Part20

1.7K 63 0
                                    

"တကယ်ပြောတာလားဟင်...အဖေ့ ကျွန်တော့်ကိုကူးနဲ့ သဘောတူတယ်ပေါ့ ကျွန်တော့်ဖြစ်တည်မှုလက်ခံပေးနိုင်တယ်ပေါ့..."
ဝမ်းသာအားရပြောနေသော ခါးရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေတွဲခိုနေသည်။ ဘေးနားက ဒေါ်သက်မာက ခါးရဲ့ပခုံးလေးတစ်ဖက်ပေါ် လက်လေးဖြင့်အသာပုတ်လိုက်ကာ
"သမီးကြားရတဲ့စကားတွေက အမှန်တွေပါ သမီးယုံယုံကြည်ကြည်နဲ့ပျော်လို့ရပါတယ်...."
အမေ့စကားအဆုံးမှာတော့  ခါး အဖ့ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး အမေ့ရဲ့လက်ကလေးဆုပ်ကိုင်ပြီး ငိုနေမိပါတော့သည်။ပါးစပ်မှလည်း"ကျေးဇူးတင်ပါတယ်.."ဟု တုန်ရီစွာပြောနေမိသည်။
🕊🕊🕊🕊🕊
"ဘာမှမဟုတ်ဘဲ သမီးလေးအနေကြပ်အောင်ကွာ သူကခုမှကလေးရှိပါသေးတယ် လွတ်လွတ်လပ်လပ်ပေးနေလိုက်ပါ...."
ထမင်းစားရင်း ဇနီးဖြစ်သူအားပြောလိုက်သည့် ဦးခန့်မောင်။ ဒေါ်သီသီချိုရဲ့မျက်နှာကတော့ စိတ်ရှုပ်ထွေးမှုတွေအထင်းသား ပေါ်လျှက်။ အဖေဖြစ်သူကို စစ်ကူတောင်းထားသည့် ကူးကတော့ အမေဖြစ်သူထံမှ အဖြေကိုမျှော်လင့်လျှက်ရှိသည်။ သုံးယောက်လုံးအတွက် ထမင်းစားခြင်းအလုပ်က ဟန်ပြသပ်သပ်သာဖြစ်နေသည်။
"ထမင်းစားမှာသာစားပါ ကျွန်မဆီက ဘာမှမျှော်လင့်မနေနဲ့..."
တိုတိုပြက်ပြက်ပြောကာ ထမင်းဆက်စားနေသည့် ဒေါ်သီသီချိုအား ကူးနဲ့ဦးခန့်မောင်က နားမလည်နိုင်ဖြစ်နေသည်။
"အဲ့လိုတော့မဟုတ်သေးဘူးလေကွာ မင်းကြည့်ရတာ တစ်ခုခုကိုအလိုမကျနေသလိုပဲ သမီးလေးကြောင့်လား  သမီးလေးကြောင့်ဆိုလည်းပြောလေ မင်းပြောမှသိမှာပေါ့ ကလေးကို...."
"သူဘာလုပ်ထားလဲရှင်မသိဘူး....."
ဒေါ်သီသီချိုရဲ့ အသံကပုံမှန်ထက် ကျယ်လောင်နေသည်။ ကူးကဘာမှနားမလည်နိုင်ဖြစ်နေသည်။
ငါဘာများအမှားလုပ်မိလို့လဲ။ ကူးအပေါ်အခုလို မေမေတစ်ခါမှမပြုမှုဖူးတာကြောင့် ကူးဝမ်းနည်းစိတ်လေးဝင်နေမိသည်။
"မသိလို့မေးနေတာလေ..."
"သူ...သူက မိန်းကလေးချင်းကြိုက်နေတာ....အီး ဟီး ဟီး ရှင်သိလား အဲ့ဒါတွေ မန္တလေးက မုန်းခါး ဆိုတဲ့ကောင်မလေးနဲ့တဲ့ အင့် ဟင့်..."
ဒေါ်သီသီချိုရဲ့ မျက်ရည်တွေနှင်ပြောတဲ့စကားကြောင့် ကူးရင်ထဲမှာ မုန်တိုင်းထန်နေတော့သည်။ မေမေဘယ်လိုလုပ်သိသွားတာလဲ။
ကြက်သေသေနေသည့် သမီးဖြစ်သူကိုတစ်လှည့် မျက်ရည်တွေနှင့်ယူကျုံးမရဖြစ်နေသည့် ဇနီးကိုတစ်လှည့် ကြည့်ရင်း ဦးခန့်မောင်လည်း အံ့သြနေတော့သည်။
"သမီး သမီးအမေပြောနေတာတွေက...."
ဦးခန့်မောင်စကားမဆုံးခင်မှာပဲ ကူး ထိုင်ခုံပေါ်မှဆင်းကာ လက်အုပ်လေးချီထားရင်း ငိုနေတော့သည်။
"သမီးတောင်းပန်ပါတယ် အဖေနဲ့အမေရယ် သမီးတို့ချစ်ခြင်းကို မခွဲပါနဲ့နော် အီး ဟီး ဟီး ..."
မိဘနှစ်ပါးကို ကန်တော့ရင်းငိုနေသည့် ကူးကိုကြည့်ပြီး ဦးခန့်မောင်ကတော့ သမီးဖြစ်သူကိုသနားနေမိသည်။
မန္တလေးကပြန်လာကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်သလိုဖြစ်နေသည့် သမီးကို သူသတိထားမိနေတာကြာပြီ။ သူ့ထက်တောင်မှ သမီးကိုအလိုလိုက်ပြီး အချစ်ပိုတတ်တဲ့ ဇနီးဖြစ်သူ၏ ပြောင်းလဲမှုကိုလည်းရိပ်စားမိသည်။ သို့သော်လည်း အခုလိုဖြစ်နေမည်လို့ ထင်မထားပေ။ တစ်ဦးတည်းသာရှိတဲ့သမီးလေးအတွက် သူတို့ရင်ကွဲမယ်ဆိုကွဲသင့်ပါသည်လေ။ တစ်ဖက်ကကြည့်ပြန်ရင်လည်း သမီးရဲ့ပျော်ရွှင်မှုမဟုတ်လား။
"ဘာအတွက်ကြောင့်မှ ငါသဘောမတူနိုင်ဘူး..."
မျက်ရည်တွေကိုသုတ်ပြီးပြောလိုက်သည့် ဒေါ်သီသီချို့စကားက ပြက်သားစွာပင်။ ကူးရဲ့အလန့်တကြားမျက်နှာ တောင်းပန်တိုးလျှိုသည့်အကြည့် အားလုံးကို တစ်စက်မှငဲ့မကြည့်သည့် ဒေါ်သီသီချိုဟာ သူ့သမီးကို သူသနားမိမှာစိုးရိမ်နေသည့်အလား။
"မေမေရယ် သမီးတို့ကတကယ်ချစ်တာပါ..."
"တော်စမ်းပါ အနေနီးလို့သံယောဇဉ်ဖြစ်တာကို နင်ရူးတိရူးကြောင်တွေတွေးမနေစမ်းပါနဲ့ မိစန္ဒကူး ကြာရင်နင်သူ့ကိုမေ့သွားလိမ့်မယ်..."
နင် ဆိုတဲ့နာမ်စားကို ကူးအတွက်တစ်ခါမှမသုံးဖူးသည့် မေမေကအခုတော့လည်း ရက်စက်စွာ။ ရင်ထဲကအောင့်တက်လာတဲ့နာကြင်မှုကြောင့် ကူးရင်ဘတ်လေးကိုလက်နဲ့ဖိထားမိသည်။ မျက်ရည်တွေကတော့ အတားအဆီးမဲ့စွာ ပြေးဆင်းနေလျှက်။
"မဟုတ်ဘူးမေမေ သမီး မမကိုတကယ်ချစ်တာ ဘယ်တော့မှမေ့သွားမှာလဲမဟုတ်ဘူး..."
သားအမိနှစ်ယောက်ရဲ့ အချီအတင်စကားဝိုင်းမှာ ဆွံ့အတိတ်ဆိတ်နေသူက ဦးခန့်မောင်။ သူ့အတွက်တောင် ဝေခွဲရခက်နေတာ သူ့ဇနီးအတွက်ဆိုဘယ်လောက်ခက်ခဲမလဲ။ နောက်ပြီးတော့ သမီးရဲ့မျက်ရည်တွေက မိဘတွေကိုပူလောင်နာကျင်စေတာအမှန်ပင်။
"ဒီကိစ္စကို အေးဆေးထပ်စဉ်းစားပြီး နောက်ရက်မှဆွေးနွေးကြပါ သမီး သွားနားလိုက်တော့သွား.."
"ဘာမှစဉ်းစားစရာမလိုဘူး ကျွန်မရဲ့အဖြေကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး...မုန်းခါးဆိုတာကလည်း နင့်ဆီကအကူအညီရနေလို့ကပ်နေတယ်ဆိုတာ သိလား နင်ကသူ့ထက်ချမ်းသာနေလို့ ဟွန့် ရယ်စရာကောင်းလိုက်တာ မိန်းမချင်းချစ်တာဟုတ်လား..."
သူများဆီကမဟုတ်ဘဲ မေမေ့ဆီကလှောင်ရိပ်သန်းတဲ့စကားတွေက ကူးရင်ကိုအတိုင်းအဆမဲ့နာကြင်စေသည်။ မမကအဲ့လိုမဟုတ်ပါဘူးမေမေရယ်။ မမက ကူးကိုတကယ်ချစ်တာပါ။နောက်ပြီး မိန်းကလေးချင်းချစ်မိတာအပြစ်တစ်ခုလားမေမေရယ်..။
ကူး ရင်ထဲမှာသာ စကားတွေပြောနေသော်လည်း နှုတ်ခမ်းတွေကတော့ဆွံ့အတုံရီနေသည်။ ဘယ်လောက်အချိန်ထိ ငိုမိသည်မသိ။ ဖေဖေ ကူးဘေးမှာလာထိုင်ပြီး ကူးရဲ့ကျောလေးကိုတယုတယသပ်ပေးမှ မော့ကြည့်မိသည်။ မေမေကတော့ထမင်းစားခန်းထဲမှာမရှိတော့ပေ။
"သမီးမေမေကို စဉ်းစားချိန်ထပ်ပေးလိုက်ပါ သူလည်းဘယ်ဖြေနိုင်လိမ့်မလဲ သမီးကနားလည်ပေးလိုက်ပါ နောက်ပြီး သမီးဘက်မှာဖေဖေရှိပါတယ်..."
"အီး ဟီး ဟီး ဖေဖေ..."
ကူး ကလေးငယ်လေးတစ်ယောက်လို ဖေဖေ့ရင်ခွင်ထဲမျက်နှာအပ်ကာငိုနေတော့သည်။
"အရာရာအဆင်ပြေသွားမှာပါကွယ်... "
သမီးကျောလေးကိုပုတ်ရင်း နှစ်သိမ့်နေသည့် ဦးခန့်မောင်ရဲ့ရင်ထဲမှာလည်း ပူလောင်ရှုပ်ထွေးနေသည်။
သူ့မိန်းမပြောသလို သမီးလေးက အနေနီးလို့သံယောဇဉ်တွယ်ရုံသပ်သပ်လား။ ဒီအခြေအနေဒီပုံစံဟာ သမီးလေးရင်ထဲက မေတ္တာအတိမ်အနက်ကို သေချာမြင်နိုင်လေသည်။ သမီးကအဲ့ကောင်မလေးကို တကယ်ချစ်နေတာ။ ဒါဆိုဟိုကောင်မလေးကရော သူ့မိန်းမပြောသလို သမီးရဲ့ချမ်းသာမှုကြောင့်လား လိုတာရှိနေလို့လား။
ဟူး....။သမီးရော မိန်းမရောက ခေါင်းမာသည့်စရိုက် တူတာကြောင့်ဦးခန့်မောင်ရဲ့ မနက်ဖြန်တွေဟာ အာပေါက်ဖို့သာရှိနေတော့သည်။
🥀🥀🥀🥀🥀🥀
"ရှေ့တစ်ပက်ထဲမှာ ငါနဲ့အစ်ကိုရဲ့မင်္ဂလာဆောင်ရှိတယ်..."
"•••••••••"
ဘာမှပြန်မဖြေပဲ သူ့ဘေးမှာ အသက်မဲ့သလိုထိုင်နေသည့်ခါးကြောင့်
"ဟဲ့ ငါပြောနေတာကြားလား.."အနားကပ်ပြီးအသံခပ်ကျယ်ကျယ်အော်လိုက်တော့မှ မယ်မင်းကြီးမလေးက ရန်နိုင့်မျက်နှာကိုကြည့်သည်။
"ဘာလဲဟာ ဘေးကနေပွစိပွစိနဲ့..."
သူ့ကိုစိတ်မရှည်သည့်ပုံစံနဲ့ငြီးညူတာတောင် စိတ်ပျက်လက်ပျက်အားမပါသည့်ပုံစံ။ ဒီကလေးမ စန္ဒကူးဒီမှာမရှိတော့ကတည်းက တမှိုင်မှိုင်တထွေထွေနဲ့ စာတွေအတင်းကုန်းရုန်းပြီးလုပ်ရင်လုပ် ဒါမှမဟုတ်ပဲ အားနေတာနဲ့ လွမ်းသလိုဆွေးသလိုမျက်နှာသေနဲ့ဖြစ်နေတော့သည်။ ထူးဆန်းလေဆွ။
"နင် စန္ဒကူးကိုလွမ်းနေတာလား..."
အဆဲတောင်းသည့်အနေဖြင့် အတည်ပေါက်မေးလိုက်တော့ အရင်ကလိုစူးရှမနေတော့သည့် အရောင်မှိန်မှိန်မျက်ဝန်းတွေနှင့် ရန်နိုင့်ကိုတစ်ချက်ကြည့်သည်။ ပြီးမှ ရန်နိုင့်ဆီကအကြည့်လွှဲကာ တစ်နေရာရာသို့ငေးမောနေ၏။ ခဏကြာမှ
"လွမ်းတာပေါ့ဟာ...."ဟုဆွေးမြေ့မြေ့ပြောလာသည်။ ခါးပုံစံနဲ့ခါးအပြောကြားမှ ရန်နိုင်တောင်စန္ဒကူးကို သတိရသလိုလို တမ်းတသယောင်ယောင်ဖြစ်လာသည်။
"အေးပေါ့ဟာ သူဒီမှာရှိတဲ့အတောအတွင်းငါတို့နဲ့ပဲ အပေါင်းအသင်းလုပ်ခဲ့တာကိုး..."
ရန်နိုင်က သူထင်သလို(ခါးကကူးကိုချစ်နေတာ)မဖြစ်နိုင်ဘူးလို့ တထစ်ချယုံကြည်ပြီး ကိုထင်ရာပြောလိုက်သည်။ ထို့နောက် ကူးရှိစဉ်က အမှတ်တရတွေကို ရယ်ရယ်မောမောပြန်ပြောနေသည့် ရန်နိုင့်ကြောင့် ငိုချင်ရက်လက်တို့ ဖြစ်နေသည့်ခါးရင်ထဲ အလွမ်းစိတ်ကပိုပြင်းထန်လာရသည်။
ကြာရင်ဒီကောင့်ရှေ့မှာငိုမိတော့မှာပဲ။
"နင်စောစောကပြောတာဘာလဲ...."
ကူးအကြောင်းတွေကို တသီတတန်းပြောနေသည့် ရန်နိင်အားစကားလမ်းကြောင်းလွှဲလိုက်သည်။
"ဪ ငါနဲ့အစ်ကိုဝေယံရဲ့လက်ထပ်ပွဲကိုပြောတာ နင်လာရမယ်နော် ငါရဲ့အရင်းအနှီးဆုံးသူငယ်ချင်းလေးကို ငါကပန်းကြဲနေရာကထားမှာ..."
သူတို့အတွက်ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်ကိုတွေးပြီး ပျော်နေသည့်ရန်နိုင်။
တစ်ဖက်မှာတော့ ချစ်သူနှင်ကွေကွင်းရခြင်းဒုက္ခကိုအပြည့်အဝခံစားနေရသည့် ခါး။
"အင်း ငါလာမှာပေါ့ဟာ..."
အားမပါလှသည့်စကားသံ။ တကယ်ဆိုရင် သူမဘယ်မှမသွားလိုပေ။ကူးနဲ့စတင်ဆြံတွေ့ခဲ့ရသည့် ဒီရပ်ဝန်းမှာ သူမနဲ့ကူးရဲ့အမှတ်တရတွေ ခြေရာတွေထင်ဟပ်နေဆဲ။ဒါတွေကိုကြည့်ပြီး လွမ်းမောရတာ  နွေရာသီပန်းချီကားတစ်ချပ်လိုပဲ လစ်ဟာနေမှုနဲ့ပြီးပြည့်စုံမှုတွေယှက်ဖြာလျှက်။ သူမရှိခဲ့ဖူးတဲ့အရပ်လေးမှာ သူအလွမ်းတွေနဲ့ပျော်မွေ့နေမိသည်။ အဆက်အသွယ်ဖြတ်ခဲ့တဲ့သူမလေးကတော့ သူမရှိတဲ့အရပ်မှာ...။
"ဟင်!! ကူးကဒီမှာမရှိတော့ဘူး...."
"ဘာလဲဟ.."
အခုမှအိပ်ယာနိုးသူပမာ အလန့်တကြားရေရွှတ်ပြီး မတ်တပ်ရပ်လိုက်သည့် ခါးကြောင့် ရန်နိူင်လဲကြောင်တောင်တောင်နှင့်လိုက်ရပ်ရသည်။
"ကူး ဒီမှာမရှိဘူး..."
"ဟာ အရူးလိုလိုဘာလိုလိုနဲ့ ကူးဒီမှာမရှိဘူး ရန်ကုန်မှာလေဟာ စောစောကပဲအဲ့အကြောင်းပြောနေတာကို..:"
ရန်နိုင့်အပြောကြောင့် ခါးမျက်ဝန်းတွေအရောင်လက်လာသည်။
"ဖျောက်..!"
ခါးကလက်ဖျောက်တစ်လျက်တီးလိုက်ကာ
"နင်တို့မင်္ဂလာပွဲက ဘယ်မှာလုပ်မှာ..."
"ရန်ကုန်မှာလေ...ရန်ကုန်..ဆိုတော့ ကူးကလည်းအဲ့ရောက်နေတာပဲ ဟာ ...ငါက ကူးအစ်ကိုနဲ့လက်ထပ်မှာပဲကို ဟုတ်သားပဲ ငါမင်္ဂလာဆောင်ကိုလာရင်း ကူးနဲ့တွေ့လို့ရနေတာကို ဟား ဟား"
ရန်နိုင်ကတော့ သူ့ရဲ့အူကြောင်ကြားနိုင်မှုကိုရယ်နေတော့သည်။ ခါးရဲ့နှုတ်ခမ်းမှာလဲအပြုံးတို့က ဖိတ်စင်လျှက်။
စာမလာအကြောင်းမကြားပဲ ခြေရာဖျောက်သွားတဲ့ကောင်မလေးကို အပြစ်ပေးရမယ်...သူမလေးအတွက်အပြစ်က သူ့ရဲ့တမ်းတမ်းတတအနမ်းတွေဖြစ်နေလိမ့်မည်လား...:။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now