🔥 21 🔥

1.5K 192 51
                                    


ရေချိုးပြီး ည၀တ်၀မ်းဆက်ကို၀တ်ပြီး ကုတင်ရင်းမှာ ခေါင်းမှီလိုက်ပြီး ခြေထောက်ကို ဆန့်လိုက်သည် ။ တစ်ဖက်လူရဲ့ခေါင်းက တစ်ရွ့ရွေ့နဲ့ သူ့ရင်ဘတ်ပေါ်ကို တက်လာလေသည်။ အိပ်ပျော်သွားပြီထင်လိုက်ပေမဲ့ မှေးစင်းနေတဲ့ မျက်လုံးတွေနဲ့ မအိပ်နိုင်ပဲ ရစ်နေတာဖြစ်သည်။ ကင်မ်ထယ်ယောင်း သူ့ရင်ဘတ်ပေါ်ကို တက်လာတဲ့လူကို တစ်ချက်ကြည့်ရင်း MacBookကိုသာ ပြန်အာရုံစိုက်လိုက်သည် ။

" မအိပ်သေးဘူးလား ?"

စောင်ကိုဆွဲလာပြီး ကင်မ်ထယ်ယောင်းကို ခြုံပေးကာ  ရင်ဘတ်ပေါ်မှာ မေးထောက်လိုက်ရင်း မေးလိုက်သည်။

" ကျုပ်သိပ်စိတ်မရှည်ဘူးနော် ၊ အောက်ပြန်ဆင်း "

" ငါ့အိပ်ယာလေ ..ဘယ်ဆင်းရမှာလဲ ?"

ကင်မ်ထယ်ယောင်းညာဘက်လက် လက်ညိုးနဲ့ လက်မကိုအသုံးပြုပြီး မျက်ခုံးနှစ်ဖက်ကို နှိပ်နယ်လိုက်သည် ။

" ဟော....တွေ့လား ဘီလူးနဲ့တူပါတယ်ဆို "

 ကင်မ်ထယ်ယောင်းရဲ့ အင်္ကျီအောက်စနားကို ကိုင်ကာ လှန်တင်လိုက်ပြီး ခေါင်း၀င်လိုက်ကာ

" မင်းဘာလို့ ညဘက်မအိပ်တာလဲ ?"

သူ့အင်္ကျီအောက်ထဲကို၀င်ကာ ခေါင်းကိုအငြိမ်မနေပဲ နှဖူးနဲ့ လာတိုက်နေလေသည် ။ Macbook ချလိုက်ပြီး သူ့အင်္ကျီ‌ထဲကို ခေါင်း၀င်နေတဲ့လူကို အသာထားပြီး ဖုန်းကို ယူကာ သီချင်းဖ္ငင့်လိုက်သည်။  G_Eazy ရဲ့
" Tumblr_Girls " ကိုဖွင့်လိုက်သည် ။

" ကျုပ်အင်္ကျီထဲကနေ အခုထွက် "

" အိပ်ရအောင်လေ ..ငါတစ်ယောက်ထဲ မအိပ်ချင်ဘူး "

ဗိုက်ပေါ်ကနေ တစ်ဖြေးဖြေးတက်လာတော့ ကင်မ်ထယ်ယောင်း အင်္ကျီရဲ့အပေါ်ကြယ်သီးနစ်လုံးလောက်ကို ဖြုတ်လိုက်တော့ ခေါင်းလေးထွက်လာသည် ။

" အိပ်ရအောင်လေ ...နော် နော်"

ကင်မ်ထယ်ယောင်းသည် ကိုယ့်ကိုကိုင်းလိုက်ရင် ဂျီမင်ရဲ့မျက်နှာနားထိကို သူ့မျက်နှာကိုကပ်ချလိုက်လေသည် ။

" ဟင့် ..ဒီညမလုပ်ဘူးဆို .."

ကင်မ်ထယ်ယောင်းလက်တစ်ဖက်က ဂျီမင်ခေါင်းကနေကျော်ကာ ကျန်နေသေးတဲ့သူ့အင်္ကျီကြယ်သီးတွေကို အားလုံးကို ဖြုတ်လိုက်လေသည် ။ စောင်ကိုဆွဲယူကာ ဂျီမင်ကို လုံးထွေးလိုက်သည် ။ ပြီးတော့ ဘေးမှာ စောင်နဲ့ လုံးလုံးထွေးထွေးဖြစ်နေတဲ့လူကို နေရာချပေးလိုက်သည်။  ခေါင်းတစ်လုံးကလွဲရင် တစ်နေရာမှ လှုပ်၍မရချေ ။

" Bad Husband" ( Complete)Where stories live. Discover now