Part2

2.6K 96 0
                                    

"ရှင်တို့ ကူးကိုမနှောင့်ယှက်ပါနဲ့...."
အပေါင်းအသင်းမရှိသည့်ကူးက တစ်ယောက်တည်း လမ်းထိပ်မုန့်ဝယ်ထွက်လာခြင်းဖြစ်သည်။ ဘယ်ကမှန်းမသိသည့် လူနှစ်ယောက်က စကားလိုက်ပြောနေသည်မို့ ကူးစိတ်ပျက်နေမိတာအမှန်ပင်။
"အိုး နာမည်လေးက ကူးတဲ့လား ချစ်စရာလေးနော်..."
"လမ်းထဲကိုပြောင်းလာတာမကြာသေးဘူးထင်တယ်နော်...."
"ရှင်တို့အပူမပါပါဘူး..."
"ကိုယ်တို့အပူမပါပေမယ့် ခင်ဗျားလေးနဲ့ခင်ချင်လို့ပါ..."
"ရှုပ်ရှုပ်ယှက်ယှက်တွေ...ကျွန်မကတော့ရှင်တို့နဲ့မခင်ချင်ဘူး ဒါကြောင့်ဆက်ပြီးမနှောင့်ယှက်ပါနဲ့...."
"ကလင် ကလင်..."
ထိုစဉ် သူမတို့အနောက်မှ စက်ဘီးဘဲလ်တီးသံကြားလိုက်ရသည်မို့ လှည့်ကြည့်လိုက်မိတော့ ဟိုဘက်ခြံကလူဖြစ်နေသည်။ ထို့ထက် အံသြမိတာက သူမက မိန်းကလေးဖြစ်နေတာပင်။ မိန်းကလေးလိုဝတ်စားထားတာမဟုတ်သော်လည်း အနီးကပ်သေချာကြည့်လိုက်တော့မှ မိန်းကလေးဖြစ်နေသည်။ ဆွဲဆောင်မှုရှိသည့် ခပ်မာမာ မျက်နှာထားလေးနှင့် သူမပုံစံကပဏာရလေ၏။
"ကိုယ့်ဇယားကိုလမ်းဘေးကပ်ရှင်းကြ သုံးယောက်တည်းနဲ့လမ်းပိတ်နေတယ်..."
တိုနံ့နံ့စကတ်လေးဝတ်ထားသည့် ကောင်မလေးဘေးမှာ သူမတို့ရပ်ကွပ်ထဲကကောင်နှစ်ကောင်။ ဖွန်လိုက်ကြောင်နေတာမှန်းသိသော်လည်း မလုံ့တလုံဝတ်ပြီး လမ်းထွက်လာသည့် ဟိုကလေးမလေးကို အမြင်ကပ်တာကြောင့် ကူညီဖို့ဆိုတာဝေးသည့်အပြင် သုံးယောက်လုံးကို ခပ်ဟောက်ဟောက်ပြောပစ်လိုက်သည်။
"ကူးတို့က ဇယားမဟုတ်ပါဘူး ဒီလူတွေလိုက်နှောင့်ယှက်နေကြတာ မမ..."
စက်ဘီးနင်းပြီးထွက်သွားရန်ပြင်နေသည့် ခါးခြေလှမ်းတွေတန့်သွားရသည်။ သူ့ကို မမလို့ခေါ်လိုက်သည့် ကောင်မလေးရဲ့အသံက ချိုမြမြလေးဖြစ်သည်။ ဒီကောင်မလေးက သူ့ကိုသိနေတာလား။
" မင်းက ငါ့ကိုသိလို့လား..."
ခါးရဲ့အမေးကို ကောင်မလေးက ဝမ်းသာအားရခေါင်းညိမ့်ပြသည်။
"ဟုတ် ကူးက မမတို့နဲ့မျက်နှာချင်းဆိုင်ခြံကပါ...ကူး မမနဲ့လိုက်ခဲ့ပါရစေနော်... "
ကူးက မမကိုတောင်းပန်တိုးလျှိုသည့် အကြည့်လေးဖြင့်ခွင့်တောင်းလိုက်ပြီး သူမဘေးတွင် ရပ်နေသေးသည့် ဟိုနှစ်ကောင်ကိုလည်း မျက်စောင်းထိုးပစ်လိုက်သည်။
"နင်တို့ကဘာရပ်လုပ်နေသေးတာလဲ..."
မမက သူမဘေးကကောင်တွေကို ခပ်မာမာလေးမေးလေတော့ သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသေး၏။ သူတို့ မမကိုတော့ ရှိန်နေပုံရသည်။ ထိုနှစ်ယောက်လည်း မသွားချင်သွားချင် ပုံစံမျိုးဖြင့်ထွက်သွားကြသည်။
"ကူး အရှေ့ကထိုင်စီးရမှာလားဟင်..."
နောက်ထိုင်ခုံမပါဘဲ ရှေ့တွင်တန်းလေးပါသည့် ပြိုင်ဘီးလေးဖြစ်နေတာကြောင့် ကူးက ခပ်ကြွကြွလေးမေးလိုက်သည်။
ကောင်မလေးရဲ့အမေးကြောင့် ခါးကမှုန်တေတေဖြင့် သူ့စက်ဘီးကိုကြည့်လိုက် ကောင်မလေးကိုကြည့်လိုက်ဖြစ်နေသည်။
"မင်းကို တင်ခေါ်မယ်လို့ ဘယ်သူကပြောလို့လဲ..."
"ဟမ်...!!ဟိုလူတွေကျမောင်းထုတ်ပေးပြီး.."
"အဲ့ကောင်တွေကိုခေါ်ထားချင်လို့လား.."
ခပ်ဂျစ်ဂျစ်လေးမေးလိုက်သည့် ခါးစကားကို ကောင်မလေးက ခေါင်းခါပြရင်းဖြင့်
"ဟုတ်ပါဘူး သူတို့ကိုမောင်းထုတ်ပြီး ကူးကို မမစက်ဘီးနဲ့ အိမ်လိုက်ပို့ပေးမှာလားလို့..."
"ဘာကိစ္စ မင်းကိုတင်ခေါ်ရမှာလည်း..."
"အိမ်နီးနားချင်းတွေပဲကိုမမကလည်း..."
"sorryပါ မင်းကိုတင်ခေါ်ဖို့ ဆန္ဒမရှိဘူး အဲ့တော့ ကိုယ့်ဘာသာလမ်းလျှောက်သွား Okay''
ထိုသို့ပြောပြီးတာနှင့် ခါးရဲ့စက်ဘီးလေးအား သူမရှေ့မှ နင်းသွားတော့သည်။ ကောင်မလေးကတော့ ဆူဆူပုတ်ပုတ်မျက်နှာထားလေးဖြင့်ကျန်ခဲ့၏။
"အိမ်နီးနားချင်းတွေ..တဲ့.."ထိုသို့ နှုတ်မှရေရွတ်ရင်းပြုံးလိုက်မိသည်။
စက်ဘီးနင်းပြီးထွက်သွားသည့် မမကျောပြင်ကို ကူးမျက်စောင်းလေးထိုးလိုက်မိသည်။
"ဟွန့် မာနကြီးလိုက်တာ..."
ပွစိပွစိလေးပြောရင်းကျန်နေခဲ့သည့်ကူး..။
"ဟာ..!မေ့နေတာ နာမည်လေးတောင်မမေးလိုက်ရဘူး ဟူးး..."
✴✴✴✴✴✴✴✴✴
"မျက်နှာကလည်း ဆူပုတ်ပုတ်နဲ့ ဘာဖြစ်လာတာလဲသမီး..."
ဧည့်ခန်းထဲတွင်ထိုင်နေသည့် မေမေ့အပြောကြောင့် ကူး မေမေ့အနီးတွင် ခြေပစ်လက်ပစ်လေးဝင်ထိုင်လိုက်သည်။ မေမေက ကူးမျက်နှာလေးကို ဂရုတစိုက်ကြည့်ရင်းဖြင့် ထပ်မေးလေသည်။
"ပြောပါဦး မေမေ့သမီးလေးကို ဘယ်သူကဘာပြောလိုက်လို့လည်း..."
"ဘာမှမဟုတ်ပါဘူးမေမေရယ် ကူးကိုလမ်းမှာကောင်လေးတွေလိုက်စလို့..."
ထိုသို့ပြောလိုက်ကာမှ မေမေကအလန့်တကြားဖြစ်သွားသည်။
"ဟမ်!! ဟုတ်လား မေမေ့သမီးလေးကို ဘယ်ကကောင်တွေကလိုက်နှောင့်ယှက်တာလဲ... "
"မသိပါဘူးမေမေရယ်.... ထားလိုက်ပါ ကူးဘာမှမဖြစ်ပါဘူး.."
ပြုံးပြုံးလေးဖြင့် မေမေ့ကိုဖက်ချွဲရင်းပြောလိုက်တော့မှ မေမေစိတ်သက်သာသွားပုံရသည်။
"အင်း..ဟုတ်ပါပြီ ဘာမှမဖြစ်တာသေချာရင်လည်း မေမေ သမီးအတွက် မုန့်ဟင်းခါးချက်ထားတယ် သွားစားလိုက်ဦး.."
"ဟာ ဟုတ်လား ပွတာပဲ ဆွဲပြီ..."
ကူးက သူ့ဗိုက်လေးကို ပွတ်ရင်းပြောလေသည်။
"မေမေကော စားပြီးပြီလား..."
"အင်း..မေမေကစားပြီးပြီ သမီးလေးပဲစားလိုက်တော့နော်..."
"ဟင့်....တစ်ယောက်တည်းစားရတော့မှာပေါ့လေ..."
မိသားစုလူမစုံချိန်မှာစားသောက်လေ့မရှိသည်မို့ ကူးကနှုတ်ခမ်းစူစူလေးဖြင့်ပြောလိုက်သည်။
"တစ်ရက်တလေပဲ သမီးလေးရယ် တစ်ယောက်တည်းစားလိုက်ပါနော် "
"ဟွန့် ဒါဆိုလည်း မေမေ ကူးဘေးမှာထိုင်နေပေးနော်...."
မေမေ့ကိုဖက်ပြီးမော်ကြည့်ရင်း ချွဲချွဲနွဲ့နွဲ့လေးပြောလိုက်သည်။ ချစ်စရာကောင့်သည့် သမီးဖြစ်သူအား ချစ်စနိုးလေးမျက်စောင်းချီကြည့်လိုက်သည်။
"ဟုတ်ပါပြီ...ချွဲစိန်လေးရယ် မေမေလိုက်ထိုင်ပေးပါ့မယ် ဟုတ်ပြီလား..."
"ဟီး...ဟုတ်..."
လိုချင်တာရသွားသည့် ကူးက မျက်နှာလေးရွှင်ပျနေတော့သည်။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
"တစ်နေကုန်အလေလိုက်နေတော့မှာလား..."
စက်ဘီးလေးဒေါက်ထောက်ပြီး အိမ်ထဲဝင်ဝင်ချင်း အမေ့ရဲ့စကားကြောင့် အိမ်ပေါ်တက်ရန်ပြင်နေသည့် ခါးခြေလှမ်းတွေရပ်တန့်သွားသည်။ အမေရှိနေသည့် နေရာသို့မသွားဘဲ လှေကားရင်းမှာပဲ ခြေစုံရပ်နေမိသည်။
"နင် မိဘပိုက်ဆံကို ဘယ်အရွယ်ထိထိုင်ဖြုန်းနေမှာလည်း... "
"•••••••••••••"
"မိန်းမဖြစ်ပြီး ပေတေလေလွင့်နေတာ လူပုံကကျားမဟုတ် မမဟုတ်နဲ့ ဘယ်အချိန်ထိအခုလိုတွေလုပ်နေမှာလည်း ..."
"ကျွန်တော်က ဘာလုပ်နေလို့လဲ အမေ..."
ဆံပင်တွေကိုလှန်သလပ်လိုက်ပြီး စိတ်ပျက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
"ဘာလုပ်နေလို့လည်း ဟုတ်လား နင့်ပုံစံလည်း နင်ပြန်ကြည့်ဦး လမ်းသရဲလိုလို လူရမ်းကားလိုလို... "
"ကျွန်တော့်ပုံစံက အမေတို့ကို ဘာထိခိုက်နေလို့လဲ..."
အကန်တွေချည်းပြောနေသည့် ခါးကို အမေစိတ်တိုလာပုံရသည်။ အမေစိတ်တိုလာသလို သူ့ကိုပွားတော့မည့် အရေးကိုကြိုမြင်မိတာကြောင့် စိတ်ရှုပ်သွားရသည်။
"အခုမှ ဝင်လာတာ ဒါဘယ်ပြန်ထွက်မလို့လဲ..."
အပြင်ပြန်ထွက်ရန်ပြင်နေသည့် ခါးကို အမေကဒေါသတကြီးမေးလေသည်။
"အပြင်သွားမလို့..."
ပြောပြီးတာနှင့်လှည့်ထွက်သွားခဲ့တော့သည်။ အိမ်ဝရောက်တော့ မတ်တပ်ရပ်ပြီး အမေ့ကိုစောင်းငဲ့ကြည့်လိုက်တော့ သူ့ကိုမတားဘဲ စိတ်တိုဒေါသထွက်နေသည့်အမေ။ အမေသူ့ကိုကြည့်နေတာပဲမို့ အမေ့ရှေ့မှာပဲ ဆေးလိပ်ဘူးကိုထုတ်ကာ ဆေးလိပ်တစ်လိပ်မီးညှိပြီး နှုတ်ခမ်းမှာတေ့ထားလိုက်သည်။ အမေ့ကို ထပ်မံငဲ့စောင်းကြည့်လိုက်တော့ သူမကိုစိတ်ပျက်ပြီး မပြောတော့ဘူးဟူသည့်ပုံစံဖြင့် ထိုင်နေသည့် အမေ့ကိုတွေ့ရသည်။ ဆေးလိပ်ငွေ့တွေကို အိမ်ဝမှာပဲ ရှိုက်ထုတ်လိုက်ပြီး အပြင်သို့ထွက်သွားတော့သည်။
ခြေလှမ်းတွေ ဦးတည်ရာမဲ့နေခဲ့တာ သူမအတွက် အစဉ်အလာတစ်ခုဖြစ်နေခဲ့တော့သည်။💔
လမ်းမထက်က သူ့ခြေရာတွေဟာ ဝေဒနာသည်တစ်ယောက်ပါလို့ ဖွင့်ဟနေသယောင်ပင်...🖤

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now