Part19

1.6K 55 0
                                    

"သမီး စာသင်ရတာအဆင်ပြေရဲ့လား..."
ခြံထဲကဒါန်းလေးပေါ်တွင် ထိုင်၍မှိုင်နေသော ခါး အနားသို့ ဒေါ်သက်မာရောက်လာ၍မေးခြင်းဖြစ်သည်။
"ဟုတ်ကဲ့ စာသင်ရတာ အစစအရာရာအဆင်ပြေပါတယ်အမေ..."
အဆင်ပြေပါတယ် ပြောနေသည့် ခါးမျက်နှာကညှိုးနေသည်။
"သမီးရဲ့အဆင်ပြေပါတယ်ဆိုတာကလည်း အားမရှိလိုက်တာ ဒီဆရာနဲ့အဆင်မပြေရင် နောက်တစ်ယောက်ပြောင်းပေးမယ်လေ...."
ဒေါ်သက်မာကတော့ ခါးကိုစိတ်ပူပန်စွာမေးနေသည်။ လွမ်းနာကျနေသည့် ခါးအတွက်တော့ ဖြေဆေးဟာ စန္ဒကူးလေးသာ ဖြစ်သည်။
အမေ့ကိုပြောပြလိုက်ရင်ကောင်းမလား။ ခါး ရင်ထဲကမွန်းကြပ်မှုကို အမေ့ကိုပြောပြပြီး အကြံဥာဏ်တောင်းချင်သည်။ ဒါပေမယ့် အမေသာလက်မခံရင်...။
"သမီး....."
ဒေါ်သက်မာရဲ့ခေါ်သံကြောင့် ခါး တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်သည်။
"အမေ အမေ့ကိုကျွန်တော်ပြောပြစရာရှိတယ်..."
အခုမသိလဲ နောင်သိမှာပဲ ဘာလိုဆို သူမ ကူးကိုလက်ထပ်ဖို့အထိရည်ရွယ်ထားလို့ပင်။
ခါးရဲ့စကားကြောင့် ဒေါ်သက်မာ စိတ်ဝင်တစားပုံစံဖြင့်နားထောင်နေသည်။
"ဘာများလဲသမီးရဲ့... "
"ကျွန်တော့်မှာချစ်သူရှိနေပြီ..."
"ဟင်!!?"
ဒေါ်သက်မာရဲ့အံ့သြမှုက မျက်လုံးမှာအထင်းသားပေါ်နေသည်။
"ကျွန်တော့်ချစ်သူက စန္ဒကူးပါအမေ...."
"ဘာ...ဘယ်သူ စန္ဒကူးဆိုတာ မျက်နှာချင်းဆိုင်ခြံက ကောင်မလေးမဟုတ်လား...."
စောစောကထက်ပိုပြီး အံ့သြသွားသည့် ဒေါ်သက်မာရဲ့ပုံစံကြောင့် ပြောမိတာမှားပြီဟု ခါး စိတ်ထဲမှာတွေးနေမိသည်။ တစ်ခါမှ ခုလိုသူများကိုရင်မဖွင့်ဖူးတော့ နည်းနည်းရှက်နေမိသည်။(သူများကိုဆိုတာ အမေဆိုပေမယ့် တရင်းတနှီးမရှိခဲ့တော့ ခါးအတွက်စိမ်းနေသည်ကို ဆိုလိုသည်။)
"ဟုတ် ဟုတ်ပါတယ်..."
"ဒါဆို သမီးတို့ကမိန်းကလေးချင်းချစ်သူဖြစ်နေတာပေါ့...."
"ဟုတ်..."
အမေ့ဆီက ဘာအသံမှထွက်မလာတော့ပေ။ ရှော့ခ်ရသွားတာထင်သည်။ အမေ သူနဲ့ကူးကိုသဘောမတူရင် ဘယ်လိုလုပ်မလဲ။ အမေတို့နဲ့ ငြိမ်းချမ်းရေးရထားတာမကြာသေးဘူး ဒီကိစ္စအတွက်လဲပြဿနာမဖြစ်ချင်။ ကူးနဲ့လဲသူမ မခွဲနိုင်ပေ။
"အင်း ဒီတော့သမီးက သူ့ကိုတစ်ဘဝစာရည်ရွယ်ထားတာလား..."
စောစောကလို အံ့သြနေဟန်မဟုတ်တော့ဘဲ မယုံ့တယုံမျက်နှာထားနှင့်မေးလေသည့် ဒေါ်သက်မာ။
"ဟုတ်တယ်အမေ ကျွန်တော် ကူးကိုလက်ထပ်ယူမှာ...."
ဒေါ်သက်မာတစ်ယောက် သက်ပြင်းဖွဖွချရင်း ခေါင်းငြိမ့်နေမိသည်။
"အမေ ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးပါနော်..."
"အမေကို စဉ်းစားချိန်ပေးပါဦး ..."
အမေ့ရဲ့စကားက လက်မခံနိုင်သေးဘူးဆိုသည့်သဘောမို့ ခါး ရင်တွေလေးမိသည်။
"ဟုတ်ကဲ့ပါ အဖေ့ကိုလည်းပြောပြပေးပါ နောက်ပြီးအဖေနဲ့အမေရဲ့ သဘောကို ကျွန်တော်သိချင်ပါတယ်....."
"တကယ်လို့ အမေတို့ကလက်မခံနိုင်ဘူးဆိုရင်ကော သမီးဘာဆက်လုပ်မှာလည်း...."
ခါး အမေ့ကိုထိတ်လန့်စွာကြည့်လိုက်မိသည်။ ဘယ်လိုလုပ်ရမှာလည်း ကူးနဲ့မခွဲနိုင်ဘူး။ တစ်သက်လုံးဝေးဖို့မပြောနဲ့ ခုလိုရက်သတ္တပက်လောက် အဆက်အသွယ်ပြက်နေတာကိုပင် သူမမှာ အလူးအလှိမ့်ခံစားနေရတာ သူမနဲ့သာတစ်သက်လုံးဝေးရရင်။
အတွေးနဲ့ပင် ခါးရင်တွေပူလောင်မွန်းကြပ်လာရသည်။ ကံကြမ္မာရယ် ဟိုးအရင်ကတည်းက ကျွန်တော့်ကိုရက်စက်လာခဲ့တာ ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို မျက်နှာသာပေးပါ။
အမေ့စကားကို ခါး တော်ရုံနှင့်မဖြေဖြစ်သေးတာကြောင့် အမေ့ဆီက သက်ပြင်းချသံတိုးတိုးကိုကြားလိုက်ရသည်။
အမေက ခါးရဲ့ပခုံးလေးတစ်ဖက်ကိုဖွဖွလေးပုတ်ရင်း
"အချစ်စစ်မှန်ရင် မဖြောင့်ဖြူးပါဘူး ဒါပေမယ့် ပျော်ရွှင်ရမှာပါ...သိပ်မတွေးပါနဲ့ အမေတို့အတွက်သာမန်မဟုတ်တဲ့ကိစ္စလို ဖြစ်နေတဲ့အတွက် အချိန်ခဏတော့ပေးပါ..."ထိုသို့ပြောပြီး ထွက်သွားသည့် အမေ့ကျောပြင်လေးကို ခါး ငေးကြည့်ရင်းကျန်နေခဲ့တော့သည်။
🥀🥀🥀🥀🥀🥀🥀🥀🥀
"မေမေ သမီးဖုန်းကိုဘယ်နေ့ပြန်ပေးမှာလဲ..."
နှုတ်ခမ်းလေးစူကာ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသော အမေဖြစ်သူအား မေးနေသည့် ကူး။ ဒေါ်သီသီချိုကတော့ ကူးရဲ့စကားကိုလျစ်လျူရှုလျှက် သူ့အလုပ်သူဆက်လုပ်နေသည်။ ကူးကလည်း အမေဖြစ်သူနောက် တစ်ကောက်ကောက်လိုက်ရင်း စကားပြောနေသည်။
"မေမေလို့ ကူး ဖုန်းကိုပြန်ပေးပါတော့ ကူးသူငယ်ချင်းတွေနဲ့တောင် မဆက်သွယ်ရဘူး..."
"•••••••••••••"
"မေမေ ဘာကြောင့်အလောတကြီး ဒီကိုပြန်ပြောင်းလာလဲဆိုတာကို သမီးမမေးဘူးနော်...ဒါပေမယ့် သမီးဖုန်းကိုတော့ပြန်ပေးပါ....."
မမနဲ့များ တမင်အဆက်အသွယ်ဖြတ်နေသလားထင်ရတယ်။ ဟူး မမကိုလွမ်းတဲ့ဝေဒနာက သေးသေးကွေးကွေးမဟုတ်ဘူး မေမေရာ။
"မေမေ သမီး..."
"ထမင်းစားရအောင် သမီးဖေဖေကိုသွားခေါ်လိုက်.,"
ကူးရဲ့စကားကိုဖြတ်ပြောပြီး ထမင်းပွဲပင်နေသည့်မေမေ။ ဖေဖေကဒီနေ့အလုပ်နားသည်မို့ အိမ်မှာရှိနေခြင်းပင်။ ကူးတစ်ယောက် ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ပဲ ဖေဖေ့ကိုခေါ်ဖို့ အိမ်ပေါ်က ဖေဖေ့စာကြည့်ခန်းသို့ တက်လာခဲ့တော့သည်။
"ဖေဖေ...သမီးဝင်ခဲ့မယ်"
"ဝင်လာလေသမီး..."
စာကြည့်စားခန်းထဲသို့ဝင်လာသည့် ကူးကို ဖေဖေကမော့ကြည့်သည်။
"မေမေက ထမင်းစားရအောင်တဲ့...."
"ငါ့သမီးမျက်နှာကလည်း ဆူပုတ်လို့ပါလား ဘာလဲ သမီးမေမေကို စိတ်ကောက်လာတာလား..."
ဖေဖေက ပြုံးပြုံးလေးမေးလေသည်။
"ဟုတ်တယ် မေမေလေ ကူးကိုဖုန်းသိမ်းထားတယ် ဒီရောက်ကတည်းက မပေးဘူး...မန်းလေးကဘာလို့အလောတကြီးပြန်လာလဲမသိဘူး အစက ဖေဖေ့အလုပ်ကိစ္စကြောင့်ထင်နေတာ ခုကျဘာမှလဲမဟုတ်ဘူး...ခုဆို သမီးကိုအပြင်ထွက်ခွင့်လဲမပေးဘူး အမြဲမျက်လုံးဒေါက်ထောက်ကြည့်နေတာ..."
ကူးက သူမကျေနပ်သမျှကို ဖအေဖြစ်သူအားတိုင်တန်းနေတော့သည်။ဦးခန့်မောင်ကတော့ သမီးဖြစ်သူရဲ့ ကလေးဆန်မှုကို သဘောတကျဖြင့်ရယ်နေသည်။
"ဖေဖေကူပြောပေးဦး..."
"အင်း ဟုတ်ပါပြီ ဖေဖေ့သမီးရယ် ဘာအတွက်ပြောပေးရမှာလဲ ဖုန်းအတွက်လား အပြင်ထွက်ခွင့်အတွက်လား..."
ပြုံးစစမေးနေသည့် ဖေဖေရယ်ပါ။
"ဖေဖေ ကူးစနေတာမဟုတ်ဘူး... "
"ဟား ဟား ဟုတ်ပါတယ် ဖေဖေကလည်းတကယ်ပြောနေတာပါ... "
"အကုန်လုံးအတွက်သာ ကူပြောပေးဖေဖေ အခုတလောမေမေဘာဖြစ်နေမှန်းကိုမသိတာ..."
စစ်ကူတောင်းစရာရှိတာတောင်းပြီးတာနှင့် ထမင်းစားရန် သားအဖနှစ်ယောက်လုံးဆင်းသွားတော့သည်။
❇❇❇❇❇❇❇❇❇❇
"ဘယ်လို ဘယ်လို....ဟာ မဖြစ်နိုင်တာ..."
"သူကိုယ်တိုင်ပြောတာကို ရှင်ကမဟုတ်နိုင်ဘူးပြောနေတာလား..."
"သူပြောတဲ့ သူ့ချစ်သူက မိန်းကလေးဟုတ်လား ..."
ခါးပြောပြသည့် စန္ဒကူးနဲ့ကိစ္စကို ဦးကျော်အောင် မျက်လုံးပြူးနေခြင်းပင်။
"ဟုတ်ပါတယ်ဆိုရှင်...ရှင့်သဘောရော ကျွန်မသဘောရော မေးနေတာ သူကလက်ထပ်ဖို့ထိရည်ရွယ်ထားတာမို့ အဖေနဲ့အမေရဲ့သဘောကိုသိချင်ပါတယ်တဲ့.."
"ငါတို့က သဘောမတူဘူးဆိုရင် သမီးကမယူဘူးတဲ့လား...."
"ကျွန်မလည်း အဲ့လိုမေးကြည့်သေးတယ် ဘာမှမပြောပေမယ့် သူအဲ့ကောင်မလေးကိုမခွဲနိုင်ဘူးဆိုတာ မျက်လုံးမှာအထင်းသားပေါ်နေတာပဲ...လွမ်းနာကျနေပုံပဲ မျက်နှာလေးကိုချောင်ကျနေရော..."
မိသားစုပြန်အဆင်ပြေသွားတဲ့နောက် ဒေါ်သက်မာ ခါးရဲ့မျက်နှာရိပ်ကိုအမြဲကြည့်နေခဲ့သည်။ ခါးလိုအပ်တာဖြည့်ဆည်းပေးဖို့အတွက်ပေါ့။
"အင်း ငါတို့သမီးရဲ့ပျော်ရွှင်မှုဆိုတော့ သာမန်ဟုတ်တာတွေ မဟုတ်ေတာတွေဘေးချိတ်ပြီး ငါ့သမီးဆန္ဒကိုဖြည့်ဆည်းပေးမှာပဲ... "
"တော်သေးတာပေါ့ ရှင်နဲ့ကျွန်မအတွေးတူနေလို့ မဟုတ်ရင်စကားများနေရဦးမှာ ကျွန်မလည်းအဲ့လိုပဲတွေးထားတယ် ဒါကျွန်မတို့ သမီးအတွက် ပထမဆုံးပေးမယ့်ပျော်ရွှင်မှုပဲ..."
ဒေါ်သက်မာနှင့်ဦးကျော်အောင်ရဲ့ မျက်နှာတွေမှာ ပီတိအပြုံးတို့ဝေဆာနေတော့သည်။
မုန်တိုင်းမလာခင်လေပြေလာသည့်သဘောလား....??
မုန်တိုင်းတွေပြီးလို့လာတဲ့လေပြေလေညင်းလား....???

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now