🔥 28 🔥

1.6K 210 35
                                    

၁၀နှစ်အရွယ်ဆိုတာ လူကြီးတွေလို အသိဉာဏ်တွေ ၀င်လာကစအရွယ်လို့ သူထင်သည်။ ပြီးတော့ ဒယ်ဒီက အလုပ်ထဲကိုခေါ်သွားတာကြောင့်လည်း ပါသည်။ မာမီကတော့ ထိုသို့မဟုတ် သူ့အတွက် အားရင် ဆော့ပေးတက်သည်။ အိမ်မှာလည်းအလုပ်သမားတွေက များတာမို့ ကင်မ်ထယ်ယောင်းအတွက်ဆော့စရာလူလည်း များသည်။ မင်ဟိုနဲ့က မာမီရဲ့ ဆွေမျိုးမကင်းတာကြောင့် ကျောင်းပိတ်ရက်တိုင်း လာကစားပေးရာမှ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည် ။ သူတို့အိမ်ထဲကို ခြံစောင့် ဦးလေးကြီး ဂန်ဒို၀န်ဆိုတဲ့ လူကြီး မ၀င်လာခင်အထိပေါ့ ။ တစ်နှစ်လောက်တော့ သူ့ရဲ့အမြီးထွက်မလာအောင်နေနိုင်ခဲ့ပေမဲ့ မာမီဘက်က ရိပ်မိလာပုံရခဲ့သည်။ ဂန်ဒို၀န်ဆိုတဲ့ လူကြီးကို အလုပ်ထုတ်လိုက်ပြီး မကြာခင်မှာပဲ အိမ်ထဲမှာတင် ကင်မ်ထယ်ယောင်းရော မာမီရောပါ ပြန်ပေးဆွဲခံလိုက်ရ‌လေသည်။ ထိုအဖြစ်အပျက်ကြားမှာပဲ မာမီက သေဆုံးခဲ့တာ ။

ဒယ်ဒီကတော့ အချိန်မှီမရောက်နိုင်သလို ၊ကယ်မဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ ။ မာမီရဲ့ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ရလိုက်ပြီးတဲ့နောက်ပိုင်းမှာ အရင်ကနဲ့မတူတော့ပဲ အိမ်မှာပဲ အလုပ်သမားတွေကို မထားတော့တာဖြစ်သည်။ ဒီကိစ္စပြီးတော့ လုံး၀ပြောင်းလဲသွားသူက ကင်မ်ထယ်ယောင်းပင်ဖြစ်သည် ။ ကြောက်လန့်နေတာမျိုးမဟုတ်ပဲ ‌ကိုယ်တိုင်ကြောက်လန့်စရာ လူဖြစ်သွားတာ ။ အညှာအတာလည်း ကင်းမဲ့သလို ၊ စိတ်ကလည်း ကြမ်းတမ်းသွားလေသည် ။

" ငယ်ငယ်လေး ရှိသေးတာပဲ "

ကင်မ်ထယ်ယောင်းက သူ့မာမီဆုံးသွားကြောင်းကို ပြောပြတော့ သူစိတ်မကောင်းဖြစ်သွားသည်။ မိခင်က ကိုယ့်အရှေ့မှာ သေဆုံးသွားတာကို မြင်ရတော့ စိတ်ဒဏ်ရာ ဘယ်လောက်တောင် ရလိမ့်မလဲ ? ။

ကင်မ်ထယ်ယောင်းလက်မောင်းပေါ်ကနေ အုံးထားတဲ့ သူ့ခေါင်းကိုမော့ပြီး ကင်မ်ထယ်ယောင်းမျက်နှာကို ကြည့်လိုက်လေသည် ။ ကင်မ်ထယ်ယောင်းက သူ့ကို ငုံ့ကြည့်ရင်း

" မသိဘူး ၊ မှတ်ဉာဏ်တစ်ချို့က ပျောက်သွားလို့ "

" ဟင့် .."

" Bad Husband" ( Complete)Where stories live. Discover now