🔥 19 🔥

1.7K 206 75
                                    

အိပ်ယာနိုးတော့ နေ့လယ်ချိန်ကိုရောက်နေပြီးဖြစ်လေသည် ။ သူ့ခေါင်းအောက်မှာရှိနေတဲ့အရာက ခေါင်းအုံးလို အိနေတာမျိုးမဟုတ်တော့ မဖွင့်ချင်သေးတဲ့ မျက်လုံးကို အနည်းငယ်လောက်သာဖွင့်၍ဖွင့်လိုက်သည်။ ဘုရားရေ ပြီးတော့ သူ့လက်တစ်ဖက်က ဘာလို ကင်မ်ထယ်ယောင်းရဲ့ ရင်ဘတ်ကို ကိုင်ထားရတာပါလိမ့် ?   ။ နေရာကလည်း သူကျုးကျော်ထားတာ ။ ၃,၄ယောက် အိပ်လို့ရတဲ့နေရာမှာ ကင်မ်ထယ်‌ယောင်းတစ်ကိုယ်စာပဲ အိပ်လို့ပဲရအောင်ထိ သူနေရာယူထားပြီးတောင် ကင်မ်ထယ်ယောင်းဘက်ကို တိုးကပ်သွားသည်။ အိပ်ချင်တောင် ပြေသွားပြီး မျက်လုံးများတောင် ပြူးသွားလေသည် ။ ခေါင်းကို အနောက်သို့ဆုတ်လိုက်သည် ။ ကင်မ်ထယ်ယောင်းရဲ့ကိုယ်ကလူပ်လာတော့ သူချက်ချင်းမျက်လုံးကို ပြန်မှိတ်မိသည်။ ဘာလိုတောင် အအိပ်ဆော့ပြီး ကင်မ်ထယ်ယောင်းနား သွားကပ်ရတာလဲ ? ။

" နိုးရင်ထတော့ သွားစရာရှိတယ် "

သိနေတာလား ? ။ သူနိုးတာကို သိနေတာပေါ့။  ဘာလိုသိတာလဲ ? ။ အကြာကြီး ကြည့်လိုက်မိလို့လား ? ။

မျက်လုံးအတင်းမှိတ်ထားတဲ့လူရဲ့ ခေါင်းအောက်က သူ့လက်ကို ဆွဲထုတ်လိုက်သည် ။ ပြီးတော့ ပုဝါကို လှမ်းယူကာ ခါးမှာ ပတ်လိုက်သည်။  ထိုအချိန်ထိ အိပ်ယာပေါ်မှာပဲ စွတ်ကို မျက်လုံးမှိတ်ထားတဲ့လူကို  ခါးထောက်ကာ ကြည့်လိုက်ရင်

" ၁,၂,၃ ပြီးမှ မထရင် ညကကိစ္စကို ထပ်လုပ်ကြတာပေါ့ "

ထိုအခါ ချက်ချင်းငေါက်ခနဲ့ ထထိုင်သည် ။

" ဘာလဲ ဘာကိစ္စမှ မလုပ်ဘူး "

ကင်မ်ထယ်ယောင်း ကိုယ်ကိုလှည့်လိုက်ပြီး

" ဒီနေ့ Company ကိုမသွားဘူး ၊ အပြင်သွားစရာပဲ ရှိတယ် ညအထိနေရမှာ "

ထိုလောက်သာပြောပြီးကင်မ်ထယ်ယောင်း Bathroom ထဲကို ၀င်သွားလေသည်။ ဂျီမင်ကတော့ စောင်ပုံထဲကနေ မထွက်သေးပေ ။ ကင်မ်ထယ်ယောင်းကို မတွေ့တော့မှ bathrobe ကို ကောက်၀တ်လေသည်။  မျက်နှာသစ်ချင်ပေမဲ့ သစ်လို့မရသေးတာကြောင့် ပြတင်းပေါက်နားကိုသွားကာ အောက်တည့်တည့်က ပန်းပင်တွေကို ကြည့်လိုက်မိသည်။ ဥယာဉ်မှူးကောင်းကောင်းရှိတာကြောင့် ပန်းပင်တွေက လှပကာ စိုပြေနေလေသည်။ ။ ပြတင်းပေါက်ဘောင်ပေါ်မှာ ထူးထူးဆန်းဆန်းနဲ့ ဆေးလိပ်နဲ့မီးခြစ်ကို တင်ထားလေသည်။ ကင်မ်ထယ်ယောင်းက ပြတင်းပေါက်နားကို ဘယ်တုန်းကမှ မလာပါ ။ ဒါကို သူသတိထားမိသည် ။

" Bad Husband" ( Complete)Where stories live. Discover now