" အိမ်မှာနေရတာအဆင်ပြေလား ဂျီမင် "
" ဟုတ် "
တစ်ညပဲနေရသေးတာကို ဒီတစ်ညတော့အဆင်ပြေသေးသည်။ ဒါပမဲ့ စိတ်အနှောင့်အယှက်တော့ဖြစ်လေသည်။ ဒါက သူ့အရှေ့တည့်တည့်မှာထိုင်နေတဲ့ ကင်မ်ထယ်ယောင်းကြောင့်ပင် ဖြစ်သည်။ ညက ဟိုတစ်ယောက် ဘယ်လိုပြန်သွားမလဲ သူမသိချေ။ တံခါးအဖွင့်အပိတ်လုပ်ပေးရအောင်လည်း ဒီအိမ်မှာ သူအလုပ်သမားလာလုပ်တာလည်း မဟုတ်ချေ။ ။
" အန်ကယ်ကတော့ အားလုံးပြင်ဆင်ထားပေးပြီးပြီး ၊ ဒီနေ့ ကျောင်းသွားလိုရပြီး ဂျီမင် "
" ဟုတ်ကဲ့ "
စားစရာပန်ကန်ကို ဇွန်းနဲ့ခြစ်နေသော ကင်မ်ထယ်ယောင်းကြောင့် အန်ကယ်တစ်ယောက် ပထမက သည်းခံနေပေမဲ့ နောက်တော့ စိတ်တိုလာပုံရသည်။
" ဘာဖြစ်နေတာလဲ ကင်မ်ထယ်ယောင်း ဒယ်ဒီစကားပြောနေတယ်မလား ?"
" ပြောလေ ..ဘယ်သူက ပေးမပြောလို့လဲ ?"
" ဒီကောင်တော့ "
" အိပ်ယာခင်း လဲရမယ် ၊ ဒယ်ဒီပြောပေးအုံး "
" အိမ်ကို ယောင်္ကျားပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် ခေါ်ခေါ်မလာနဲ့ ၊ သွားချင်ရင် ဟိုတယ်ကိုသွား ၊ ငါ့အိမ် ညစ်ညမ်းတယ် "
" ကျစ် ...နားညီးတယ် "
ဂျီမင်တော့ ဒီသားအဖကြား ဘာမှ ၀င်မပြောသလို ၊ ကြည့်လည်းမကြည့်ပေ။ သူ့အလုပ်မဟုတ်လို့ သူ၀င်ပါဖို့မရှိချေ။
" ကျောင်းသွားရင် ဂျီမင်ကိုပါ ခေါ်သွား "
" ကျွန်တော် တက္ကစီနဲ့ပဲ သွားမှာပါ "
ဂျီမင်က ထယ်ယောင်းထက်အရင်ပြောလိုက်သော်ကြောင့် ထယ်ယောင်းမျက်ခုံး တွန့်သွားပြီး
" ခင်ဗျားကိုလည်း ကျုပ်မတင်ပါဘူး "
" သား ...ကင်မ်ထယ်ယောင်း .ဂျီမင်က မင်းထက်ကြီးတယ် ၊ လေးလေးစားစား ဆက်ဆံပါ "
" ကျစ် ...အသက်လေး နစ်လကြီးယုံပဲ ရှိတာ၊ ကျန်တာ ဘာမှ သားထက် ကြီးမနေဘူး "
ပြောချင်တာက မလေးစားနိင်ဘူးပေါ့ ။ ဘယ်သူကိုတွေ့တွေ့ မေးမေး ထိုလူထက် သူကသာ အသက်ကြီးပြီး အရွယ်ကြီးတယ်လိုပဲ ပြောကြမှာ ။ ဒါကို ဘာလို လေးလေးစားစား ဆက်ဆံရမှာလဲ ? ။