" ဒယ်ဒီ နောက်အပတ်အားတယ်မလား ?"
စားစရာတွေကိုကြည့်ပြီး ၀င်မထိုင်တော့ပဲ ရေခဲသေတ္တာထဲကသာ ပန်းသီးတစ်လုံးကိုသာယူကာ ကိုက်ရင် ဒယ်ဒီနဲ့ စကားပြောနေလေသည်။ ဂျီမင်ကတော့ ထုံးစံအတိုင်း သုံးယောက်စာကို ပြင်ဆင်ထားပေးမိလေသည်။
" အေး ..အားတယ် ၊ ဒယ်ဒီပြင်ထားပေးမယ် လေ "
" ဟုတ် ...ဒါဆို သားသွားပြီး "
" အေးအေး .."
ထယ်ယောင်းအိမ်ပြင်ရောက်တယ်ဆိုတာနဲ့ အန်ကယ်က
" သားက အစပ်မစားဘူးလေ ၊ ဒါကြောင့် ဒီမနက်စာကို သားမစားတာ "
" ဪ .."
" သားမာမီက အစပ်တွေ မကျွေးခဲ့တော့ သားကမစားတက်တော့တာလေ ၊ ဗိုက်အောင့်မှာစိုးပြီး မကျွေးရာကနေ မစားတက်တော့တာ သားက "
ဂျီမင်ကျန်တာ ဘာမှမမေးပေမဲ့ မနက်စာသာ တိတ်တိတ်ဆိတ်ဆိတ်စားလိုက်လေသည်။ သူဆွဲထားတဲ့ ဒီဇိုင်းကိုလည်း အန်ကယ်ကို ပေးလိုက်ပါသေးသည်။
" သားအိတ်ကျန်သွားတာပဲ "
ကျောင်းသွားတဲ့လူက အိတ်ကျန်သွားသတဲ့လား ? ။ တမင်ချန်သွားတာလား ? ။ မနေ့က ကိစ္စကို မကျေနပ်လို့ ထပ်လုပ်တာလား ? ။ အကြွေးကျန်သေးတယ် ပြောထားတာမို့ ထပ်လုပ်တာ ဖြစ်နိင်သည်။ သူ့ကို ဒေါသထွက်အောင်လုပ်နေတာပဲ ။
" ဂျီမင် သားအိတ်ကိုယူသွားပေးနိင်မလား ?"
"ဟုတ်ကဲ့ .."
အန်ကယ်က အကူအညီတောင်းတာမို့ သူငြင်းဖို့ ခက်သည်။ တမင်တကာ လုပ်တယ်လို့တော့ သူထင်သည်။ ဒီနေ့တော့ တက္ကစီကိုသာ ဌားစီးခဲ့လေသည်။ ဘာလိုဆို အိမ်နဲ့ကျောင်းနဲ့က လမ်းလျှောက်ရင် တစ်နာရီလောက်ဝေးတာမို့ဖြစ်သည်။
" ပတ်ဂျီမင် .."
ထယ်ယောင်းတို့အခန်းထဲကို ဂျီမင်သွားတော့ အနောက်ကခေါ်တဲ့အသံကြောင့် ဂျီမင်လှည့်ကြည့်လိုက်လေသည်။
" တူတယ်လို့ ထင်နေတာ မှန်နေတာပဲ "
မင်ဟိုက စကားမြည် ပြောတော့ ဂျီမင်နားမလည်သလို ပြန်ကြည့်လေသည်။ ဟုတ်သားပဲ သူ့ကိုမှ ဂျီမင်မသိတာ ။
၊
" ဪ ..ကင်မ်ထယ်ယောင်းရဲ့ သူငယ်ချင်းပါ "