🔥 8 🔥

1.6K 199 34
                                    


ဘူဂေးရီးယားကနေပြန်တာ့ လမ်းကြောင်းမတူပဲ 'မကာအို'ကို တန်းသွား‌လေသည်။ တရား၀င်လောင်းကစားဆော့လို့ရတဲ့ နိုင်ငံမို့ နိုင်ငံတကာက အလောင်းအစားဝါသနာပါတဲ့ လူတွေလည်း  'မကာအို 'ကို လာကြတာများလေသည်။ ဂျီမင်တော့ ကင်မ်ထယ်ယောင်းတို့ နောက်ကိုသာ လိုက်ခဲ့ရတာ ဘယ်နေရာ ၊ ဘာလုပ်မှန်းမသိပါ။  အောက်ထပ်ကနေ အပေါ်ဆုံးထပ်ထိ လူတွေက ပြည့်နှက်နေလေသည်။ မင်ဟိုပြောတာတော့ ဒီနေရာက ကြေးအကြီးဆုံး လောင်းကစားနေရာတဲ့ ။ လက်ဝှေ့ပွဲ ၊ နပန်းပွဲ ၊ ဖဲ စသည့် နိုင်ငံတကာက လောင်းကစားဝိုင်းတွေ ပုံစံမျိုးစုံ ရှိတဲ့နေရာဆိုတာကို ဂျီမင်အခုမှ သိရလေသည်။

ဒီလိုနေရာမျိုးကို အချိတ်အဆက်နဲ့ လာရမှန်းကိုအ၀င်တုန်းက မင်ဟိုကဒ်ပြတုန်းက သိလိုက်ရသည်။ သူတို့ကို အသက် ၃၀အရွယ်လောက်ရှိတဲ့ လူတစ်ယောက်က နေရာကို လာပြပေးသည်။ Lite ကနေတက်လာတော့ မြင်နေရတဲ့ မိန်းခလေး နပန်းပွဲ ။တကယ်ကိုပဲ အသေသတ်နေရတာလား ။ လူမည်းအမျိုးသမီးလား ..အာဖရိကတိုက်ကလားမသိတဲ့ အမျိုးသမီးသည် မျက်နှာတစ်ခုလုံး ဖူးရောင်ပြီး သွေးတွေက ထွက်နေလေသည်။ ထယ်ယောင်းကတော့ ထိုသို့ လိုက်မကြည့်ပေ ။ လက်သာပိုက်ထားလေသည်။ မင်ဟိုကတော့ သူနဲ့အလှမ်းကွာပေမဲ့ နပန်းပွဲကို ကြည့်နေလေသည်။ ပထမဆုံး မရောက်ခင်နှစ်ထပ်မှာ အပေါ်ပိုင်းဗလာနဲ့ ကနေတဲ့ ကောင်မလေးတွေကို တွေ့လိုက်ရတော့ ဂျီမင်မျက်နှာကို အရှေ့သို့ လှည့်လိုက်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းက သူ့မျက်နှာရှေ့ကို လာရပ်သည်။

" ဒီလောက်လှတဲ့ မြင်ကွင်းကို "

ထယ်ယောင်းက သူ့အရှေ့မှာ ရပ်နေတာမို့ လက်နဲ့တွန်းဖယ်တော့ ထယ်ယောင်း မရွေ့

" ယောင်္ကျားလေးချင်း စိတ်မ၀င်စားဘူးဆိုရင် မိန်းခလေးကိုတော့ စိတ်၀င်စားရမှာပေါ့ "

Lite ထဲမှာတောင် ပြသာနာလာရှာနေသေးသည်။ မင်ဟို ကင်မ်ထယ်ယောင်း လက်မောင်းကို ရိုက်လိုက်သည်။ သူတို့ကို လိုက်ရှာပေးတဲ့ တရုတ်လူမျိုးကတော့ သူတို့ကကိုးရီးယားလို ပြောနေတာမို့ ကြည့်ယုံသာကြည့်ပြီး ပြန်လှည့်သွားသည်။

" Bad Husband" ( Complete)Where stories live. Discover now