" သား ..သက်သာလား ကျောက "
ဒဏ်ရာကို ကုနေတာ ဒီနေ့ပါဆို တစ်ပတ်လောက်ရှိပြီးဖြစ်သည်။ လက်က ပတ်တီးကိုတော့ ဖြုတ်လိုက်ပေမဲ့ အမာရွှတ်တွေကတော့ ရှိနေသေးသည်။
" သက်သာပါတယ် ..."
" အေး ..ဒါပမဲ့လည်း ဒယ်ဒီကတော့သားကို ဆိုင်ကယ်မောင်းခွင့်မပေးနိင်သေးဘူး "
" ဒယ်ဒီကလဲ .."
ဆိုင်ကယ်မမောင်းရဘူးပြောတာနဲ့ စားနေတဲ့ဇွန်းကို ခပ်ပြင်းပြင်းချလိုက်သည်။ မနက်စာ စားတိုင်း ဒီသားအဖနစ်ယောက် ရန်ဖြစ်တက်သည်။ ဒီအိမ်မှာ နေတာကြာလာတော့လည်း ဂျီမင်အကြောင်းသိလာလေသည်။ ကင်မ်ထယ်ယောင်းက အမြဲအန်ကယ်နဲ့ ဆန့်ကျင်ဘက်ကို ရွေးတက်တယ်။ အမြဲတမ်းနီးပါး အန်ကယ်က လိုက်လျောပေးမဲ့ ကင်မ်ထယ်ယောင်း အန္တရာယ်ဖြစ်မဲ့ ကိစ္စမျိုးတွေဆို မရမက တားတက်သည်။ နောက်ပြီး ကင်မ်ထယ်ယောင်းနဲ့ရန်ဘက်ဖြစ်အောင် နေလို့မရချေ။ ထိုအခါ တစ်ဖက်လူအတွက် ရေဆုံးမြေဆုံး ဒုက္ခပေးတက်မှန်းကို သူ့ကိုကြည့်ပြီး ပို၍ သိလာလေသည်။ သူပုံမှန်ဆို တော်တော်သည်းခံနိင်တဲ့အထဲပါပေမဲ့ ကင်မ်ထယ်ယောင်းနဲ့တွေ့တော့ ထိုသို့ ဟုတ်မနေချေ။
" ဂျီမင်တို့အိမ်ကို ဒီအပတ်သွားမယ် သားပါ လိုက်ခဲ့ "
" ဗျာ ..ဒယ်ဒီ.."
" အန်ကယ် "
အန်ကယ့်ရဲ့အပြောကြောင့် ကင်မ်ထယ်ယောင်းရော ဂျီမင်ရောပါ အံ့ဩသွားလေသည်။ ဂျီမင်ဖိတ်တာက အန်ကယ့်ကိုပဲ ကင်မ်ထယ်ယောင်းမပါချေ။
" ဘာလို ဟယ်ဆန်းထိသွားရမှာလဲ ..သားတော့မသွားနိင်ဘူး ၊ တွေ့ချင်ရင် လာပေါ့ "
" ယဉ်ကျေးမူရှိစမ်းပါ ကင်မ်ထယ်ယောင်း ..သူ့သားက မင်ရဲ့မျက်နှာချင်းမှာထိုင်နေတာ "
" ရှိတော့လည်း ဘာလုပ်ရမလဲ ..တွေ့ချင်တဲ့လူက လာပေါ့ "
" ကင်မ်ထယ်ယောင်း "
သူ့အဖေနဲ့ပတ်သက်ရင် ကင်မ်ထယ်ယောင်းက နည်းနည်းတော့ အိုဗာဖြစ်လွန်းတယ်။ သူ့အဖေကိုတောင် မြင်ဖူးလို့လား ? ။ ဟိုတစ်ခါကလည်း သူ့အဖေကို မထီမဲ့မြင်စကားပြောသည်။