🔥 11 🔥

1.4K 193 34
                                    


' အန်ကယ် ဘယ်လိုတောင်းပန်ရမှန်းတောင် မသိတော့ဘူး "

ဂျီမင်အခန်းထဲမှာ အ၀တ်အစားတွေထည့်နေတုန်း အန်ကယ်လာခေါ်ခိုင်းတော့ သူစာကြည့်ခန်းထဲကို လာခဲ့လိုက်ရလေသည်။ အန်ကယ်က အချိန်တော်တော်များများကို စာကြည့်ခန်းထဲမှာပဲ အချိန်ဖြုန်းလေသည်။ အန်ကယ့်ရဲ့ မျက်နှာချင်းဆိုင်က စားပွဲမှာ ဂျီမင်၀င်ထိုင်လိုက်သည်။

" သားက ဒီလိုလူမျိုးမဟုတ်ပေမဲ့ ဂျီမင်လေးနဲ့မှ ဒီလိုဖြစ်သွားတော့ .."

" အန်ကယ်တောင်းပန်ဖို့ မလိုပါဘူး "

" မဟုတ်တာ ...အန်ကယ်တောင်းပန်စရာမလိုပါဘူး ၊ ဒီကိစ္စက အန်ကယ်နဲ့ မဆိုင်ပါဘူး "

" ဘာပဲ ဖြစ်ဖြစ် ကင်မ်ထယ်ယောင်းက အန်ကယ့်သားပဲလေ ..."

"....." 

" ဂျီမင်ပဲ ဆုံးဖြတ်ပါလေ ...အန်ကယ်တို့ဘက်က ပြစ်မှုကျုးလွန်ထားတဲ့လူတွေပဲ ၊ ဂျီမင်ရဲ့ ဆုံးဖြတ်ချက်ကို အန်ကယ်လည်း လိုက်နာသလို ၊ ကင်မ်ထယ်ယောင်းကိုရော လိုက်နာခိုင်းမှာပါ " 

" ကျွန်တော်ဘာမှမဖြစ်ချင်ပါဘူး ၊ ဒီအိမ်ကတော့ ကျွန်တော် ထွက်သွားပါရစေ "

" အန်ကယ်တားရင်လည်း နေမှာမဟုတ်တာမို့ အန်ကယ်မတားတော့ပါဘူး၊ ပြီးတော့ ဂျီမင်တစ်ခုခု ဖြစ်ချင်ရင်လည်းပြောပါ  "

" အန်ကယ့်အပေါ်မှာ ကျွန်တော်မှားတာရှိရင်လည်း ကျွန်တော်တောင်းပန်ပါတယ် ၊ ဒီမှာနေစဉ်အတွင်း ကျွန်တော့်ရဲ့အဖေရင်းတစ်ယောက်လို ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

" လာပါအုန်းကွယ် "

ကင်မ်ဟိုယောင်းက ထိုင်နေရာမှာထကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ဂျီမင် ထိုင်ရာမှ ထပြီး အန်ကယ်ရှိတဲ့နေရာဆီကို သွားကာ ပွေ့ဖက်လိုက်သည်။

" ဂျီမင်လေးကို အန်ကယ်သားတစ်ယောက်လို သဘောထားတာမို့ ဘာကိစ္စ ၊ ဘာပြသာနာပဲ ရှိရှိ အန်ကယ့်ကိုပြောနော် "

" ဟုတ်ကဲ့ .."

ဒီအိမ်မှာ ဂျီမင်နေရတာကြာနေသည်က ငွေရေးကြေးရေး ကိစ္စကြောင့်လည်း ပါသလို အန်ကယ့်ကြောင့်လည်း ပါလေသည်။ သူမနက်တိုင်း ချက်ကျွေးသမျှကို ကောင်းကောင်းစားပေးတက်တာ၊ သူပြောတာကို ဂရုတစိုက် နားထောင်ပေးတက်တာ ။ သူ့အဖေတောင် သူ့ပြောတဲ့ စကားတွေကို နားထောင်ပေးလေ့ မရှိပါ။ 




" Bad Husband" ( Complete)Donde viven las historias. Descúbrelo ahora