Part 24>Ending

4.3K 105 2
                                    

ကားပေါ်တွင် အသံတိတ်လိုက်ပါလာသည့် ခါးကို ရန်နိုင်လည်းအထွေးအထူးမမေးပေ။
ဘာလို့ဆို ကူးကဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းပြောပြထားလို့ပင်။
"အစ်ကိုရန်နိုင်ရယ် မမကိုကူဖြောင်းဖျပေးပါဦး မမ ကူးကိုမုန်းသွားပြီလားမသိဘူး ဟင့်.. မမကိုရှင်းပြပေးပါဦးနော် နောက်ပြီး..မမကိုမန်းလေးမပြန်အောင်လဲတားပေးပါဦး မမကိုကူးတောင်းပန်ချင်လို့ပါနော်..."
ကူးရဲ့စကားများကို ရန်နိုင်ပြန်ကြားယောင်နေမိသည်။ ခါးကသူ့ကိုမုန်းသွားတယ် စိတ်နာသွားတယ်ထင်နေပုံပဲ။ခါးကိုကြည့်လိုက်တော့လည်း နည်းနည်းလေးစိတ်ရှုပ်နေပုံပေါက်တာကလွဲရင် တခြားအရိပ်အယောင်မရှိ။
ငါမသိလိုက်တဲ့အတောတွင်းမှာ ဒေါ်မုန်းခါးအတော်လေးပြောင်းလဲသွားပါလား။
~~~~~~
"ရန်နိုင် ငါ့ကိုမန္တလေးပြန်ပို့ဖို့ခိုင်းတာကို ဘယ်တွေခေါ်လာတာလဲ...နင်လိုက်ပို့ဖို့မအားရင်လဲ ကားဂိတ်သာပို့ပေးတော့...."
ခါးရဲ့စကားကို ရန်နိုင်ကဘာမှမတုံ့ပြန်ဘဲ ကားကိုလမ်းဘေးချရပ်လိုက်သည်။
"ကဲ ဆင်းလို့ရပြီခါး..."
"ဟမ်..?"
ရန်နိုင့်စကားကို နားမလည်သေးသည့်ခါးအား ရန်နိုင်ကရှေ့သို့မေးဆတ်ပြသည်။
"ဟိုမှာ..."
ရန်နိုင်မေးဆတ်ပြရာသို့ကြည့်လိုက်တော့ ကူးကိုတွေ့ရသည်။
ကူးကဘယ်လိုလုပ်ဒီလမ်းမှာလာစောင့်နေပါလိမ့်။ ဘေးက ရန်နိုင့်ရဲ့မတည်မပြုံးမျက်နှာထားကြောင့် သိလိုက်ပါပြီ ဒါ ကူးနဲ့လက်ဝါးချင်းရိုက်ထားတာ။
"လုပ်ပါဟာ မျက်မှောင်အတင်းကျုံ့မထားပါနဲ့ ဒေါ်မုန်းခါးရာ ဟုတ်တာလဲမဟုတ်ဘူး ကူးချော့တာကိုခံပြီးမှ မျက်မှောင်ကျုံ့ကြီးထပ်ဖြစ်ဦးမလားစောင့်ကြည့်ချင်သေးတယ် ဟား ဟား..."
ရန်နိုင်က ခါးကိုကြည့်ပြီးရယ်လေတော့ ရန်နိုင့်ကိုမျက်စောင်းထိုးပြီး လက်သီးပြလိုက်သည်။ လှည့်စားတာကဘယ်သူတွေလဲ။ ကူးကပါသူ့ကိုစမ်းသပ်ခဲ့သည်လား။ အရူးတစ်ယောက်လိုပြာယာခက်နေခဲ့တာတွေက ဟာသလိုဖြစ်နေတာလား။
ပြန်တွေးကြည့်ရုံနဲ့မျက်နှာတစ်ခုလုံးနီရဲလာရသည်။ စိတ်ဆိုးဒေါသထွက်တာလား မုန်းတီးနာကျည်းသွားတာလားဆိုတော့လဲ မဟုတ်။
"ဟူး...."
ဆင်းမတွေ့ရင် အိမ်ပြန်မယ့်ပုံမပေါ်တဲ့ ကူးကြောင့် ခါးသူမကိုသွားတွေ့ရန် ကားပေါ်မှဆင်းလာတော့သည်။ သူမ မလာမှာစိုးရိမ်နေသည့် မျှော်တလင့်လင့်မျက်နှာလေးက ခါးကိုဆွဲဆောင်နေသယောင်။
"မမ...ကူးကိုဆင်းမတွေ့တော့ဘူးတောင်ထင်နေတာ..."
ခါး သူမအနားကိုရောက်သည်နှင့် မျက်နှာငယ်လေးနှင့်ပြောလေသည့်ကူး။
"အင်း...အဲ့လိုစိတ်ကူးထားတာပဲ.. "
"ဒါမယ့် အခုတော့ ကူးကိုဆင်းတွေ့တယ်လေ.."
ကျေနပ်နေသည့်မျက်နှာပေးလေးဖြင့် ပြုံးစစပြောနေသည့်ကောင်မလေး။
"ကူးရေ ပိုင်အောင်သာချုပ်ပေတော့...."
ကားမောင်းထွက်သွားရင်း အော်ပြောသွားသည့်ရန်နိုင်။
"ကျစ်..!!ဒီကောင်ရန်နိုင်တော့ ငါ့ကိုလိုက်ပို့ရမှာကို လစ်ပြေးပြီ..."
ထွက်သွားပြီဖြစ်သော ရန်နိုင့်ကား၏အရိပ်အယောင်ဝါးဝါးလေးအား ကြည့်ရင်း ပြောနေမိသည်။
"အဟင့်..မမ..."
"ကူး လမ်းဘေးကြီးမှာလေ..."
ခါးရင်ခွင်ထဲတိုးဝင်ပြီး တင်းကြပ်စွာဖက်လိုက်သည့် ကူးကြောင့် ခါး ကြောင်အအလေးဖြစ်သွားသည်။ အံ့သြမှုကြောင့် ကူးကိုပြန်မဖက်မိပေ။
"မသိဘူး လမ်းဘေးနေနေ ဘာနေနေ ကူးကမမကိုအရမ်းလွမ်းနေခဲ့ရတာ သိရဲ့လား...အီး ဟီး.."
"ဟောဗျာ ငိုနေတာလား..."
ရင်ခွင်ထဲမှ ကူးရဲ့ခန္ဓာကိုယ်လေးကိုထုတ်ယူကြည့်မိတော့ ငိုနေသည့်ကောင်မလေး။ နောက်တစ်ကြိမ်ခါးရင်ထဲတိုးဝင်လာတော့ ပြန်လည်ဖက်ထားမိသည်။ တကယ်ဆို သူမလည်းလွမ်းနေခဲ့တာမဟုတ်လား။
"မမ ကူးကိုစိတ်ဆိုးနေသေးလားဟင်..."
သူမလေးမချော့ခင်ကတည်းက စိတ်ပျော့နေတဲ့ မုန်းခါးတို့က စိတ်ဆိုးတယ်ဆိုတာ ဘာမှန်းတောင်းမသိတော့ပေ။
"မမကို ဘာကြောင့်လိမ်တာလဲ..."
အသံခပ်မာမာနှင့်ပြောလိုက်တော့ ရင်ခွင်ထဲမှနေ၍ ခါးမျက်နှာလေးကိုမော့ကြည့်သည်။ မျက်ရည်စိုနေသည့် မျက်တောင်ဖျားလေးတွေကရင်သပ်ရှုမောဖွယ်ရာ။
"ကူး လိမ်ချင်လို့မဟုတ်ပါဘူး မေမေကမမကိုလက်ခံလာအောင်လို့ပါ ကူးကမမအချစ်ကိုယုံပေမယ့် မေမေကမယုံမကြည်ဖြစ်နေတာကြောင့် ခုလိုစီစဉ်လိုက်ရတာပါ ကူးကိုစိတ်မဆိုးပါနဲ့နော် မမနဲ့အမြန်နီးစပ်အောင်လို့ ခုလိုလုပ်မိတာပါ စိတ်မဆိုးပါနဲ့နော်...."
တောင်းပန်တိုးလျှိုသည့် မျက်ဝန်းလေးတွေဖြင့် စကားတွေမရပ်မနားပြောနေသည့် ကောင်မလေးအား ခါးရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ခေါင်းကိုဖွဖွလေးအနမ်းခြွေလိုက်တော့သည်။
"အရူးမလေး....တကယ်စိတ်ဆိုးမှတော့ ဒီရင်ခွင်ထဲအဝင်ခံနေပါ့မလား... "
ကူးရဲ့ကိုယ်လေးကိုတင်းကြပ်စွာပွေ့ဖက်ထားရင်း ပြောလိုက်သည်။
"တကယ်...!တကယ်ပဲ ကူးကိုစိတ်မဆိုးဘူးပေါ့ ဝေး ဟေး ပျော်လိုက်တာ...."
"ကဲပြော ကူးမေမေကဘာတဲ့လဲ သဘောတူပါပြီတဲ့လား..."
ကူးမျက်နှာလေးကိုကြည့်ပြီးမေးတော့ ပြုံးဖြီးဖြီးလေးလုပ်နေသည့်ကလေးမ။
"ဟီး...အဲ့လိုတရားဝင်တော့ထုတ်မပြောသေးဘူး ဒါပေမယ့်Okပြသွားတဲ့သဘောမှာရှိပါတယ် မမကိုလိုက်ချော့ဖို့ မေမေကိုယ်တိုင်သွားခွင့်ပေးလိုက်တာလေ.."
"ဟာ ဟုတ်လား အခြေအနေကမဆိုးဘူးပဲ.."
"နောက်ပြီးမေမေကမှာလိုက်သေးတယ် ကောင်မလေးကို သေချာရှင်းပြပြီး အိမ်ကိုခေါ်လာခဲ့ပါတဲ့..."
"အင်း..ရာသီဥတုကတော့ မမဘက်မှာပါနေပြီ...အပြစ်လုပ်ထားတဲ့အပြစ်သားလေးကို ရှယ်planချပြီး အပြစ်ပေးရမယ်..."
ညစ်ကျယ်ကျယ်လေးပြုံးလိုက်သည့် ခါးရဲ့အပြုံးကို ဘာသာပြန်တတ်သည့် ကူးတစ်ယောက်ကတော့ မျက်စောင်းလေးတွေချီရွယ်နေ၏။ ခန္ဓာကိုယ်လေးကတော့ ခါးရဲ့ရင်ခွင်ထဲ၌သာ။
သူမတို့အတွက် ပတ်ဝန်းကျင်သည် မေ့ပျောက်နေသောရပ်ဝန်းတစ်ခုပင်ဖြစ်လေသည်။
🌹🌹🌹🌹🌹🌹
"အစ်မကအလွယ်တကူပဲသဘောတူလိုက်တာလားဟင်..."
"အရမ်းကြီးတော့မလွယ်ကူပါဘူး ချိုရယ် အစ်မမှာလည်းဒီသားလေးတစ်ယောက်တည်းရှိတာဆိုတော့ စသိသိချင်းမှာလန့်သွားတာပေါ့..."
ဝေယံ့အမေက ဝေယံနဲ့ရန်နိုင်ရဲ့လက်ထပ်ပွဲအတွက်လာဖိတ်ခြင်းဖြစ်သည်။ အံ့သြမဆုံးဖြစ်နေသည်က ဒေါ်သီသီချို။
"ကိုယ့်သားသမီးရဲ့ဖြစ်တည်မှုကို ကိုယ်မှလက်မခံပေးရင် ဘယ်သူကလက်ခံမှာလဲ အစကတည်းကသူတို့လေးတွေအတွက် ခက်ခဲတဲ့လမ်းဖြစ်နေတာကို ကျွန်မတို့မိဘတွေကြောင့်ပိုမခက်ခဲစေချင်ဘူးဘယ်မိဘမဆို ကိုယ့်သားသမီးကိုပျော်စေချင်တာပါပဲ အခုကျွန်မသားလေးပျော်တော့ ကျွန်မတို့လဲပျော်ရတယ် ဒါပါပဲ....."
အစ်မဖြစ်သူရဲ့စကားတွေကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေမိသည်။ သမီးလေးကိုခက်ခဲအောင် သူမလုပ်မိခဲ့သည်။ သူတို့အချစ်ကစစ်မှန်တယ်ဆိုရင် သူမလက်ခံပေးရမည်လား။
အစ်မပြန်သွားပြီး သူ့တူရဲ့မင်္ဂလာဆောင်ဖိတ်စာလေးကိုကြည့်ကာ အချိန်အတော်ကြာတွေးတောနေမိသည်။
🌷🌷🌷🌷
"အစ်ကိုဝေယံတို့များနော် ပြုံးပျော်နေလိုက်တာ ကိုယ့်ညီမကိုတောင် နှုတ်မဆက်နိုင်ဘူး...."
ကူးကအစ်ကိုဖြစ်သူအား စနောက်လိုက်တော့ ဝေယံကရှက်ရယ်ရယ်လေသည်။
အကျဉ်းရုံးလက်ထပ်ပွဲလေးဖြစ်သော်လည်း နှစ်ဖက်အသိုင်းအဝိုင်း၏မိတ်ဆွေများကြောင့် စည်ကားနေ၏။ ထိုပွဲကို ကူးနှင့်အတူခါးပါတက်လေသည်။ အစ်ကိုရဲ့မင်္ဂလာပွဲမှာတက်ကြွစွာ ကူညီဧည့်ခံပေးနေသည့် ကူးကို ခါးတစ်ယောက်ကတော့ ကြည့်မဝရှုမဝဖြစ်နေလေသည်။ ခါးတို့နှစ်ယောက်ကိုလည်း ကူးရဲ့မိဘတွေကသဘောတူလိုက်ပြီဖြစ်သည်။ ကူးအမေက စကားတော့သိပ်မပြောပေ။ မျက်နှာပူနေသည်ထင်၏။ ခါးမိဘတွေနှင့်ကူးမိဘတွေကလည်း စီးပွားဖက်တွေဖြစ်လာသည်။ခါးကလည်း ဒီနှစ်ဆယ်တန်းကိုအောင် အောင်ပြန်ဖြေဖို့ဆုံးဖြတ်ထားသည်။ နှစ်ယောက်စလုံးကျောင်းပြီးမှ လက်ထပ်ဖို့မိဘတွေကပြောသလို ကူးနှင့်ခါးကလည်းသဘောတူလက်ခံသည်။ ခါးအတွက်တော့ ကူးကအရာရာဖြစ်သည်မို့ သူမလေးရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးဖြစ်သည်။
နှစ်ဖက်မိဘသဘောတူညီမှုတွေဖြင့် သူမတို့နှစ်ဦးအတွက် အဆင်ပြေသော်လည်း တစ်ခါတလေပတ်ဝန်းကျင်၏ အံ့သြသလိုမျက်နှာထားနှင့် စောင်းမြှောင်းကဲ့ရဲ့မှုတို့ကိုတော့ ခံရသည်။ သို့သော်လည်း ခါး ဂရုမစိုက်ပါ။ ခါးဘက်မှာကူးတစ်ယောက်လုံးရှိနေတာနဲ့တင် အရာရာရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီးသားပင်။ ခါးရွေးချယ်ဖမ်းဆုပ်ခဲ့တဲ့ လက်ဖဝါးနုနုလေးဟာ ခါးကိုယုံယုံကြည်ကြည်နဲ့မလွတ်တမ်း ဆုပ်ကိုင်ထားမည့်လက်ကလေးပင်။
"မမ ဘာတွေထိုင်တွေးနေတာလဲ...."
ခါးကိုနောက်မှသိုင်းဖက်ရင်း မေးလာသည့် ကလေးငယ်။
သူမကိုဖက်ထားသည့် လက်ကလေးတွေပေါ် ထပ်မံဆုပ်ကိုင်လိုက်သည်။
"ကူးလေးနဲ့နီးရဖို့ပေါ့..."
"ဟင်..?အခုလည်း တစ်အိမ်တည်းနေနေတာပဲကို...."
ဟုတ်ပါသည်။ ခါးနှင့်ကူးဟာ ရန်ကုန်မှာဆိုရင် ကူးရဲ့အိမ်မှာနေပြီး မန္တလေးမှာဆိုရင်တော့ ခါးရဲ့အိမ်မှာနေကြသည်။ ဒါကိုပဲ ခါးကမကျေနပ်ချင်တာဖြစ်သည်။
"အခုက တကယ်နီးတယ်လို့မထင်ရဘူးလေ..."
"မမစကားကအဆန်းပါလား..."
"ဟုတ်တယ်လေ မမက ကူးနဲ့နှစ်ယောက်တည်းသီးသန့်နေချင်တာ ပြီးတော့...."
ခါးကစကားကိုရပ်လိုက်ပြီး ကူးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ခန္ဓာကိုယ်ကိုလှည့်လိုက်သည်။ ထို့နောက် ကူးရဲ့ကလေးဆန်ဆန်မျက်နှာလေးကို တမေ့တမောငေးနေသေး၏။
"ပြီးတော့ ဘာဖြစ်လဲမမ..."
သိချင်စိတ်လေးဖြင့်မေးလိုက်သည့်ကူး။
"ပြီးတော့ ကူးနဲ့စေ့စပ်ထားချင်တယ်..."
ထိုသို့ပြောလိုက်တော့ ကူးရဲ့မျက်လုံးလေးဝိုင်းစက်သွားရသည်။
"မမကလည်း..."
ရှက်အမ်းအမ်းမျက်နှာလေးဖြင့် အထွန့်တက်ချင်နေသည့် သူ့ရှေ့ကကလေးမလေး၏ ပါးပြင်မို့မို့လေးကိုဖျတ်ခနဲ့ ငုံ့နမ်းလိုက်တော့ ပန်းနုရောင်ပြေးသွားသည့် ပါးပြင်လေးဖြစ်ပေါ်လာသည်။
"မမကလည်းလုပ်မနေနဲ့ နှစ်ယောက်လုံးပဲကျောင်းပြီးနေပြီ မမကဘယ်ချိန်ထိဆက်စောင့်နေရမှာလည်း ဒါတောင်နော် စေ့စပ်ခွင့်လေးတောင်းတာ တကယ်ဆိုလက်ထပ်ခွင့်ပါတောင်းချင်တာ ခင်ဗျားလေးက အလုပ်အတည်တကျတွေဘာတွေပြောနေတာကြောင့်..."
ခါးကအဖေ့လုပ်ငန်းအကြောင်းတွေကိုလေ့လာနေစဲဖြစ်သလို ကူးကလည်းသူဝါသနာပါရာစီးပွားရေးလုပ်ငန်းတစ်ခုကို လေ့လာနေစဲဖြစ်သည်။
ဆူပုတ်ပုတ်မျက်နှာထားလေးဖြင့်ပြောနေသည့်မမက ကူးအတွက်တော့ရှားပါးရတနာလေးပင်။ မမရဲ့ရှားပါးသည့် ကလေးဆန်သောအမူအရာလေးက ကူးအတွက်နှလုံးအိမ်ထဲမှာ ထာဝရသိမ်းဆည်းချင်စရာ မှော်ဝင်ပန်းချီလေးပင်။
"အဲ့ပြုံးစိစိမျက်နှာထားလေးနဲ့ဘယ်ချိန်ထိနေမှာလည်း တမင်အသည်းယားအောင်လုပ်နေတာလားကွာ..."
ကူးကိုအသည်းယားပြီး ပါးလေးကိုဖွဖွလေးဖဲ့တော့ ကူးဆီကချိုမြမြရယ်သံလေးတွေထွက်လာသည်။
"ခစ်ခစ်...Okလေ..."
"ဘာကို အိုကေလဲ..."
"မမရဲ့ဆန္ဒ မမရဲ့သဘောကိုခွင့်ပြုတယ်Okပါလို့ပြောတာလေ..."
"တကယ်..."
လင်းလက်တောက်ပသွားသည့် မမရဲ့အပြုံးမျက်ဝန်းတွေက...ကူးနှစ်ခြိုက်သဘောကျရသည့် မမရဲ့အစိတ်အပိုင်းများစွာထဲက တစ်ခုပင်။
"တကယ်ပါဆို..."
"မမအကြံတစ်ခုရပြီ...."
မမရဲ့ ပြုံးစစအပြောလေးကြောင့် ကူးစိတ်ဝင်စားသွားသည်။
"ဘာလဲဟင်...."
"ကူးနဲ့မမခိုးပြေးရအောင်..."
"ဟမ်..!!?"
ကူးကအံ့သြသွားသည်။ တစ်ခါတလေကျတော့ မမကထိုသို့ရှာရှာပေါက်ပေါက်တွေးတတ်သူပင်။
"ခစ်ခစ် ခစ်...မမရယ် အားလုံးကသဘောတူနေတာကို ဘာလို့ခိုးပြေးမှာလည်း..."
ကူးကသဘောတကျလေးရယ်မောရင်းပြောလေသည်။
"မမပြောတယ်လေ ကူးနဲ့နှစ်ယောက်တည်းသီးသန့်ကမ္ဘာလေးမှာနေချင်တယ်လို့ အဲ့ဒါကြောင့် ခိုးပြေးကြမယ်လေ... "
တက်ကြွနေသည့် သူ့ရဲ့မမပါလေ။ ဆိုးတော့မဆိုးပါဘူး ရင်ခုန်ဖို့တော့ကောင်းမှာပဲ။ဒါကြောင့် ကူးသဘောတူဖို့ဆုံးဖြတ်လိုက်သည်။
"ဟုတ် ခိုးပြေးကြတာပေါ့..."
"Yess!!.."
"မေမေတို့အရမ်းကြီးစိတ်မပူအောင် စာတော့ချန်ခဲ့ရမယ်..."
လူကြီးလေးလိုတွေးဆဆလေးပြောနေသည့် ကူးကို အာခံတွင်းထဲငုံထားချင်လောက်အောင်ကို အသည်းယားနေသည့်ခါး။
"အမယ်လေး မမရဲ့လူကြီးလေး ချစ်လိုက်တာမှအရမ်းပဲ မွ မွ မွ..."
ကူးတစ်ကိုယ်လုံးကိုသိမ်းကျုံးပွေ့ဖက်ပြီး မျက်နှာတစ်ပြင်လုံးနေရာလွတ်မကျန်အောင် အနမ်းတွေပေးနေသည်။
"မမ....ခြံထဲမှာလေ..."
ခါးကိုကြည်နူးရိပ်ပြည့်သောမျက်ဝန်းလေးတွေဖြင့် မျက်စောင်းခဲလေသည်။ ထိုအခါမှနမ်းတာရပ်လိုက်သည့်ခါးက ကူးရဲ့ခန္ဓာကိုယ်လေးကိုတော့ မလွှတ်တမ်းပွေ့ဖက်ထားမြဲပင်ဖြစ်သည်။
အချစ်နှင့်အမျှငြိမ်းချမ်းသည့် သူမတို့နှစ်ဦးသား၏ ကမ္ဘာသည် ထာဝရပျော်ရွှင်ဖွယ်အတိဖြစ်နေလိမ့်မည်။
                        🌹🌹🌹🌹

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now