" ဒီတစ်ခါ မတွေ့ရတာ တော်တော်ကြာပြီးနော် ယွန်းဝူ "
လီယွန်းဝူရဲ့မျက်နှာချင်းဆိုင်မှာ ဆောဂျွန်အွန်း၀င်ထိုင်လိုက်သည်။ လီယွန်းဝူလန့်သွားလေသည်။ သူတို့နစ်ယောက်က လူမြင်ကွင်းမှာ တွေ့လေ့မရှိပါ ။
" ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ ..အကြောင်းရှိမှ တွေ့မယ်လို့ ပြောထားတယ်လေ... "
" စိတ်ကို လျှော့ထားပါ ၊ ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး ၊ ဒါပေမဲ့ မင်းရဲ့ ကိုယ်သင်းရနံ့လေးကိုတော့ လွမ်းတယ် ၊ ကိုယ့်တိုက်ခန်းထဲကို လာပါအုန်းလား ?"
" ဟာ့ ..."
လီယွန်းဝူမအံ့ဩချင်တော့ပါ ။ ဆောဂျွန်အွန်း ဘယ်လိုလူစားမျိုးလဲဆိုတာကို သူမသိတာတော့လည်း မဟုတ်ခဲ့ပါ။
" ကောင်းပြီးလေ ..လာခဲ့မယ် ၊ အခုတော့ ခင်ဗျားသွားတော့ "
သူ့အလုပ်ထဲထိကိုလာပြီး နေ့လယ်စာ စားချိန်ကို အချိန်ကိုက်လာပြီး ပြသာနာလာရှာတာပဲ ။ တစ်ချို့၀န်ထမ်းတွေက သူတို့ကိုကြည့်နေကြသည်။
" ဘာတွေ စိတ်ပူနေတာလဲ..သတင်းသမားတစ်ယောက်က ဟယ်ဆောင်လုပ်ငန်းစုကနာမည်ကြီး ဒီဇိုင်းနာတစ်ယောက်ကို တွေ့ရင် သတင်းယူဖို့ပဲ ထင်မှာပေါ့ "
" ခင်ဗျား .."
" အိုကေပါလေ .. မင်းကို စိတ်မနှောင့်အယှက်မဖြစ်စေချင်ဘူး ၊ ဒီည ကိုယ့်တိုက်ခန်းကို လာခဲ့ "
ဆောဂျွန်အွန်း ထသွားတော့ ဂျီမင်တို့နဲ့ တိုးလေသည်။ ဂျီမင်က ဟန်ဆိုဟီးနဲ့ စကားတစ်ပြောပြောနဲ့ လာတာဖြစ်သည်။
" မိုင်ယာမီမှာဂရိဒီယာနဲ့ ခွဲမရတဲ့အတိတ်ရှိသလို ဟန်ဆိုဟီးဖြစ်တဲ့ ကျမနဲ့ဆိုးလ်မြို့လည်း ခွဲမရတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်ချင်သာ "
ချမ်းသာမူအကြောင်းပြောရရင်နဲ့ ဂရိဒီယာအကြောင်း ရောက်သွားလေသည်။ ဟန်ဆိုဟီးက ညွှန်းလို့ ဂျီမင်ကြည့်ထားမိတာမို့ သိလိုက်သည်။ ဂရိဒီယာလို ဆေးရောင်းပြီး ချမ်းသားချင်တာကို ပြောတာဖြစ်သည် ။
" ဒါဆို ကရီဒီယာလို ကလေး 4ယောက် အရင်မွေးရအုံးမယ် ဒူနာ "
" ဟယ် တော်ပါ ..ဒါတော့ မမွေးပေးနိင်ဘူး "