Part4

2.2K 94 0
                                    

"ပစ္စည်းတွေသေချာချကြနော်...."
ခါးအပြင်ကပြန်အလာ ခြံထဲဝင်မယ်လုပ်တုန်း ကိုယ့်ခြံနဲ့မျက်နှာချင်းဆိုင်သို့ လူသစ်တွေရောက်လာတာကိုတွေ့ရသည်။ ဘာရယ်မဟုတ်ပဲ ရပ်ကြည့်နေမိသည်။ ကားပေါ်မှ ပစ္စည်းတင်သူတင် ချသူချနှင့် ခြေရှုပ်နေကြသည့် လူတွေကြားမှ ကလေးဆန်ဆန်မျက်နှာလေးတစ်ခုကိုတွေ့လိုက်ရသည်။ အမေဟုထင်ရသည့်အမျိုးသမီးကိုဖက်ပြီး စကားပြောနေသည်မှာ တကယ့်ကလေးဆိုးလေးပုံစံဖြစ်သည်။ ဂုတ်ပေါ်ဝဲကျနေသည့်ဆံနွယ်လေးတွေနှင့်အတူ ကလေးဆန်ဆန်မျက်နှာလေးက လိုက်ဖက်လွန်းလှသည်။ မျက်တောင်ကော့လေးတွေအောက်ကမျက်လုံးဝိုင်းဝိုင်းလေးရဲ့ ကြည်လင်တောက်ပနေမှုတွေရယ် နီနီထွေးထွေးနှုတ်ခမ်းပါးတစ်စုံရယ်က လိုက်ဖက်တင့်တယ်လွန်းလှသည်။ ခါးတစ်ယောက် အချိန်တော်ကြာငေးမောနေမိသည်။ ဘယ်လောက်ထိငေးနေမိတယ်မသိ သူတို့ခြံတံးခါးပင်ပိတ်သွားသည်မို့ ခါးကိုယ့်ခြံထဲသာ ကိုယ်ဝင်ခဲ့တော့သည်။ မျက်လုံးထဲမှာ ဟိုကောင်မလေးရဲ့ပုံစံလေးစွဲထင်နေသည်ကိုတော့ ခါးအံသြလို့မဆုံးပေ။
ထမင်းစားခန်းထဲတွင် ဘုဘောက်ကျနေသော အဖေနဲ့အမေအား ကြည့်ရုံသာကြည့်ပြီး အိမ်ပေါ်ဝရန်တာသို့ သွားရန် သူမအခန်းမှ ဂစ်တာလေးကိုယူလိုက်သည်။ ဝရန်တာကိုရောက်တော့ အလိုလိုအကြည့်ရောက်သွားသည်က တစ်ဖက်ခြံသို့ဖြစ်သည်။ ထိုအခါ ဝရန်တာတွင် သူ့ကိုငေးကြည့်နေသည့် စောစောက သူမငေးခဲ့သည့် ကောင်မလေးကိုတွေ့ရသည်။ သူမကိုထပ်ငေးနေမိမှာဆိုးတာကြောင့် ဂစ်တာကိုကြိုးညှိနေလိုက်သည်။ ချစ်စရာကောင်းတဲ့ကောင်မလေးကို ထပ်မံငေးမောနေချင်မိသည့်စိတ်ကို အလွန်အမင်းထိန်းထားရသည်မို့ ဂစ်တာကြိုးညှိနေသည်က ကပေါက်တိကပေါက်ချာ။
ခါးတစ်ယောက်တည်း ကိုယ့်ရင်ခုန်သံတွေကိုယ်ပြန်ကြားနေရသည်။
💫💫💫💫💫
"ငါထူးဆန်းနေလား.:."
စန္ဒကူးဆိုတဲ့ကောင်မလေးနဲ့ သူငယ်ချင်းလုပ်ဖို့ ပြက်ပြက်ခါခါငြင်းဆိုလိုက်တာ သူမထူးဆန်းနေတာလား။ တကယ်ဆိုရင် မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရမှာပဲ သူ့မှာခုလို ခါးခါးသီးသီးဖြစ်နေစရာမှမလိုပဲ။
~~~~~~~
"ခါးကအဲ့လိုပဲဟ အပေါင်းအသင်းသိပ်မမက်ဘူး..."
လျှောက်လည်ကြတာကိုတောင် စိတ်မပါသည့်ပုံစံဖြင့် ညှိုးငယ်နေသော ကူးကို ရန်နိုင်ကနှစ်သိမ့်နေမိသည်။
"ကူးပုံစံက မမအမြင်ကပ်စရာဖြစ်နေလို့လားဟင်..."
"ငါပြောပါရော ကူးရာ ခါးပုံစံကိုကဘယ်သူနဲ့နေနေ အဲ့လိုပဲ သိပ်ခံစားမနေနဲ့နော်..."
ရည်းစားကပျက်ပြီလို့ပြောလိုက်တဲ့အတိုင်း ခံစားနေသော ကူးကို ရန်နိုင်ကမနေနိုင်မထိုင်နိုင်ဖြင့် ချော့မော့နှစ်သိမ့်နေရသည်။ ထိုနေ့တစ်နေ့လုံး သူတို့နှစ်ယောက်တည်းရဲ့ပျော်ပွဲစားက ပျင်းခြောက်စရာကောင်းနေတော့သည်။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
"အေမ့..."
"ဘာလဲ..."
ညှင်သာမှုမရှိသည့်ခေါ်သံနှင့် နွေးထွေးမှုမရှိသည့်အထူးက သားအမိစကားပြောနေခြင်းဟု ယုံနိုင်ဖွယ်ရာမရှိပေ။
ခါးက မိခင်ဖြစ်သူနှင့်မျက်စောင်းထိုးလောက်တွင် ဝင်ထိုင်လိုက်ကာ မျှော်လင့်ခြင်းမျက်ဝန်းတစ်စုံနှင့် ကြည့်လိုက်မိသည်။
"အမေ့ကိုခါးပြောစရာရှိလို့ပါ..."
"••••••••••••••"
ခါးရဲ့စကားကို နားမထောင်လိုသည့်မျက်နှာထားဖြစ်နေသည့် အမေ့ကိုကြည့်ပြီး ခါးသက်ပြင်းငွေ့ငွေ့လေးချလိုက်မိသည်။ အမေက ဘာကြောင့်ခါးအပေါ်မှာ စိမ်းကားရက်နိုင်ရတာလဲ...?
ထိုအတွေးဝင်မိတိုင်း ခါးရင်ထဲမှာ နင့်နေအောင်ခံစားရသည်။ သူမသဘောမကျပေမယ့်လည်း မိန်းကလေးပီပီ မျက်ရည်ဝဲလာရသည်။
"နင်ပြောဦးမှာလား ငါ အပြင်သွားစရာရှိတယ်..."
အမေ့ဆီက ခပ်မာမာအသံကြားမှ ဝဲနေသည့်မျက်ရည်တွေကို ပတ်ြခက်သိမ်းဆည်းလိုက်ရသည်။
"ကျွန်တော် အဖေ့လုပ်ငန်းတွေမှာဝင်ကူလို့ရမလား..."
ထိုစကားကိုကြားတော့ အမေကခါးကို အံသြစွာကြည့်သည်။
"ဘာရယ် နင်ကနင့်အဖေအလုပ်မှာဝင်ကူမယ် ဟုတ်လား..."
"ဟုတ်...."
"နင်ကအတန်းပညာဘယ်လောက်ရှိလို့လဲ အကုန်တလွဲတွေဖြစ်ကုန်မှာပေါ့ "
ခါး မျှော်လင့်ထားသည့်စကားမို့ ခါးပျော်သွားကသည်။ သူမဆင်ထားသည့်အကွက်က
"အဲ့လိုမဖြစ်ရအောင် ခါးကိုဆယ်တန်းပြန်ဖြေဖို့ အခွင့်အရေးပေးပါ့လားဟင် ခါး ဆယ်တန်းပြန်ဖြေချင်လို့ပါ..."
"အို...တော်စမ်းပါ တစ်နေ့တစ်နေ့အလေလိုက်ဖို့ပဲသိတဲ့နင်က ဆယ်တန်းစာကိုပြန်ကျတ်မှာတဲ့လား လွယ်လွယ်လေးလို့သဘောထားနေတာလား မိခါး ဒါမှမဟုတ် ငါတို့ကိုစည်းစိမ်ပြုတ်အောင်ကြံနေတာလားဟင်..... ကိုယ့်ဘာသာအေးဆေးပဲနေစမ်းပါအေ...."
ခါး စာမေးပွဲပြန်ဖြေမယ် အဖေ့အလုပ်တွေဝင်ကူမယ်ပြောတိုင်း အမေခါးကို တားမြစ်ပိတ်ပင်နေကျ စကားတွေဖြစ်သည်။ အဲ့လိုတားမြစ်တာလည်းအမေ ခါးကို လေလွင့်ပျက်စီးနေတဲ့အပေအတေဆိုပြီး အများသိအောင် ကြော်ငြာသမုတ်တာလဲအမေ...။ ခါး အမေ့ကိုဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်ရသည်။
✴✴✴✴✴✴✴✴✴✴✴✴
"နင်ကလည်း နင့်အမေခွင့်မပြုရင် နင့်အဖေပြောကြည့်ပါလား..."
"အဖေက ဘာမှမပြောဘူး ယုံကြည်လွန်းလို့မပြောတာမျိုးတော့မဟုတ်ဘူး လုပ်ချင်တာလုပ် နေချင်သလိုနေ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့သဘောမျိုး လွှတ်ထားတာ...ဒါပေမယ့် ငါလိုချင်တာ ငါ့မိဘတွေဆီက ကြည်ကြည်ဖြူဖြူခွင့်ပြုပေးပြီး ငါ့ကိုအားပေးကြတာကိုပဲ အဲ့ဒါကြောင့် အဖေနဲ့အမေရဲ့ခွင့်ပြုချက်မပါပဲ ငါမဖြေချင်ဘူး..."
"ဟူးး နင့်အဖြစ်ကလည်းဟာ မိဘအရင်းနဲ့နေရတဲ့သူလို့ကိုထင်ချင်စရာမရှိဘူး..."
ခါးကိုကြည့်ပြီး သက်ပြင်းချနေသည့် ရန်နိုင်။ ခါးနဲ့သူက ဟိုးငယ်ငယ်ကတည်းက ခင်လာခဲ့တာဖြစ်သည်။ အတိအကျဆိုရင်တော့ ခါး တစ်တန်းတက်ကတည်းကပင်။ ပျော့တိပျော့ညံ့ဖြစ်သည့်ရန်နိုင်က ခါးနဲ့သူငယ်ချင်းဖြစ်ပြီးနောက် ခါးအနိုင်ကျင့်သမျှ သည်းခံရှာသည်။ ရန်နိုင့်ကို အနိုင်ကျင့်တဲ့သူတွေအားလုံး ခါးရဲ့လက်စာမိကြရသည်။ ဒါကြောင့် ခါးကရန်နိုင့်အတွက် ငယ်ငယ်ကတည်းက စူပါဟီးရိုးဖြစ်သည်။ ဟိုးအရင်ကတည်းက ခါးအပေါ်မကြင်နာကြသည့် ခါးရဲ့မိဘတွေက အခုချိန်ထိလည်း ခါးအပေါ်မှာ မိထွေး ၊ပထွေးပမာ ဆက်ဆံကြလေသည်။ ရန်နိုင်ကတော့ ခါးရဲ့မိဘတွေကိုကြည့်မရပေ။ သူငယ်ချင်းဘက်လိုက်တယ်ပဲ ပြောပြော  ခါးက သူ့မိဘတွေနှင့်ပတ်ဝန်းကျင်က သမုတ်နေကြသည့် ဆိုးသွမ်းသောင်းကျန်းနေသောအပေအတေလေး မဟုတ်တာတော့ ရန်နိုင်ရဲရဲကြီး အာမခံရဲသည်။
ခါးက အနေအထိုင်အေးဆေးသည့် မိန်းကလေးဖြစ်သည်။ နောက်ပြီး ခါးက တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည့် သူ့ကိုတော့ သံယောဇဉ်ရှိသည်။ သို့သော်လည်း ထိုသံယောဇဉ်ကို ဖော်မပြတတ်ပေ။ စကားပြောရင် မိန်းကလေးလို့ မထင်ရလောက်အောင် တုံးတိပြောတတ်သည်။ ကျောင်းမှာ ရန်ဖြစ်ရတိုင်းလည်း သူ့ဘက်ကကာကွယ်ပေးရင်းဖြစ်ရတာများသည်။ ခါးရဲ့မိဘတွေကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာကို စိတ်မဝင်စားသလို သိလည်းမသိချင်ပေ။ ခါးကိုသာ လှိမ့်ရိုက်ကြသည်။ ရန်နိုင်ဝင်ရှင်းပြလည်းမရပေ။ ဒါကြောင့်လည်း ခါးမိဘတွေကို ရန်နိုင် အမြင်ကပ်သည်။ ြ့ကည်လို့လည်းမရပေ။
"ဒေါက်...."
"အမလေးဗျ...."
ရန်နိုင့်ခေါင်းကိုလာမှန်သည့် အရာတစ်ခုကြောင့် ရန်နိုင်လန့်သွားသည်။
"ဘာလဲဟ..."
ခါးက သူတို့နှစ်ယောက်ရှေ့သို့ ကျုးကျော်ရောက်ရှိလာသော ကြက်တောင်လေးကို ကောက်ယူလိုက်သည်။
"အဲ့ဒါ ဘယ်ကကျလာတာလဲဟ..."
ခါး လက်ထဲမှ ကြက်တောင်လေးအား ရန်နိုင်ကြည့်ပြီးမေးလိုက်သည်။
ထိုစဉ်
"အဲ့ဒါ ကူးပစ္စည်းလေးပါ..."
တိုနန့်နန့်ဘောင်းဘီလေးနှင့် ရှေ့သို့ဟိုက်ချထားသည့်ကိုယ်ကြပ်အင်္ကျီက ပုရိသတွေကို စိန်ခေါ်နေသလိုပင်။ ပေါ်ပေါ်ရော်ရော်ဝတ်စားထားသည့် ကူးဆိုသော အသံချိုချိုနှင့်ကောင်မလေးကို အဝတ်အစားကြည့်ရုံနဲ့တင် ခါးမျက်နှာရှစ်ခေါက်ချိုးဖြစ်သွားရသည်။
"ဩ ဘယ်သူများလဲလို့ မိကူးကိုး ဒါတမင်သက်သက်ငါ့ကိုလုပ်ကြံတာပေါ့နော်...."
"မဟုတ်ပါဘူး အစ်ကိုကလည်း ကူးတို့က အပြင်မှာဘက်တံရိုက်နေတာပါ မတော်တဆခိုင်းမိတာပါနော်..."
"အင်း ဟုတ်ပါပြီ မနေ့တစ်နေ့ကမှ မန္တလေးရောက်လို့သာပဲနော် သူငယ်ချင်းသစ်ထပ်ရသွားပြီပေါ့ ကိုယ်တောင်မိတ်ဆတ်ပေးစရာမလိုဘူးနော်...."
"ခစ်ခစ် ဒါကတော့ ကူးကချစ်စရာကောင်းတာကိုး..."
"အပြောတတ်ပါ့နော်..."
ယောကျာ်းလေးတစ်ယောက်နှင့်ရိုက်လားပုတ်လား ပြောဆိုပြီး ငယ်ပေါင်းသူငယ်ချင်းသူမထက် ရင်နှီးဖော်ရွေလွန်းနေသည့် စန္ဒကူးဆိုသည့် ကလေးမလေးကို ခါးသိပ်ကြည့်မရချင်တော့ပေ။ သူစိမ်းယောကျာ်းလေးနဲ့ အဲ့လောက်ရင်းနှီးစရာလိုလို့လား။
"မမ...."
"ဟင်..."
မျက်ခုံးကြီးကျုံ့ထားရင်း ကူးကိုကြည့်နေမိသည့် ခါးက ကူးရုတ်တရက်ခေါ်လိုက်တော့ ခန္ဓာကိုယ်လေးဆက်ကနဲဖြစ်သွားအောင်ထိ လန့်သွားသည်။
"ပြော...."
လန့်သွားတာကို အရှက်ပြေ အသံခပ်မာမာနှင့်ပြောလိုက်သော်လည်း ရန်နိုင်က ပြုံးစိစိဖြစ်နေသည်။
"မမလက်ထဲက ကူးရဲ့ကြက်တောင်လေး..."
ကောင်မလေးက လက်ကမ်းရင်း ခါးလက်ထဲက သူမပစ္စည်းလေးကိုတောင်းနေတာကြောင့် ပေးလိုက်သည်။
ထိုအချိန်......
"သမီးငယ် အဲ့ဒါဘာလုပ်နေတာလဲ..."
စျေးခြင်းတောင်းကြီးနှင့် ခြံထဲဝင်လာသော အမျိုးသမီးကြီးတစ်ဦးအား ခါးရော ရန်နိုင်ပါကြည့်လိုက်ကြသည်။
ထိုအမျိုးသမီး၏ စိမ်းသက်ခါးသီးသည့် အကြည့်တွေက ခါးဆီကိုသာ တန်းတန်းမတ်မတ်ရောက်လေသည်။ ခါးကလည်း ဘလိုင်းကြီး သူ့ကို မာန်ဆောင်နေသော ထိုမိန်းမကြီးအား မကျေမချမ်းပုံစံဖြင့် ပြန်ကြည့်ပေးလိုက်သည်။ တစ်ဦးနှင့်တစ်ဦး အကြည့်စစ်ခင်းနေကြသော မမနဲ့အမေ့ကိုကြည့်ပြီး ကူး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ မမကိုလည်းအားနာနေမိသည်။
"အမေ စျေးကပြန်လာတာလား.."
တိတ်ဆိတ်ခြောက်ခြားရာကောင်းသည့် အခြေအနေကိုဖြိုခွင်းလိုက်သည့် ကူးရဲ့စကားသံကြားမှ ရန်နိုင်လည်း သက်ပြင်းချနိုင်တော့သည်။
"ဟုတ်တယ် သမီးက ဒီမှာဘာလုပ်နေတာလဲ..."
ရန်နိုင့်ကိုတစ်ခါလောက်ကြည့်ပြီး ခါးဆီသို့သာ အကြည့်ပြန်ရောက်နေသော ကူးရဲ့မေမေ။
"သမီးရဲ့ကြက်တောင်လေး ဒီမမတို့ခြံထဲကျသွားလို့ လာကောက်တာပါ..."
"အဲ့ဒါဆိုလည်း ပြန်မယ်လာ ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့မပက်သတ်နဲ့ ကိုယ့်သိက္ခာကိုဆွဲချမယ့်လူတွေနဲ့ကင်းအောင်နေသမီး.."
ဒီစကားက ခါးကို ပေါ်တင်စော်ကားလိုက်သည်မို့ ခါး စိတ်တိုသွားရသည်။
"ဒီမှာ အန်တီ အန်တီဘာစကားပြောတာလဲ..."
"အံမာ မင်းလေသံကမာလှချည်လား ငါမင်းထက်အကြီးနော် ရိုသေမယ်ဆို မင်းအမေအရွယ်လောက်ရှိတယ်.."
"ကိုယ့်ခြံထဲဝင်ပြီး ကိုယ့်ကိုစော်ကားနေတာတော့ အမေအရွယ်ဖြသ်နေနေ အဘအရွယ်ဖြစ်နေနေ မရိုသေနိုင်ဘူး အန်တီ.."
"မေမေရယ် မမကိုအားနာစရာ ဘာလို့အဲ့လိုတွေပြောနေရတာလဲ..."
"သမီးဘာမှမသိရင်အသာနေပါ ဒီကောင်မလေးက အကျင့်ပျက်နေတာ...."
"အန်တီ့စကားတွေက ဘောက်အတော်ကျော်နေပြီနော်..."
ဘလိုင်းကြီးလာစော်ကားနေသည့် မိန်းမကြီးကိုကြည့်ပြီး ဒေါသတွေထွက်နေသည့်ခါး။
"တစ်ဖက်သားကို အဲ့လိုနိုင့်ထက်စီးနင်းတော့ မပြောသင့်ပါဘူး အန်တီ..."
ကိုယ့်သူငယ်ချင်းကိုလာထိနေတာကြောင့် ရန်နိုင်လည်း ခါးဘက်ကနေဝင်ပြောမိသည်။
"ငါကနိုင့်ထက်စီးနင်းပြောနေတာမဟုတ်ဘူး ဒါကအများသိတွေ မဟုတ်ရင်မနာနဲ့လေ အေးပေါ့လေ မင်းလည်းသူ့ဘက်ကနာမှာပေါ့ မင်တို့ကမရှင်းမရှင်းတွေဆိုတော့..လာ သမီး အိမ်ပြန်မယ် ဒီလိုဟာမျိုးတွေနဲ့ မပက်သက်နဲ့..."
ထိုသို့ပြောပြီးသည်နှင့် သူ့သမီးကို လက်ဆွဲပြီး ခြံထဲမှဆောင့်ဆောင့်အောင့်အောင့် ထွက်သွားသည့် အမျိုးသမီးနှင့် ခါးကိုအလွန်အမင်းအားနာနေသည့် မျက်နှာထားနှင့် မအေခေါ်ရာ ကရောသောပါး ပါသွားသည့် စန္ဒကူး။
"ဒီမိန်းမကြီးကဘာလဲဟ..."
ရန်နိုင်ရဲ့မကျေမချမ်း ဒေါသသံက မျက်နှာတစ်ခုလုံးနီးရဲနေသည့် ခါးကိုကြည့်ပြီး အသံတိတ်သွားရသည်။
တခြားလူသာ ခါးကို အခုလိုဘလိုင်းကြီးလာစော်ကားရင် ခါး လက်တုံ့ပြန်ပြီးနေမှာသေချာသည်။ အခုတော့ မျက်နှာတစ်ခုလုံးနီရဲကာ သူ့ဒေါသကိုဖြေလျော့နေသည့် ခါးကို ရန်နိုင် နားမလည်နိုင်စွာ တမေ့တမောကြည့်နေမိသည်။
သူဘာလို့လက်တုံ့မပြန်တာလဲ....?

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now