို သူနောက်ဆက်တွဲမမှတ်မိတာက သူမေ့လဲသွားတယ်တဲ့လား ? ။ ကင်မ်ထယ်ယောင်းရဲ့ရှေ့မှာ သူ့အားနည်းချက်တွေကို ပြပြမိနေတယ် ။ သူမဖြေချင်ပါ ။ ဒါကြောင့် စောင်ကိုယူကာ ခေါင်းထိခြုံတော့
" ခင်ဗျားယောင်္ကျားမေးနေတယ် "
စောင်ကို ဆွဲချလိုက်တော့ ခါး၀က်လောက်ထိ ပေါ်သွားတော့
" ဘာလိုဆွဲနေတာလဲ ဖယ် ..."
သူ့ကိုယ်မှာ အ၀တ်အစားမရှိနေတာကို သတိရမိတော့အလျင်အမြန်ပြန်ဆွဲသည်။ လာထပ်ဆွဲရင် အဲလက်ကို ဖမ်းကိုက်ပစ်မယ် ကြည့်နေ ။ ဆရာ၀န်လာသွားရင်လည်း လူကို ဒီပုံအတိုင်း ဆရာ၀န်ကို ပေးစစ်စရာလား ? ။ လူကို တစ်ခုပြီးတစ်ခု အရှက်ခွဲနေတာ ။
" အား .."
စောင်ကအတင်းဆွဲလိုက်မိတော့ ခန္ဓာကိုယ်က လူပ်ရှားမိသွား၍ ခါးအောက်ပိုင်းက နာကျင်မူကို စပြသည် ။ သူ့ကို ကင်မ်ထယ်ယောင်းက လာစိုက်ကြည့်နေတာကြောင့် သူအသံတောင်မထွက်တော့ပေ ။ Saw X က လူသတ်သမားတောင် ကင်မ်ထယ်ယောင်းလောက် ကြောက်ဖို့ကောင်းမှ မဟုတ်ပေ ။
အခန်းတံခါးကို လာခေါက်တော့မှ ကင်မ်ထယ်ယောင်းရဲ့အကြည့်တွေက သူ့ဆီကနေ ရွေ့သွားပြီး တံခါးကို ထဖွင့်လေသည်။ ဘာကြောင့်မှန်းမသိ အခုမှ အသက်ရူချောင်တယ်လို့ ခံစားရသည် ။
" အခုထိ မင်းကိုယ်က အ၀တ်မကပ်သေးဘူးလား ..လေယာဉ်ချိန်အမှီသွားရမှာကို "