Part22

1.7K 64 0
                                    

ရန်နိုင်နှင့်အတူ ကူးအိမ်သို့ရောက်လာခဲ့သည်။ ကူးရဲ့အိမ်လိပ်စာကိုအစ်ကိုဝေယံ့ဆီကတောင်းခြင်းဖြစ်သည်။ အစကတော့ ကူးကိုအပြင်ခေါ်ထုတ်ပြီး အပြင်မှာတွေ့ဖို့ပင်။ ခက်တာက ကူးရဲ့ဖုန်းကလည်း ခုချိန်ထိစက်ပိတ်ထားပါသည် ဖြစ်နေတာကြောင့် ဖုန်းဆက်ချိန်းဖို့လည်းအဆင်မပြေ။
"ကူးရေ..စန္ဒကူး..."
ရန်နိုင်ရဲ့ခေါ်သံကြားမှ ခြံထဲကဦးလေးကြီးတစ်ယောက်ထွက်လာသည်။ ခါးကတော့ ကားပေါ်တွင်နေခဲ့သည်။
"ငါ့တူဘယ်သူနဲ့တွေ့ချင်လို့လဲ..."
"ကျွန်တော် စန္ဒကူးရဲ့သူငယ်ချင်းပါဦးလေး စန္ဒကူးနဲ့တွေ့ချင်လို့ပါ..."
"ခဏလေးနော် အိမ်ရှင်တွေကို ဦးလေးသွားပြောလိုက်ဦးမယ်..."
ဦးလေးကြီး အိမ်ထဲဝင်သွားတော့ ရန်နိုင်ကကားပေါ်က ခါးဘက်ကိုလှည့်ပြီး လက်ညှိုးထိပ်နှင့်လက်မထိပ်လေးထိကာ Okလုပ်ပြသည်။ ခါးကတော့ ချစ်ရသူလေးကိုတွေ့ရမည့်အရေးတက်ကြွနေတော့သည်။
ခဏလောက်နေတော့ စောစောကဦးလေးကြီးပြန်ရောက်လာသည်။
"ငါ့တူ သမီးကူးမရှိဘူးတဲ့.."
"ဟမ်.!?ဘယ်လို..."
"ဪ အင်း သမီးစန္ဒကူးအိမ်မှာမရှိပါဘူး သူ့သူငယ်ချင်းတွေနဲ့အပြင်သွားပါတယ်.."
စောနကပြောတော့ မရှိဘူး"တဲ့.."။ ကူးမရှိတာသေချာလို့လား။ ကားပေါ်မှ ခါးဆင်းလာသည်။
"ရန်နိုင်ဘာတဲ့လဲ..."
"စန္ဒကူးမရှိဘူးလို့ပြောတာပဲ..."
လိမ်ညာတတ်ဟန်မရှိသော ခြံစောင့်ဦးလေးကြီးမှာ ရန်နိုင့်အကြည့်တွေမှရှောင်နေသည်။
"ဦးလေး သေချာလေးသွားပြောပေးပါဦး သူ့သူငယ်ချင်း မုန်းခါးလည်းပါတယ်လို့..."
မျှော်လင့်တကြီးပြောလေသည့် ခါး။
ထိုစဉ်
"မမ...."
မျက်ရည်လည်ရွှဲဖြင့်တိုက်ထဲမှ ပြေးထွက်လာသည့်ကူး။
"ကလေး..."
ခြံတံခါးဖွင့်ပြီး ခါးရင်ခွင်ထဲဝင်လာသည့် ကူးကိုတင်းကြပ်စွာပွေ့ဖက်ထားမိသည်။
"အင့် ဟင့် မမကို လွမ်း လွမ်းနေတာ....အီး ဟီး.."
ငိုရင်းရှိုက်ရင်းပြောနေသည့် ကူးခန္ဓာကိုယ်လေးဟာ တသိမ့်သိမ့်လှိုက်မောလျှက်ရှိသည်။
"မမလည်း တူတူပါပဲကူးရယ်..."
ကူး ခေါင်းလေးကိုဖွဖွလေးနမ်းရင်းပြောမိသည်။ ခါးရဲ့မျက်ဝန်းမှာလည်း မျက်ရည်တွေဝေ့လို့။
"မမ...မမ.."
ခါးရင်ခွင်ထဲမှ ပြန်ထွက်ကာ အငိုမျက်ဝန်းလေးတွေနှင့် အလောတကြီးခေါ်လေသည့်ကူး။
"အင်းအင်း ပြောလေကလေး ဘာဖြစ်လို့လဲ..."
"မေမေလေ မေမေကူးတို့ကိစ္စကိုသိသွားပြီ ကူးကိုဒီကအမြန်ခေါ်သွားပါနော်...မေမေက ကူးတို့ကိုသဘောမတူဘူး မေမေကူးတို့ကိုခွဲလိမ့်မယ် အဟင့် ခေါ်သွားပါနော်..."
သွေးရူးသွေးတန်းပုံစံမျိုးဖြစ်ကာ မျက်ရည်တွေနှင့်ပြောနေသည့်ကူးပုံစံလေးက ခါးရင်ထဲကိုတဆစ်ဆစ်နာကျင်စေသည်။
"ကူး...နေဦး စိတ်ကိုထိန်း စိတ်ကိုထိန်း ဒီမှာ မမကိုကြည့်..."
ကူးရဲ့ပါးလေးနှစ်ဖက်ကို လက်ဖဝါးလေးဖြင့်ကပ်ကိုင်လိုက်ပြီး သူမမျက်နှာကိုကြည့်စေသည်။
ရန်နိုင်ကတော့ ပွဲကြည့်ပရိတ်သတ်လုပ်နေသည်။ခြံစောင့်ဦးလေးကြီးကလည်း ဘယ်အချိန်ကတည်းက အိမ်ထဲပြန်ဝင်သွားသည်မသိ။
"မမ ကူးမိဘတွေကိုလိုက်ပြောမယ် အခုဒီကိုလိုက်လာတာကလည်း ကူးမိဘတွေကိုအသိပေးဖို့ အခုပဲသွားပြောမယ်..."
ကူးလက်လေးကိုဆွဲကာ အိမ်ထဲဝင်ဖို့ပြင်တော့ ကူးကခါးလက်လေးကိုပြန်ဆွဲထားသည်။
"ဟင့်အင်း မေမေကူးကိုထပ်ပြီး အခန်းထဲမှာပိတ်ထားလိမ့်မယ်...မမနဲ့မဝေးချင်ဘူး.."
ပြောရင်းမျက်ရည်ကျလာပြန်သည့် ကလေးကြောင့် ခါးရင်ထဲမှာပူလောင်မွန်းကြပ်ပြီး နာကျင်နေရသည်။ သဘောမတူတဲ့မိဘတွေကြားမှာ ကူးတစ်ယောက်တည်း ဘယ်လောက်တောင် အပြောအဆိုခံနေရမလဲ။
"မမနဲ့ကူးကို ဘယ်သူမှခွဲလို့မရပါဘူး ဘယ်သူတွေဘယ်လောက်ခွဲခွဲ မမ ကူးဘေးက ဘယ်တော့မှ ထွက်မသွားဘူးသိလား..လာ မမနဲ့အတူ ကူးမိဘတွေကိုသွားပြောရအောင်..."
ကူးလက်ကလေးကိုဆွဲပြီး ကူးတို့အိမ်ထဲဝင်လာခဲ့သည်။ ခါးကလည်း အရာရာရင်ဆိုင်ဖို့ အသင့်အနေအထားဖြစ်လို့နေသည်။
ကြားလူဖြစ်နေသည့် ရန်နိုင်က ခါးတို့နှင့်အတူလိုက်သွားရကောင်းမလား မလိုက်ရကောင်းမလားတွေးတောရင်း ခြံဝတွင်ကျန်နေခဲ့သည်။
"ငါ့သူငယ်ချင်းပြဿနာက ငါ့ပြဿနာပဲလေ ငါလိုက်သွားရမယ် ဟူး ဘုရား ဘုရား..."
ထိတ်ထိတ်လန့်လန့်နဲ့ပဲ ခါးနှင့်ကူးနောက်ကိုလိုက်သွားတော့သည်။
ကူးတို့ဝင်လာမှာကို ကြိုသိနေသည့်ပုံစံဖြင့် ဧည့်ခန်းထဲတွင်ထိုင်စောင့်နေသည့် ကူးရဲ့အမေ။ ကူးရဲ့အဖေကလည်း အတူထိုင်လျှက်ရှိသည်။ ခါးက ကူးနှင့်အတူ ကူးမိဘတွေရှေ့မှာ ကန်တော့ရန်ထိုင်ချလိုက်သည်။
ကူးအမေရဲ့မျက်လုံးတွေမှာတော့ ခါးကိုရွံံ့ရှာစက်စုပ်စွာကြည့်နေ၏။ ထိုမျက်လုံးတွေကို ဗွေမယူမိတာ ကူးအမေဆိုတဲ့အချက်တစ်ချက်ထဲကြောင့်ပင်။
"ကျွန်တော်တို့ရဲ့ကိစ္စကို အန်တီသိပြီးသွားပြီလို့ ကူးဆီကသိရပါတယ် အဲ့ဒါကြောင့် ကူးနဲ့ကျွန်တော့်ကိုသဘောတူပေးဖို့ အန်တီ့ကိုတောင်းဆိုချင်ပါတယ်..."
သူများရှေ့မှာခုလိုမျက်နှာလေးနှင့် မကန်တော့သေးရုံတမယ်တောင်းဆိုနေသော ခါးဟာ ခပ်ဂျစ်ဂျစ်ကောင်မလေး မုန်းခါးမှဟုတ်ရဲ့လားလို့ ရန်နိုင့်မှာ အံ့သြမဆုံးဖြစ်နေသည်။
"ငွေကြောင့်လား..."
ဒေါ်သီသီချိုဆီက အေးစက်မာကျောသည့်စကားကြောင့် ခါး ကူးအမေကိုမော့ကြည့်မိသည်။ လှောင်ရယ်ရိပ်အပြည့်နှင့်မျက်ဝန်းများ။ ကူးရဲ့အဖေကတော့ ဘာစကားမှဝင်မပြောပေ။
"ကျွန်တော် ငွေမမက်ပါဘူး..."
သူ့မာနကိုစော်ကားတဲ့စကားဖြစ်သော်လည်း မိဘတစ်ယောက်ရဲ့စိုးရိမ်မှုလို့ဖြည့်တွေးလိုက်သည်။
"ဘာလို့လဲ...ဘာလို့ငါ့သမီးကိုမှလဲ ဟမ်...!!"
ဒေါသကိုအတင်းမြိုသိပ်ထားရာမှ ထွက်လာသည့်အသံမို့ ခပ်အုပ်အုပ်ထွက်လာသော်လည်း အသံတွေကအဖျားခက်တုန်ခါနေသည်။
"မိန်းကလေးချင်းချစ်ကြိုက်တာက ငါ့သမီးမှဖြစ်တာလား နင့်မှာတခြားရွေးစရာလူမရှိတော့ဘူးလား ဟမ်.."
မျက်ရည်တွေကိုအတင်းပုတ်ခပ်သိမ်းဆည်းရင်း ဒေါသသံဖြင့်ပြောနေသည့် ဇနီးဖြစ်သူအား အားပေးသည့်အနေဖြင့် လက်ကိုထိန်းကိုင်လိုက်သည်။ ဒေါ်သီသီချိုက ဦးခန့်မောင်လက်ကိုပုတ်ထုတ်လိုက်သည်။
"မိန်းကလေးချင်းချစ်တာ အပြစ်ကြီးတစ်ခုလား အန်တီ နောက်ပြီး အချစ်က ဟိုလူ့ကိုချစ်မယ် ဒီလူ့ကိုချစ်မယ်ဆိုပြီးရွေးချယ်လို့ရရဲ့လား ကျွန်တော်ကူးကိုတကယ်ချစ်ခဲ့တာပါ ကျွန်တော်ကူးဆီကဘာမှမမျှော်လင့်ခဲ့ဘူး နွေးထွေးတဲ့မေတ္တာတွေကလွဲလို့ပေါ့ ကျေးဇူးပြုပြီးကျွန်တော်တို့နှစ်ယောက်ကိုလက်ခံပေးပါ ကျွန်တော်ရှိခိုးပြီးတောင်းပန်ပါတယ်..."
ကူးကတော့ ငိုမြဲငိုစဲပင်။ ခါးကကန်တော့ တော့ ကူးလည်းလိုက်ကန်တော့သည်။
"ပြော နင်ငွေဘယ်လောက်လိုချင်လဲ ငါပေးမယ် ငါ့သမီးကိုတော့ငါ့ဆီကမတောင်းနဲ့..."
"အန်တီဘာလို့ ကျွန်တော့်အချစ်ကို အထင်သေးရတာလဲ... "
"နင်တို့ကမိန်းကလေးချင်းဖြစ်နေလို့ပဲ..."
"အန်တီ ကျွန်တော်တောင်းပန်ပါတယ်..."
"တော်လိုက်တော့....ဟဲ့ မိသန်းတို့လာကြစမ်း စန္ဒကူးကိုအိမ်ပေါ်ဆွဲခေါ်သွားကြ..."
ဒေါ်သီသီချိုရဲ့အော်သံကြားတော့ အိမ်အကူကောင်မလေးသုံးယောက်ထွက်လာသည်။ ကူးကတော့ ခါးလက်ကိုမလွတ်တမ်းဆွဲထားသည်။ ခါးကလည်းထိုနည်းတူစွာ။
"မိန်းမ မင်းဒါတော့ကွာ..."
ဦးခန့်မောင်က ဝင်ပြောဖို့ပြင်သည်။
"ရှင်ဘာမှဝင်မပြောနဲ့...ဘာရပ်ကြည့်နေတာလဲ ဆွဲခေါ်လေ "
ဒေါ်သီသီချိုပြောမှ အိမ်အကူကောင်မလေးတွေက ကူးကိုအတင်းဆွဲခေါ်လေသည်။ ခါးကလည်းကူးလက်လေးကိုဆွဲထားသလို ကူးကလည်းတင်းကြပ်စွာဆွဲထားလေသည်။ သို့သော်လည်း သုံးယောက်တစ်ယောက်မို့ လူးလူးလွန့်လွန့်နဲ့ပဲ ကူးပါသွားရသည်။ ကူးရဲ့မျက်ရည်တွေက ခါးအတွက်တော့ ချော်ရည်ပူများပင်။တစိမ့်စိမ့် တဆစ်ဆစ်နာကြင်ရသည်။ ခါး ဟန်မဆောင်နိုင်စွာဖြင့် မျက်ရည်တွေကျလာသည်။ ရန်နိုင်ကလည်း ကူပဲဆွဲပေးရမလား ကူပဲရှိခိုးတောင်းပန်ရမလား ကြားထဲမှာအူကြောင်ကြောင်ဖြစ်ကာ မတ်တပ်ရပ်နေမိသည်။
ခါးကဒေါ်သီသီချိုအားထပ်ပြီးကန်တော့လေသည်။
"အန်တီ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တို့ကိုသဘောတူပေးပါ လက်ခံဖို့ခက်ခဲမှန်းသိပေမယ့် ကျေးဇူးပြုပြီး....."
ခါးဆက်မပြောနိုင်တော့ပဲ အံတင်းထားလျှက်ငိုနေမိသည်။
"ငါ့မျက်စိရှေ့ကထွက်သွား..."
ပြောပြီး ဒေါ်သီသီချိုက ခါးရှေ့မှလှည့်ထွက်သွားရန်ပြင်တော့ ခါးကဒေါ်သီသီချို့ခြေထောက်ကိုဖက်ပြီးတောင်းပန်သည်။ ရန်နိုင်ကတော့အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်လျှက်။ ခါးအတွက်ဒါဟာ အရိုကျိုးဆုံးအခြေအနေပင်။
"အန်တီမကျေနပ်ရင် ကျွန်တော့်ကိုရိုက်ပါ ကူးကိုအဲ့လိုမလုပ်ပါနဲ့ ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်..."
"ကိုတင်ထွန်း(ခြံစောင့်)...သူ့ကိုဒီကဆွဲထုတ်သွား..."
နိုးနိုးကြားကြားရှိဟန်ရသော ခြံစောင့်ဦးလေးကြီးက နှစ်ခါခေါ်စရာမလို ခါးတို့အနားသို့ရောက်လာသည်။
ဦးခန့်မောင်ကတော့ ခေါင်းတခါခါဖြစ်နေသည်။
ခြံစောင့်ဦးလေးကြီးက ဒေါ်သီသီချို့ကို ဖက်တွယ်ထားသည့် ခါးရဲ့လက်တွေကိုဖြုတ်ချသည်။ ခါးလက်တွေမှလွတ်သွားသည့် ဒေါ်သီသီချိုက အိမ်ပေါ်သို့တက်သွားတော့သည်။
ဦးခန့်မောင်လည်း ခါးကိုသနားဂရုဏာသပ်စွာ တစ်ချက်ကြည့်ပြီး အိမ်ပေါ်သို့တက်သွားသည်။
"ငါ့တူမကြီး အေးအေးဆေးဆေးထွက်သွားပါကွယ်..."
ရန်နိုင်က ခါးကိုကူတွဲပေးသည်။သူ့ကိုအမြဲတမ်းကာကွယ်ပေးခဲ့သည့် ခါးအတွက်ဘာမှအထောက်အကူ မဖြစ်တာကို ရန်နိုင့်မှာအားနာလို့မဆုံး ရင်နာလို့မဆုံးဖြစ်နေသည်။
မျက်ရည်တွေနှင်ပဲ ရန်နိုင့်ကားပေါ်သို့ရောက်ကာ ပြန်လာခဲ့တော့သည်။တစ်လမ်းလုံးငိုနေသည်က ဟိုးအရင်ချိန်ကမျက်နှာတည်နဲ့အေးတိအေးစက်နေခဲ့သည့် မုန်းခါးဆိုသူပင်။
💥💥💥💥💥💥
လမ်းတစ်ဝက်တွင်ရှိသေးသည် ရန်နိုင့်ဖုန်းသံကြောင့်ကားရပ်လိုက်သည်။ Phနံပါတ်ကိုကြည့်လိုက်တော့ အစ်ကိုဝေယံ။
"ဟယ်လို အစ်ကို ဘာလို့ဆက်တာလဲ ပြန်လာနေပါပြီ...."
"•••••••••••"
"ဘယ်လို...!!!"
ရန်နိုင်ရဲ့အလွန်အမင်းထိတ်လန့်သွားသံကြောင့် သူ့အပူကိုခဏမေ့ကာ နားထောင်နေမိသည်။
ရန်နိုင်က ဖုန်းချလိုက်ကာ အလွန်အမင်းထိန်လန့်နေဟန်ဖြင့် ခါးဘက်ကိုလှည့်ကြည့်ကာပြောလိုက်သည်က
" ကူး ကား accidentဖြစ်လို့ အရေးပေါ်အခန်းထဲရောက်နေတယ်တဲ့..."
"ဘာ.....!!!"
ခါးရဲ့ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။ နှလုံးသားတစ်ခုလုံးမွကြေသွားသည်။
"ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့ကလေးရယ်..."

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now