" ငါ့မွေးနေ့နောက်အပတ်ပဲ လာမယ်မလား ?"
" မလာတဲ့နှစ် ရှိဖူးလို့လား ?"
မင်ဟိုက အထူးအဆန်းပုံစံနဲ့လာမေးနေလေသည်။ ပျတ်ကွက်ခဲ့တဲ့နှစ်ရော ရှိခဲ့လို့လား ? ။ ကျောင်းလည်း ပြီးတော့မယ်ဖြစ်တာမို့ ထယ်ယောင်းကတော့ အလုပ်ကိုသာ တန်း၀င်ရတော့မယ်ဆိုပေမဲ့ တစ်နစ်လောက်တော့ ပေပေတေ့တေ့နဲ့ နေနေချင်သေးသည်။လူငယ်ဘ၀ရဲ့ အရသာကို လွတ်လွတ်လပ်လပ် ခံစားကြည့်ချင်သေးသည် ။ဒယ်ဒီကတော့ ဥဏ္ဍဌနေရာကို ဆက်ခံချင်နေပြီးဖြစ်လေသည်။
" ပတ်ဂျီမင်ကိုပါ ခေါ်ခဲ့ "
" ဘာလို ခေါ်ခဲ့ရမှာလဲ ..မင်းဟာမင်း ခေါ်ပေါ့ ၊ ငါ့ကို လူဌားနဲ့လာခိုင်းနေတယ် "
" ကတ်ကတ်သက်သက်နဲ့ကွာ မင်းကလဲ ?"
" ဒီအပတ် ဘူဂေးရီးယားကို သွားမလား ?"
ထယ်ယောင်းက မင်ဟိုကို မေးလိုက်တော့ မင်ဟိုက ချက်ချင်းခေါင်းညိတ်သည်။ ဘာလိုဆို ဘူဂေးရီးယားမှာ အပျိုစင်ရောင်းပွဲတော်ရှိတာမို့ ဖြစ်သည်။ ကိုယ်လိုချင်တဲ့ အပျိုစင်ကို ဈေးပေးပြီး၀ယ်လို့ရတာဖြစ်သည်။ အခုခေတ် လူငယ်တွေက ထိုရိုးရာဓလေ့ကို သဘောမကျ ၊ ခေတ်နောက်ကျနေပြီးဟူ၍ ဖျောက်ဖျတ်ခြင်းပေမဲ့ အခုထိတိုင် ထိုရိုးရာဓလေ့ကတော့ စည်စည်ကားကားနဲ့ ရှိနေတုန်းပင်ဖြစ်လေသည်။
" သွားမှာပေါ့...အဆင်ပြေရင်တစ်ယောက်လောက် ၀ယ်ခဲ့မယ် "
" ဒီကောင်တော့ ..."
ထယ်ယောင်းခေါင်းခါလိုက်ပြီး ပြတင်းပေါက်နားမှာ သွားရပ်တော့ ခြံထဲမှာ ပန်းပင်တွေကို ဟိုရွေ့ဒီရွေ့ လုပ်နေတဲ့ ပတ်ဂျီမင်ကို တွေ့ရသည်။ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ပြီး နူတ်ခမ်းမှာ တေ့လိုက်သည်။
" ငါတို့နိင်ငံမှာရော မိဘက သားသမီးကို ငွေကြေးနဲ့ အရောင်းအ၀ယ်လုပ်ချင်တယ်ဆိုတာ ဖြစ်နိင်လား ?"
မင်ဟိုက ခေါင်းကုတ်သွားသည်။ မင်ဟိုတို့ရဲ့မိဘတွေက တစ်ယာက်ကိုတစ်ယာက်ချစ်လို ယူထားတာဖြစ်ပြီး မင်ဟိုကိုလည်း လူကောင်းတစ်ယောက်ဖြစ်အာင် ပျိုးထောင်ပေးထားလေသည်။ ဒါဆိုရင် ပတ်ဂျီမင်လည်း လူကောင်းပဲမလား ? ။ ဒါမှမဟုတ် သူ့မျက်လုံးမှာ ထင်ရှားနေအောင်အတွက် တမင်လုပ်ပြနေတာလား ? ။ ဒါဆိုရင် ဘာလိုတိုက်ခန်းကို ပြောင်းဖို့ ကြိုးစားနေသေးတာလဲ ? ။