🔥 20 🔥

1.5K 213 60
                                    


တစ်ရက်ကျော်မှ သိရတဲ့ ကင်မ်ထယ်ယောင်းနဲ့ လီယွန်းဝူကိစ္စ ။ သူတစ်ယောက်ကလွဲရင် တစ်လောကလူံက သိနေတဲ့အရာလို ။ ကင်မ်ထယ်ယောင်းကလည်း ဘာမှမပြောသလို ၊ မင်ဟိုတို့နဲ့ တွေ့တုန်းကလည်း  အရိပ်အမြွတ်လေးတောင် မသိရပေ ။ သူပဲ တုံးလွန်းတာလား ? ။ အဓိက က ကင်မ်ထယ်ယောင်းပဲ ။ ကင်မ်ထယ်ယောင်းရဲ့ မျက်နှာမှာ ဘာမှကို မခံစားရတာ ။ ဖောက်ပြန်နေတယ်ပြောဖို့ကျ အဲကျတုန်းက သူ့နောက်ကို ဘယ်လောက်မှ မကြာဘူး လိုက်လာခဲ့တာပဲ ။ ဖောက်ပြန်ရင်တော့ ကောင်းသလို သူလည်း အေးချမ်းတယ်ဆိုပြီးတွေးနိင်ပေမဲ့ တက်လာတဲ့ ဓာတ်ပုံက ကင်မ်ထယ်ယောင်းဘက်က လူပ်ရှားနေတာ မရှိတော့ ပြောရခက်သည် ။

ဖောက်ပြန်တယ်ဆိုပါဆို  သူ့ဘက်က တရားစွဲရအောင်လည်း ဒီနိင်ငံမှာ လိင်တူလက်ထပ်ခွင့်တောင် ပေးထားတာမှ မဟုတ်တာ ။ ထိုင်၀မ်မင်္ဂလာဆောင်လို့ ထိုင်၀မ်မှာ တရားသွားဆွဲရမှာလား ? ။

Company ကိုရောက်တဲ့အထိ Company ‌က လူတွေရဲ့အကြည့်တွေက သူ့ဆီမှာပဲ ဝဲပျံနေလေသည်။ ကင်မ်ထယ်ယောင်းကလည်း အလုပ်ကိစ္စနဲ့ရူပ်နေလေသည် ။

" ဒူနာ .."

" ဟင့် ..ဂျီမင်ဘာလိုချင်လို့လဲ ?"


မနေ့ညက အကြောင်းလည်း ကျန်ပါသေးသည်။ အိမ်ကို ဘာလိုရောက်လာသလဲဆိုတာကို သူအခုထိ တွေ့လို့မရသေးပေ ။ ဒူနာထည့်ပေးသလောက်ကို သူသောက်လိုက်မိတာ ။ အဲနောက်ပိုင်းကို ဆက်မသိတော့ပါ ။ သူ သူ့ရဲ့ရုံးခန်းထဲမှာ မနေနိင်ပါ။ မနေ့ညက အကြောင်းလည်း သိဖို့လိုတယ် ။

" ဘာမှ မလိုချင်ပါဘူး ..ဟိုလေ ..မနေ့ညကအကြောင်းပဲ သိချင်လို့ ..ကျွန်တော်ဘာမှ မမှတ်မိလို့"

ဂျီမင်စကားကြောင့် ဟန်ဆိုဟီးလည်း ခေါင်းကုတ်လိုက်သည် ။ သူလည်းတကယ်မသိပေ ။ သူလည်း စသောက်တဲ့အချိန်နဲ့ တစ်ပုလင်းမကုန်ခံအထိပဲ သတိရတာ ။ ကျန်တာကို ဟန်ဆိုဟီးလည်း တစ်လုံးမှ မမှတ်မိပေ ။

" ဂျီမင်ရယ် ..ဒူနာတောင် ရုံးရောက်ရင် ဂျီမင့်ကို မေးမလို့ပါ "

"...."

ဆက်ပြောစရာမရှိတော့ပေ ။ ညက အမှားတွေလုပ်ခဲ့သလား ? ။ အိမ်ကတစ်ယောက်ကလည်း သူ့ကို ဘာဆိုဘာမှ မပြောဘူး ။ လစ်လျူရူလိုက်တာပဲလား ဘာလားတော့မသိ ။

" Bad Husband" ( Complete)Where stories live. Discover now