" အင်း .."
ကင်မ်ထယ်ယောင်းက သူမေးတာကို တိုတိုတုတ်တုတ်တစ်လုံးထဲသာဖြေပြီး ရေဘူးကို ယူကာသောက်လေသည် ။ သူလည်း ထပ်မေးစရာမရှိသလို ၊ ကင်မ်ထယ်ယောင်းဘက်ကလည်း သူ့ကိုဖြေချင်ပုံမရတာကြောင့် ပစ္စည်းတွေကိုအမြန်ကောက်သိမ်းလိုက်သည် ။
" ဒယ်ဒီပေးတာကို လက်ခံသင့်တယ်မလားခင်ဗျား "
" ...."
ကင်မ်ထယ်ယောင်းရဲ့ မေးခွန်းကြာင့် သူချက်ချင်းနားမလည်ပေမဲ့ နောက်မှ နားလည်တာက အန်ကယ်က သူ့ကိုပိုင်ဆိုင်မူတစ်ချို့ကို လွှဲပေးတာကိုပြောတာ ဖြစ်နိင်သည် ။ သူ့မျက်လုံးကို ကင်မ်ထယ်ယောင်းဆီသို့ ဝေ့ဝဲကာ ကြည့်လိုက်သည် ။ ကင်မ်ထယ်ယောင်းကတော့ သူ့ကိုကျောခိုင်းပြီးဆိုဖာပေါ်မှာ ထိုင်နေလေသည် ။ ကင်မ်ထယ်ယောင်းအနေနဲ့ ဘယ်လိုအဓိပ္ပါယ်နဲ့ပြောလည်းမသိပေမဲ့ သူကတော့ သူနဲ့ သက်ဆိုင်တာတွေကို လုံး၀ထိမှာ မဟုတ်ပါ ။ ဒါကြောင့် ဆက်၍မပြောတော့ပဲ ပစ္စည်းတွေလည်း သိမ်းပြီးတာမို့ အခန်းထဲက ထွက်ဖို့ကြိုးစားမိတော့သည်။
" ကျုပ်ဆွဲထားရင် ခင်ဗျားနေမလား ?"
တံခါးကိုကိုင်ပြီး အခန်းပြင်ထွက်ဖို့ သူ့ရဲ့ခြေလှမ်းတွေသည် ရပ်တန့်သွားလေသည် ။ ဒါပေမဲ့ သူ့အနောက်မှာ ရှိနေတဲ့ ကင်မ်ထယ်ယောင်းကို လှည့်ကြည့်မိတာတော့လည်း မဟုတ်ပေ ။
" အစ်ကိုလေး ဧည့်သည်ရောက်နေပါတယ် "
အိမ်ထိန်းအဒေါ်ကြီးက အခန်းရှေ့မှာ လာရပ်ကာ ပြောတာနဲ့ တစ်ပြိုက်နက် အမျိုးသားငယ်တစ်ယောက်ပါ ကပ်ရပ်ပါလာလေသည် ။ ထိုအမျိုးငယ်သည် သူ့ကို ချိုသာတဲ့ အပြုံးနဲ့ ပြုံးပြလေသည် ။ တော်တော်လေးကိုကြည့်ကောင်းပြီး ၊ ရုပ်ရည်လည်း ချောမောပြီး ဖော်ရွေ့ပုံလည်း ရသည် ။
" လွှတ်လိုက် "
ကင်မ်ထယ်ယောင်းရဲ့အသံကြောင့် ထိုအမျိုးငယ်က၀င်ဖို့လုပ်တာ့ သူဖယ်ပေးလိုက်ပြီး အခန်းထဲက ထွက်သွားလိုက်လေသည် ။ အိမ်ထိန်အဒေါ်ကြီးက သူ့ပစ္စည်းတွေကို ကူသယ်ပေးမလို့လုပ်တော့
" ရတယ် ..ကျွန်တော်နိင်တယ် "
ထိုလောက်သာပြောပြီး ဒီလနဲ့ချီနေခဲ့ဖူးတဲ့အိမ်ကိုကျောခိုင်းလိုက်မိလေသည် ။ ဒါက နောက်ဆုံးအချိန်ပဲ ဖြစ်ပါ့လိမ့်မည်။ ကိုယ်တိုင်ဓားနဲ့ထိုးလိုက်မိသူမို့ ဖုန်းမဆက်နိင်ပြီး မမေးနိင်ပေမဲ့ နေ့တိုင်းနီးပါးကတော့ စိုးရိမ်ပူပန်နေခဲ့တာ သူအသိဆုံးပဲ ။ တစ်ခုခုဆိုရင် မင်ဟိုက လာပြောလိမ့်မည်ဆိုပြီး သူယုံထားတာမို့လည်း ဖြစ်သည် ။ အခန်းတံခါး၀ကနေ သူ့အိမ်ကထွက်သွားတဲ့လူကိုကင်မ်ထယ်ယောင်းကြည့်လိုက်ရင်