Part13

1.7K 61 0
                                    

ခါး အိမ်ထဲသို့ဝင်ရန်တွန့်ဆုတ်နေမိသည်။ ခါး ဘာအမှားမှမလုပ်တာပဲ ဟုသာ အားတင်းလိုက်ရသည်။
ကုပ်ချောင်းချောင်းနှင့် အိမ်ထဲသို့ဝင်လာသည့် ခါး ခြေလှမ်းတွေက ဧည့်ခန်းထဲတွင် ခါးကိုထိုင်စောင့်နေဟန်ရှိသော အဖေ့ကြောင့် ရပ်တန့်သွားသည်။ ခါးကိုမြင်တော့ ကြည့်လက်စသတင်းစာကိုပိတ်ပစ်သည့် အဖေ။
"ခါး လာဦး...."
ခါး အဖေနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ အဖေဒီနေ့ရုံးမသွားဘူးလား။ အိမ်နေရင်းအဝတ်အစားဖြစ်နေသော အဖေ့ကို ခါးမသိမသာအကဲခတ်လိုက်မိသည်။
"သမီးဘာကြောင့် ဆယ်တန်းပြန်ဖြေချင်ရတာလဲ...."
ခါးဆီသို့တန်းတန်းမတ်မတ်ရောက်လာသည့် မေးခွန်းကြောင့် ခါးမတ်သွားသည်။ အဖေ့ဆီက "သမီး"ဟူသည့်အသုံးအနှုန်းကို ခုမှကြားဖူးသည်မို့ ခါးရင်ထဲမှာ ဝမ်းသာကြည်နူးမှုလေးဖြစ်သွားသည်။
"ကျွန်တော် အဖေ့လုပ်ငန်းတွေမှာဝင်ကူချင်လို့ပါ....နောက်ပြီး ကျွန်တော်လူဝင်ဆန့်ချင်တယ် လူအထင်ကြီးခံချင်တာမဟုတ်ပေမယ့် ဆယ်တန်းမအောင်ဘူးဆိုတာနဲ့ နှာခေါင်းရှုံချင်တဲ့ ပတ်ဝန်းကျင်ကိုမုန်းတယ် ဒါ့ကြောင့် ကျွန်တော်ကြိုးစားချင်တယ် အဖေ...."
ခါးရဲ့တောင်းပန်တိုးလျှိုသည့်အသံက ဦးကျော်အောင်အား စကားလုံးတွေပျောက်ရှစေသည်။
"အင်း ခါး ပြောတာသဘာဝကျပါတယ်..."
သမီးဖြစ်သွားလိုက် ခါးဖြစ်သွားလိုက်နှင့် ဦးကျော်အောင်၏ စိတ်မတည်ငြိမ်မှုကသိသာနေသည်။ မျက်နှာကတော့ ပုံမှန်အတိုင်းခပ်မာမာပင်။
"သမီးပြောတာ သဘာဝကျပေမယ့် လက်တွေ့သိပ်မဆန်ဘူး ဘာလို့ဆို သမီးကျောင်းစာတွေနဲ့ဝေးနေတာ ဘယ်လောက်ကြာပြီလဲ..."
"ကျွန်တော့်မှာ ထက်သန်တဲ့ကြိုးစားချင်စိတ်ရှိပါတယ်အဖေ..."
တက်ကြွစွာပြန်ဖြေလိုက်သည့် ခါးရဲ့အဖြေကြောင့် သူ့သမီးစိတ်ဆုံးဖြတ်ထားပြီဆိုတာ ဦးကျော်အောင်သိလိုက်ရသည်။ ဘာလို့ဆို ခါးကဆုံးဖြတ်ချက်ချပြီးရင်ပြန်မပြင်တတ်တာကြောင့်ပင်။ ဘယ်လိုပဲတားတား မရတော့ဘူးဆိုတာကိုလည်း ဦးကျော်အောင်သိသည်။
"အဖေ ကျွန်တော့်ကိုခွင့်ပြုပေးပါနော် ဘယ်တုန်းကမှ ဘာတစ်ခုမှ ကျွန်တော်မတောင်းဆိုခဲ့ဖူးပါဘူး ဒီတစ်ခုပဲ ကျွန်တော့်ကိုခွင့်ပြုပေးပါ...."
"ဟင်း....."
ဦးကျော်အောင် သက်ပြင်းလေးကြီးတစ်ချက်ချလိုက်သည်။ လူရည်လည်ပြီး လူရာဝင် လူတောတိုးနိုင်မှာဆိုးတာနဲ့ သူတို့ဆက်မထားခဲ့သည့် ကျောင်းပညာရေး။ ခုတော့ သူကသူ့နည်းသူ့ဟန်နဲ့ ရအောင်တတ်နေပြီ။ ငယ်စဉ်ကတည်းက ဥာဏ်ရည်ထက်မြတ်ပြီး စူးစမ်းလေ့လာလိုစိတ်ရှိတဲ့ကလေး။ ဒီလိုကလေးမျိုးကိုတောင် ဆယ်တန်း၂နှစ်ကျအောင်လုပ်နိုင်တဲ့ သူတို့လင်မယားနှစ်ယောက်ပါလေ။ ခါး စာကျတ်ချိန်တိုင်း လင်မယားနှစ်ယောက်ရန်ဖြစ်ဟန်ဆောင်ကြ၊ ဟိုဟာထုခွဲ သည်ဟာရိုက်ခွဲလုပ်ပြ။သူက မူးပြီးရမ်းရင် မိန်းမကဖဲရှုံးလို့သောင်းကျန်း။ ဒီတော့ ဘယ်လောက်ဥာဏ်ကောင်းကောင်း စာကိုအာရုံမစိုက်နိုင်တော့ စာမေးပွဲတွေကျရော။ ခါးကို ဤသို့ဤနှယ် နှောင့်ယှက်ပြီးကတည်းက သက်မာနှင့်အမှန်တကယ်ပင် ရန်တွေဖြစ်ကြရသည်။ လင်မယားနှစ်ယောက်စလုံး အလောင်းကစားဖက်တော့ ရှိသမျှစည်းစိမ်က တစ်နေ့တခြားကုန်လာသည်။ ခါး ကျောင်းတတ်နေစဉ်က စီးပွားရေးကောင်းသေးသည်။ သို့သော်လည်း သူမလေးကိုနှောင့်ယှက်ဖို့ မပြေလည်ဟန်ဆောင်ကြ မပြေလည်ဘူးပြောကြနှင့် နောက်ပိုင်း ခါးလည်းစာမေးပွဲမဖြေတော့ရော အိမ်စီးပွားရေးက တန်းကျလိုက်လာသည်။ ကိုယ့်ဝစီတွေ ကိုယ်ပြန်ထိနေတာလို့ သူကညည်းတွားမိတိုင်း သက်မာက ခေါင်းခါလက်ခါ၍ မဟုတ်ဘူးဟုသာပြောသည်။
ဒီကောင်မလေးကိုက ဘုန်းကံကြီးမားနေသလားမပြောတတ်ပေ။ မုန်းခါးအကြောင်းနဲ့ သူတို့လုပ်ရပ်တွေပြန်တွေးမိတိုင်း ဦးကျော်အောင်တစ်ယောက် ရင်ထဲပူလောင်ရသည့်အပြင် အပြစ်မကင်းသလိုလည်းခံစားရသည်။ တစ်ခါတရံ " လောဘဆိုတာကြောက်စရာကောင်းပါလား "ဟူ၍လည်း သံဝေဂရမိသည်။ မုန်းခါးကို အမှန်တရားတွေပြောပြချင်စိတ်လည်းဖြစ်မိသည်။ သို့သော်လည်း သေးသေးကွေးကွေးအပြစ်မဟုတ်လေတော့ ဝန်ခံဖိုဆိုတာအခက်သား။
"အဖေ....အဖေ့..."
"ဟင် ဟေ...အင်း ဘာလဲ..."
အယောင်ယောင်အမှားမှားနှင့် ထိတ်ထိတ်ပျာပျာဖြစ်သွားသည့် ဦးကျော်အောင်။ နာရီဝက်လောက်ထိ ဘာစကားမှမပြောဘဲ ထိုင်နေသည့် အဖေ့ကို ခါးကြည့်နေမိသည်။ တစ်ခုခုကိုလေးလေးနက်နက် စဉ်းစားနေဟန်ရှိသည်။
"အင်း ငါပြောချင်တာက နင်စာမေးပွဲဖြေမှာဆိုလည်း ဖြေပေါ့ ဒါပေမယ့် နင်ငါ့အလုပ်တွေမှာဝင်ကူစရာမလို့ဘူး..."
နင်တွေငါတွေသုံးနေချိန်တွေဟာ အဖေ ခါးကိုအမြင်မကြည်၍ပင်။ ခါးရဲ့အပြစ်က အရမ်းကြီးနေလားအဖေရယ်။
"နောက်ပြီး ငါမေးစရာရှိတယ် နင်အမှန်တိုင်းဖြေနော်...."
"ဟုတ်...."
"ငါ့စာကြည့်ခန်းထဲဝင်ပြီး ဖိုင်ထားတာ နင်လား..."
"ဟုတ်...."
"အဲ့စာပွဲပေါ်က Diaryစာအုပ်ကို နင်ယူဖတ်လိုက်သေးလား...."
ဦးကျော်အောင်က ခါးရဲ့မျက်လုံးတွေကိုစစ်ဆေးသလိုကြည့်နေသည်။
အဖေ့ပုံစံကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေပုံပင်။ ခါးဘာမှစပ်စပ်စုစုမလုပ်ခဲ့ပေမယ့် မတော်တဆ ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်မိတယ်ဆိုတာကို ပြောပြရင် အဖေစိတ်ဆိုးလေမလား။
"ကျွန်တော်..... ကျွန်တော် ဓာတ်ပုံတစ်ပုံကိုတော့ ကြည့်လိုက်မိပါတယ် .."
"ဘာ...!!"
"ဟို အဲ့ဒါကလည်း ကျွန်တော်တမင်စပ်စုတာမဟုတ်ပါဘူး စာအုပ်ပြုတ်ကျပြီး ဓာတ်ပုံကထွက်လာတာနဲ့....ကြည့်လိုက်မိတာပါ...."
"ကျန်တာဘာမှမစပ်စုတာသေချာတယ်နော်..."
ဦးကျော်အောင်၏ စစ်ဆေးသလိုအမေးအား ခါး ခေါင်းငြိမ့်ပြလိုက်သည်။
ဦးကျော်အောင်မေးမှ ခါးပိုပြီးစိတ်ဝင်စားလာရသည်။ အဲ့စာအုပ်ထဲမှာဘာတွေပါနေလို့လဲ။ အဖေတို့ ငါ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ? အဲ့ဒီလျှို့ဝှက်ချက်တွေကို ငါရအောင်စုံစမ်းမှရတော့မယ်။
☸☸☸☸☸☸☸☸☸☸☸☸
"ခါး ငါနင့်ကို ဝန်ခံစရာရှိတယ်..."
စာလုပ်နေရင်းမှ ရန်နိုင်၏အပြောကြောင့် မျက်လုံးလေးဝင့်ကြည့်သည့်ခါး။
"ဘာလဲ...."
ရန်နိုင်တစ်ယောက် ခါးကို သူကlgbtတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရန်စကားအစရှာမရဖြစ်နေသည်။
"ဪ.....ပြောလေဟာ..."
စာလုပ်နေရင်းကနေ စိတ်မရှည်သလိုမေးလိုက်သည့် ခါး။
"နင်LGBTတွေကို ဘယ်လိုမြင်လဲဟင် "
"ဘယ်လိုမြင်ရမှာလဲ သူတို့လဲလူငါတို့လည်းလူ ဘာများကွာလို့လဲ..."
"အာ့ဆို နင်သူတို့ကို မရှုံ့ချဘူးပေါ့နော်..."
အားတက်သရောဖြစ်သွားသည့် ရန်နိုင်။
"အင်း လက်ခံလို့ရပါတယ်...."
လက်ခံလို့ရမှာပေါ့ ငါကိုယ်တိုင်ကLGBTလေ..။ထိုစကားကိုတော့ ခါး စိတ်ထဲမှာပဲပြောဖြစ်သည်။
"နင့်ကို ငါမပြောဘဲထားမိတာတစ်ခုက ငါ ငါကGayတစ်ယောက်ပါ..."
ရန်နိုင့်စကားကိုကြားတော့ ခါး ခဏအသံတိတ်သွားသည်။
"နင်ငါ့ကို စိတ်တော့မဆိုးပါဘူးနော်..."
ခါးက ရန်နိုင့်ကို ဆက်ခနဲမော့ကြည့်လိုက်တော့ ရန်နိုင်လန့်သွားသည်။ ခါးက စာလုပ်နေတာကိုရပ်လိုက်သည်။ ရန်နိုင့်မျက်နှာကိုသေချာကြည့်၍
"နင့်ကိုယ်နင်လက်ခံနိုင်လား...?"
ခါးရဲ့မေးခွန်းကို ရန်နိုင်ကခေါင်းညိမ့်ပြလိုက်သည်။
"အင်း ငါ့ကိုယ်ငါလက်ခံနိုင်တယ်..."
"ဒါဆိုပြီးပြီပဲ ဘယ်သူ့အမြင် ဘယ်သူ့အထင်ကိုမှ ဂရုစိုက်မနေနဲ့..."
"ပတ်ဝန်းကျင်ကိုတော့ ငါဂရုမစိုက်ပါဘူး ဒါမယ့် နင်ကငါ့သူငယ်ချင်းဆိုတော့ နင့်ကိုအသိပေးတာပါ..."
"ငါ့ကိုအသိပေးတာဆိုတော့ ငါကများlgbtကိုလက်မခံတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ နင့်ချစ်သူနဲ့ရော အဆက်အသွယ်ဖြတ်မှာတဲ့လား..."
"နင်ကလည်း ဒါတော့....အယ် နေပါဦး ငါ့မှာချစ်သူရှိတာနင်ဘယ်လိုလုပ်သိလဲ......"
"နင့်ချစ်သူက ကူးရဲ့အစ်ကိုဝေယံဆိုတာ ငါထပ်သိနေတယ်ဆိုရင်ရော...."
"နင် နင်အကြားအမြင်များ ရနေတာလားဟင်... "
ရန်နိုင်၏ အူကြောင်ကြားပုံစံကိုကြည့်ပြီး ခါး ရယ်နေရသည်။
"နင်တို့အကြည့်တွေက ဒီလောင်သိသာနေတာကိုး ဟား ဟား "
"အဲ့ဒါဆို အစကတည်းက နင်ကငါတို့နှစ်ယောက်ကို ရိပ်မိနေတာပေါ့..."
"အင်း ဆိုပါတော့...ဒါနဲ့ နင့်မိဘကရောသိလား လက်ခံလား "
"အင်း အားလုံးokမှာစိုပြေတယ် ငါ့မိဘတွေအဲ့လောက်အမြင်ကျယ်လိမ့်မယ်လို့ထင်မထားတာဟ ဟီး..."
"ပြောတော့မယ် ကိုယ့်မိဘကို..."
"မဟုတ်ပါဘူး ငါ့ကိုလက်ခံပေးကြလို့ပါ အစ်ကို့အမေကလည်းလက်ခံတယ်..."
"သူ့အဖေကရော..."
"အစ်ကိုက သူ့အဖေတော့ကြောက်ရတယ်ဟ သူ့အမေကိုစစ်ကူတောင်းပြီး သူ့အဖေကိုအသိပေးမှာတဲ့ အဆင်ပြေလောက်မှာပါ..."
ကောင်လေးရဲ့အဖေဖြစ်သူ လက်ခံ မခံ မသိရသေးတာကိုပင် ရန်နိုင့်မျက်လုံးတွေက အရောင်လက်နေသည်။
ရန်နိုင့်ရဲ့အဖြစ်အပျက်ကိုသိရပြီး ခါး သူမမိဘတွေနှင့် ကူးမိဘတွေကိုသတိရသွားသည်။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ခါး အိမ်သို့ပြန်အလာ ခြံရှေ့တွင် အဖွားကြီးတစ်ယောက်ရပ်နေတာတွေ့ရသည်မို့ ထိုအဖွားရဲ့အနားသို့ ခါး စက်ဘီးလေးတွန်းသွားလိုက်သည်။
"အဖြား အဖြား..."
လက်ထဲမှစာရွက်ဖြူဖြူလေးကိုကြည့်လိုက် ခါးတို့ခြံထဲကိုမော်ကြည့်လိုက်နှင့် တဘက်တစ်ထည်အားခေါင်းပေါင်းထားသည့် အဖွားတစ်ဦးကြည့်ရသည်မှာ နယ်မှတက်လာဟန်တူ၏။
"အဖွားဘယ်သူနဲ့တွေ့ချင်လို့လည်း..."
ခါးကထပ်မေးလိုက်တော့ ထိုအဖွားက ခါးကိုခေါင်းဆုံးခြေဆုံးကြည့်လေသည်။ ပြီးမှယုံကြည်စိတ်ချသွားဟန်ဖြင့်
"အဖွား ဒီလိပ်စာလေးကို ရှာနေတာပါကွယ် ..."
အဖွားက တုံချိချိဖြင့်သူ့လက်ထဲမှ စာရွက်လေးအားပေးသည်။ ခါး ယူကြည့်လိုက်တော့ ခါးတို့အိမ်လိပ်စာပင်။ ဒီအဖွားနဲ့ အဖေတို့နဲ့ဘယ်လိုပက်သက်နေတာပါလိမ့်။ မရှင်းရသေးသည့် ပဟေဠိတွေရှိနေသေးတော့ သိချင်စိတ်ကတန်းပေါ်လာသည်။
"အဖွားက ဘယ်သူ့ကိုလာရှာတာလဲ..."
"သူဌေးလေးမောင်ကျော်လင်းရဲ့ ညီ မောင်ကျော်အောင်ကိုပါကွယ်...."
"ဗျာ....."
အဖွားရဲ့စကားကြောင့် ခါးအံ့သြမှင်သက်သွားရသည်။ တစ်ပြိုင်နက်ထဲ စာကြည့်ခန်းထဲတွင် မတော်တဆတွေ့ခဲ့သည့် အဖေနှင့်တွဲရိုက်ထားသည့် ဦးလေးကြီး၏ သပ်ရပ်ခန့်ညားသည့် ရုပ်သွင်က မျက်လုံးထဲပေါ်လာသည်။
"အဖွားက အဖေနဲ့သိနေတာလား..."
ခါးရဲ့အမေးကို အဖွားကနားမလည်သလိုကြည့်နေတာကြောင့်
"အဖွားရှာနေတဲ့လိပ်စာက ဒီအိမ်ဟုတ်ပါတယ် နောက်ပြီး ကျွန်တော်ကဦးကျော်အောင်ရဲ့ သမီးပါ..."
ခါးရဲ့စကားကြားတော့ အဖွားအတော်အံသြသွားပုံရသည်။ ခါးမျက်နှာကို ထပ်ပြီးသေချာကြည့်လေသည်။
"တစ်ခုခုတော့လွဲနေပြီ..."
အဖွားရဲ့စကားကို ခါး နားမလည်နိုင်ဖြစ်နေသည်။ အိမ်ထဲက အဖေနဲ့အမေရဲ့ ပဟေဠိတွေကို ဒီအဖွားကဖြေရှင်းနိုင်လိမ့်မယ်။
ခါး စိတ်ထဲမှာ အားတက်သွားမိသည်။ ဘာလို့ဆို အဖေနဲ့အမေရဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်ရဖို့ သူ့အတွက်နည်းလမ်းကောင်းတွေ တွေ့လာနိုင်လို့ပင်။
"အဖွား ခဏလေးနော်..."
ခြံရှေ့မှာပဲစကားပြောနေကြသည်။ အိမ်မှာဒီအချိန်ဆို အဖေနဲ့အမေမရှိဘူးဆိုတာ ခါးသိသည်။ ခါး ရန်နိုင့်ဆီသို့ဖုန်းဆက်လိုက်ကာ ရန်နိုင့်အိမ်ကကားဖြင့် အဖွားကိုတစ်နေရာသို့ခေါ်ထုတ်လာခဲ့သည်။
အဖွား ဘာတွေသိနေတာလဲ...?

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now